ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ရောက်ဖူးသင့်သည့် ပွဲတော်(၁၅)ခု
ပွဲတော်များဟာ ဘဝရဲ့ ပင်ပန်းနွမ်းနယ်မှုများများအတွက် အကောင်းဆုံးထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။သူစိမ်းတစ်ယောက်၏မျက်နှာကိုခေါင်းအုံးဖြင့်ထုရိုက်ခြင်း ၊ခရမ်းချဉ်သီးအနှစ်ဖြင့် ပစ်ပေါက်ခြင်း အစရှိသည့် ထူးဆန်းသောပွဲတော်များဟာ လူသန်းပေါင်းများစွာကို ဆွဲဆောင်နေပါတယ်။
သင့်ရဲ့လာမယ့် အားလပ်ရက်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ရူးသွပ်ဖွယ် အကောင်းဆုံး ပွဲတော် (၁၅) ခုကို စုစည်းတင်ဆက်ပေးလိုပါတယ်။
15. Holi, India\
Holi ဟာ နွေဦးကာလရောက်ရှိချိန်၏ အထိမ်းအမှတ်ဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦး အရောင်မှုန့်များဖြင့် ပစ်ပေါက်လေ့ရှိပြီး အရောင်တစ်ရောင်ချင်းစီမှာ အဓိပ္ပါယ်သတ်မှတ်ချက် ရှိနေပါတယ်။ ရိုးသားမှုအတွက် အနီရောင် ၊ တက်ကြွမှုအတွက် အစိမ်းရောင် ၊ တည်ငြိမ်မှုအတွက် အပြာရောင် ၊ ဘာသာတရားကိုင်းရှိူင်းမှုအတွက် အဝါရောင် ဆိုပြီးအသီးသီး ကိုယ်စားပြုပါတယ်။
14. Boryeong Mud Festival, South Korea
(၁၉၉၈) ခုနှစ်တွင် Boryeong မှ ရွံကို အသုံးပြုကာ အလှကုန်ပစ္စည်းများ အရောင်းတိုးမြှင့်ရေးအတွက် ပထမဆုံး စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ (၁၇) ကြိမ်မြောက် ကျင်းပခဲ့သော Boryeong Mud Festival ဟာတော့ ကမ္ဘာလှည့်ခရီးသည် (၃၂၉)သန်း ခန့်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
13. La Tomatina, Spain
ကမ္ဘာ့အကြီးဆုံး အစားအစာတိုက်ပွဲ ဟုခေါ်ဆိုနိုင်ပြီး ခရမ်းချဉ်သီးတန်ချိန်ပေါင်း ၁၂၀ တန် ခန့် အသုံးပြုလေ့ရှိပါတယ်။ခရမ်းချဉ်သီး၏ ပိုးသတ်နိုင်သော အစွမ်းသတ္တိကြောင့် ပွဲတော်ကျင်းပရာ စပိန်နိုင်ငံမှ Bunol လမ်းများကို အသန့်ရှင်းဆုံးလမ်းများဟု သတ်မှတ်ကြပါတယ်။
12. Chinchilla Melon Festival, Australia
View this post on Instagram
ဒီပွဲတော်အတွင်းမှာ သင်ပါဝင်နိုင်တဲ့ကွဲပြားတဲ့လုပ်ဆောင်ချက်တွေအများကြီးရှိပါတယ်။သင်စိုက်ပျိုးနိုင်သည့်အကြီးဆုံးဖရဲသီးကိုသင်ယူဆောင်နိုင်သော ပြိုင်ပွဲတစ်ခုလည်းရှိပြီး လက်ရှိစံချိန်ကတော့ ပေါင် (၂၂၀) ဖြစ်ပါတယ်။
11. Cascamorras, Spain
ဒီပွဲတော်မှာတော့ မြို့ ၂ မြို့ဟာ မြင့်မြတ်သော ဂုဏ်သိက္ခာပိုင်းအတွက် တိုက်ပွဲဝင်ကြပါတယ်။ တစ်မြို့က အမဲဆီများ အသုံးပြုပြီး အခြားတစ်မြို့ကတော့ ကြက်ဥ ၊ ဂျုံမှုန့် ၊ သံလွင်ဆီများအသုံးပြုကာ ပြန်လည်တိုက်ခိုက်ကြပါတယ်။ ထိုတိုက်ပွဲကြားမှ အသန့်ရှင်းဆုံး သူကအနိုင်ရမှာဖြစ်ပြီး သူနေထိုင်ရာမြို့ဟာလဲ မြင့်မြတ်မှု းဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
10. Cooper’s Hill Cheese Rolling and Wake, England
View this post on Instagram
ပြိုင်ပွဲဝင်များဟာ အနိုင်ရရှိရေး ကြိုးစားရင်း ဒဏ်ရာအနာတရ ရလေ့ရှိသောကြောင့် အန္တရာယ်များသော ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် Cheese ဘီးများဟာ တစ်နာရီလျှင် မိုင်(၇၀) နှုန်းထိ ရှိတတ်ကြပါတယ်။
9. Battle of the Oranges, Italy
