Google Mapကနေတွေ့ရတဲ့ အငြင်းပွားစရာအရာ ၁၁ ခု
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။Google Mapကတော့ မြေပြင်ဆိုင်ရာအချက်အလက်တွေ ရှာဖွေတဲ့နေရာမှာ အရေးပါဆုံးအရာတစ်ခုပါ။ဒါပေမယ့် ကမ္ဘာ့မြေပုံအပေါ်ယံကို ရှာဖွေကြည့်တဲ့အခါမှာ သင်မထင်ထားတဲ့ ကို့ယို့ကားယားပုံတွေကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် စိတ်ကူးယဉ်ဆန်ပြီး စုံထောက်ညဉ်ရှိတယ်ဆိုရင်တော့ ဒါတွေကို ပျော်စရာအဖြစ် မြင်မိမှာပါ။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ Google Mapကနေတွေ့ရတဲ့ အငြင်းပွားစရာအရာ ၁၁ ခုကို ပြောပြပေးသွားပါမယ် ။
(၁) တောင်ပေါ်က ကိုကာကိုလာ တံဆိပ်ပုံ
ကမ္ဘာ့အကြီးဆုံး ကိုကာကိုလာလိုဂိုကို ချီလီနိုင်ငံ၊ Arica City အနီးရှိ တောင်ကုန်းစောင်းပေါ်မှာ တည်ဆောက်ထားပါတယ်။ လိုဂိုကို ၁၉၈၆ ခုနှစ်မှာ ကိုကာကိုလာရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ပြီး ပုလင်း အလွတ်၇၀,၀၀၀ ဖြင့် ဖွဲ့စည်းထားပါတယ်။
(၂)အန္တာတိက က လျှို့ဝှက်ဆန်းကြယ်တဲ့ ပိရမစ်
အန္တာတိကတိုက်ရဲ့ ဆီးနှင်းထဲမှာ ဝှက်ထားတဲ့ ဒီပိရမစ်ပုံသဏ္ဍာန် ဖွဲ့စည်းပုံက အခြားရှေးဟောင်းယဉ်ကျေးမှုရဲ့ အမွေအနှစ်ဖြစ်မဖြစ် ငြင်းခုံဆဲပါ။
(၃)မိုးမျှော်တိုက်တွေကြားက အပျော်စီးသင်္ဘော
ဒီပုံကိုမြင်ပြီးနောက် စိတ်ထဲပေါ်လာသည့် ပထမဆုံး အတွေးက ကပ္ပတိန်က ခဏတာ ရူးသွပ်သွားသလားဆိုတာပါပဲ။ အမှန်တော့ ဒီအဆောက်အအုံက ဟောင်ကောင်ရှိ စျေးဝယ်စင်တာတစ်ခုဖြစ်ပါတယ်။
(၄)ဧရာမခြေရာ
ဧရာမခြေရာနှင့် ဆင်တူတဲ့ ဝင်္ကပါက Hampshire ခရိုင်အနီးရှိ ကျေးရွာငယ်လေးမှာ တည်ရှိပါတယ်။
(၅)Gulliver၊ အဆောက်အဦး၏ခေါင်မိုး
ကမ္ဘာ့အထူးဆန်းဆုံး ကလေးကစားကွင်းများထဲမှ တစ်ခုက စပိန်၊ ဗလင်စီယာမှာ တည်ရှိပါတယ်။
(၆)Alienကြောင်
ဗားရှင်းတစ်ခုအရ အခြားကမ္ဘာမှ ဆင်းသက်လာတဲ့ နတ်ကြောင်တစ်ကောင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ အခြောက်သွေ့ဆုံးနေရာ- ရာစုနှစ်များစွာကြာအောင် မိုးတစ်စက်မျှ မတွေ့ခဲ့ရသည့် Atacama သဲကန္တာရမှာ တည်ရှိပါတယ်။
(၇)အနုပညာလက်ရာတစ်ခုနဲ့တူနေတဲ့ ဆားစက်ရုံ
မိသားစု ၅၀လောက်သာ နေထိုင်တဲ့ နိုင်ဂျာရှိ ကျေးရွာငယ်လေးမှာ ဒေသခံပြည်သူေတွရဲ့ အဓိက အလုပ်အကိုင်ဟာ ကန်တွေကနေ ဆားထုတ်ယူခြင်းပဲ ဖြစ်ပါတယ်။ ရေကန်တွေမှာ ရေ၊ရွှံစေး ၊ဆားတို့နှင့်ပြည့်နေပြီး ကန်အပြည့်ရှိတဲ့ရေတွေ အငွေ့ပျံသွားတဲ့အခါ ဆားပုံဆောင်ခဲတွေကို မြင်တွေ့နိုင်ပါတယ်။
(၈)ဂြိုလ်သားအာကာသယာဉ်
တက္ကဆက်ပြည်နယ်မှာ တကယ့်ဂြိုလ်သားအာကာသယာဉ် ဆင်းသက်ပုံရပါတယ်။ အမှန်တော့ ထိုယာဥ်ဟာ Futuro Houseလို့ ခေါ်တဲ့ ဒေသဆိုင်ရာ ဆွဲဆောင်မှုတစ်ခု
သာဖြစ်ပါတယ်။
(၉)ဒါကတော့ အန္တာတိကကို တောင်အမေရိက ကနေ ဘယ်လိုခွဲခြားထားတယ်ဆိုတာကို မြင်ရတဲ့ပုံပါ
တိုက်ကြီးနှစ်ခုရဲ့ ခြားနားမှုက ကမ္ဘာမြေကို ဝင်တိုက်တဲ့ ကြီးမားတဲ့ ဥက္ကာခဲတစ်ခုကြောင့်လို့ အချို့ သိပ္ပံပညာရှင်ေတွက ယုံကြည်ကြပါတယ်။
(၁၀)လက်ဝှေ့ယမ်းပြနေတဲ့ အမျိုးသားတစ်ဦး
အမှန်တော့ ထိုလူရုပ်ဟာ ကလေးများအတွက် သာမန်ရေပေါ်ဗောတင်တစ်ခုဖြစ်ပြီး ကမ်းစပ်ရှိ အပန်းဖြေဥယျာဉ်ငယ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
(၁၁) ကြီးမားလွန်းတဲ့ ဂဏန်း
Whitstable၊ Kent ကမ်းလွန်မှာ ပုန်းအောင်းနေတဲ့ ကဏန်းကြီးတစ်ကောင်ရဲ့ ဂြိုလ်တုဓာတ်ပုံဟာ အွန်လိုင်းပေါ်မှာ မျှဝေလိုက်သည်နှင့် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုကဏန်းကြီးက အကျယ်ပေ 50 ရှိသည်ဟု ယူဆရပြီး “Crabzilla” လို့ ခေါ်ကြပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။