စပိန်နိုင်ငံမှ La Tomatina ပွဲတော်နှင့်ဆင်တူပြီး အီတလီတို့ကတော့ ခရမ်းချဉ်သီးအစား လိမ္မော်သီး တန်ချိန် (၂၅၀) ခန့်ကို အသုံးပြုကြပါတယ်။
8. World Bog Snorkeling Championship, Wales
View this post on Instagram
ရွှံ့နွံထဲမှာ ကူးခတ်ရသော ပွဲတော်ဖြစ်ပါတယ်။နှစ်စဉ်ကျင်းပနေသော World Bog Snorkeling Championship ပြိုင်ပွဲလည်း ရှိပါတယ်။အကယ်၍ သင်ဟာ ၁မိနစ် ၁၈.၈၁စက္ကန့် အတွင်း ကိုက်(၁၂၀) ကူးခတ်နိုင်ပါက ကမ္ဘာ့စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။
7. Battle of Wine, Spain
အဖြူရောင်ဝတ်ထားသူများ တစ်ဦးမှ မကျန်တော့သည်အထိ ဝိုင်များဖြင့်ပက်ကြသော တိုက်ပွဲဖြစ်ပြီး ပွဲတော်အတွင်းမှာ ဝိုင်နီ(၅၀၀)လီတာခန့် အသုံးပြုကြပါတယ်။
6. Water Gun Festival, South Korea
View this post on Instagram
တောင်ကိုရီးယားနိုင်ငံမှ Water Gun Festival အတွင်းမှာ သင်ရဲ့အထူးမင်္ဂလာပွဲကို ကျင်းပနိုင်သလို သင်ဟာ အိမ်ထောင်ပြုရန် အဆင်သင့်မဖြစ်သေးသူဆိုပါကလည်း ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်ပါသေးတယ်။
5. Els Enfarinats, Spain
ဒီပွဲတော်မှာတော့ အဖွဲ့(၂)ဖွဲ့ရှိပြီး တစ်ဖက်မှာတော့ အိမ်ထောင်သည်အမျိုးသားများက နယ်မြေကိုထိန်းချုပ်ကာ အဓိပ္ပါယ်မရှိသော ဥပေဒေများကို ထုတ်ပြန်ရပါတယ်။ ထို့နောက် မလိုက်နာသူများကို လိုက်ရှာပြီး ဒဏ်ငွေရိုက်ပါတယ်။ အခြားတစ်ဖွဲ့ကတော့ ထိုသူတို့ကို ပြန်လည် တိုက်ခိုက်ကြတာပဲဖြစ်ပါတယ်။ထိုမှရရှိလာသော ငွေများကိုတော့ ရန်ပုံငွေအဖြစ် အဖွဲ့အစည်းများကို လှူဒါန်းပါတယ်။
4. Rouketopolemos Rocket War, Greece
View this post on Instagram
နှစ်စဉ် ဘုရားကျောင်း နှစ်ဖက် ပါဝင်ယှဉ်ပြိုင်ကြပြီး တဖက်နဲ့တစ်ဖက် များစွာသောဒုံးပျံများဖြင့် တိုက်ခိုက်ကြပါတယ်။ သို့သော်အနိုင်အရှုံးရလဒ်များကိုတော့ နောက်တစ်နှစ်မှသာ ထုတ်ပြန်လေ့ရှိပါတယ်။
3. International Pillow Fight Day, Europe/USA
ထူးဆန်းသည်ကတော့ တစ်ကမ္ဘာလုံး တစ်နေ့ထဲမှာ ပြိုင်တူကျင်းပလေ့ရှိခြင်း ဖြစ်ပါတယ်။ ပွဲကျင်းပမည့်ရက်ကိုတော့ လူမှုကွန်ရက်နှင့် emails များမှတဆင့် ကြေညာလေ့ရှိပါတယ်။
2. Monkey Buffet Festival, Thailand
View this post on Instagram
ထိုင်းနိုင်ငံမှ ဒေသခံများဟာ မျောက်များသည် လူသားများနှင့်သူတို့နေထိုင်ရာ အရပ်ဒေသကို ကံကောင်းစေသည်ဟု ယုံကြည့်ကြသောကြောင့် ဒီလို လူသားမဟုတ်သော ဧည့်သည်များကို စောင့်မျှော်သည့် ပွဲတော်တခုရှိပါတယ်။ထို့ကြောင့် အလေးချိန် ပေါင် ၄၅၀၀ ခန့် ရှိသော သစ်သီးနှင့် အချိုပွဲများကို စားပွဲဖြင့်ခင်းကာ ပြင်ဆင်ထားလေ့ရှိကြပါတယ်။
1. Golden Retriever Festival, Scotland
အကယ်၍ သင်ဟာ Golden Retriever ချစ်သူတစ်ယောက်သာဖြစ်ပါက ထိုပွဲတော်သို့သွားနိုင်ရန် အရာရာကို စွန့်လွှတ်ဖို့အသင့်ဖြစ်နေပါလိမ့်မယ်။ ပြီးခဲ့သောနှစ်က ခွေးပေါင်း (၃၆၁) ပါဝင်ဆင်နွဲခဲ့ပြီး (၂၀၀၆) ခုနှစ်နောက်ပိုင်း အများဆုံးလည်း ဖြစ်ပါတယ်။
ထိုအထဲမှ သင်ပါဝင်ဆင်နွဲလို့သော ပွဲတော်ကိုလည်း ရေးခဲ့ပါဦး..
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။