ခရီးသွားဧည့်သည်များကို စိတ်ပျက်စေမယ့် အထင်ကရနေရာ (၁၀)ခု
အချို့သော ခရီးသွားဝန်ဆောင်မှုများရဲ့ ကြေငြာစာရွက်များဟာ လက်တွေ့နဲ့ ကွဲလွဲနေလေ့ရှိသလို တစ်ခါတစ်ရံမှာ သင်မျှော်လင့်ထားသလောက်မဖြစ်လာတဲ့ ခရီးစဉ်များလဲ ရှိတတ်ပါတယ်။
ထို့ကြောင့် ခရီးသွားဧည့်သည် အများစုကို စိတ်ပျက်စေတဲ့ နေရာအချို့ကို သင်လဲသတိပြုနိုင်စေရန် စုစည်းတင်ပြပေးလိုပါတယ်။
1. Statue of Juliet in Verona, Italy
ဒဏ္ဍာရီပြောစကားများအရ Juliet ၏ လက်နဲ့ရင်သားတို့ကို ထိတွေ့ကိုင်တွယ်ခြင်းဟာ သင့်ကိုအချစ်ရေးကံကောင်းစေမယ်လို့ ဆိုကြပါတယ်။ထို့ကြောင့် အဆိုပါရုပ်ထုပတ်လည်ဟာ ခရီးသွားဧည့်သည်များဖြင့် အမြဲပြည့်ကျပ်နေပြီး သင့်ကို စိတ်ပျက်စေမှာပါ။ ရုပ်ထု၏ လက်နှင့်ရင်သား တို့ဟာလည်း အချစ်စစ်ကိုရှာဖွေလိုသူ လူထောင်ပေါင်းများစွာတို့ကြောင့် ပျက်စီးနေတတ်ပါတယ်။
2. The Little Mermaid in Copenhagen, Denm
ဒိန်းမတ်လူမျိုး စာရေးဆရာ Hans Christian Andersen ရေးသားခဲ့တဲ့ ဒဏ္ဍာရီလာစာအုပ်ထဲမှ ရေသူမရုပ်ထုဟာ ကိုဗင်ဟေဂင် ကမ်းခြေကျောက်ဆောင်တစ်ခုပေါ်မှာ တည်ရှိခဲ့ပါတယ်။ သို့သော် ခရီးသွားအချို့၏ ကျောက်ဆောင်ပေါ်တွယ်တက်ခြင်း နှင့် ဖျက်ဆီးမှုများ ပြုလုပ်ခြင်းတို့ကြောင့် တာဝန်ရှိသူများက (၂၀၀၇) ခုနှစ်မှာ အဆိုပါရုပ်ထုကို ဆိပ်ကမ်းနဲ့ မီတာများစွာကွာဝေးသော ရေလယ်တစ်နေရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။ ခရီးသွားဧည့်သည်များကို စိတ်ပျက်စေသည်ကတော့ သူတို့ဟာ ခမ်းနားထည်ဝါသော အထိမ်းအမှတ်ရုပ်ထုကြီးဟု မျှော်လင့်ထားကြသော်လည်း အမှန်တကယ်မှာတော့ (၄.၁)ပေ ခန့်သာ ရှ်ိနေပါတယ်။
3. The Beatles Story in Liverpool, England
ကမ္ဘာကျော် Beatles ဂီတအဖွဲ့၏ ပရိတ်သတ်များကတော့ အထူးတလည် စိတ်ဝင်စားစရာမရှိသော အဆိုပါပြခန်းကို စိတ်ပျက်နေကြမှာပါ။
အဖွဲ့ဝင်များနှင့်သက်ဆိုင်သည့် အကြောင်းအရာအနည်းငယ်သာရှိပြီး လူအများစုသိပြီးသား အရာများသာ ခင်းကျင်းပြသထားပါတယ်။ထို့အပြင် အခြား မလိုအပ်သော အသေးအစိတ်အကြောင်းအရာ များစွာကြောင့်လည်း ပိုက်ဆံနှင့် အချိန်အကုန်ခံပြီး သွားရောက်မလည်ပတ်သင့်တဲ့ ပြတိုက်တစ်ခုသာ ဖြစ်နေပါတယ်။
4. La Scala in Milan, Italy
သင်ဟာ ကမ္ဘာကျော် အော်ပရာပြဇာတ်တစ်ခုကို ကြည့်ရှူလိုသူဖြစ်ပါက အလွန်လက်ရာမြောက်လှသော အီတလီဗိသုကာလက်ရာများဖြင့် ပြည့်နှက်နေသော အဆိုပါ သုံးထပ် အဆောက်အဦးကြီး အရောက်သွားသင့်ပါတယ်။
အီတလီပြဇာတ်အရည်အသွေးများက သင့်ကိုစိတ်ပျက်စေမည်မဟုတ်သော်လည်း ပွဲကြည့်ရန်လက်မှတ်ဝယ်ယူရာတွင် လက်မှတ်အရောင်းဌာနများမှာသာမက အင်တာနက်ပေါ်မှာပါ စတင်ရောင်းချပြီး နာရီပိုင်းအတွင်း ကုန်သွားလေ့ရှိခြင်းကတော့ သင့်အတွက်စိတ်ပျက်စရာ အခက်အခဲဖြစ်စေပါလိမ့်မယ်။
5. Berlin TV Tower, Germany
ဘာလင်မြို့မှ အရှည်ဆုံးသော တီဗွီတာဝါကြီးဟာတော့ မျှော်လင့်ထားသလောက် စိတ်ကျေနပ်မှု မရှိစေပါဘူး။ခရီးသွားဧည့်သည်များ ထူထပ်များပြားလှသောကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း ၊ ဈေးကြီးခြင်း နှင့် မသန့်ရှင်းမသပ်ရပ်တော့ ပြတင်းပေါက်များ ကြောင့် သင့်ကို စိတ်ပျက်စေနိုင်ပါတယ်။
6. The Temple Bar in Dublin, Ireland
Temple Bar ဟာ Dublin သို့ရောက်လျှင် မဖြစ်မနေအရောက်သွားသင့်သော နေရာဟုဆိုကြသော်လည်း လက်တွေ့မှာတော့ ခရီးသွားဧည့်သည့်များ ထူထပ်များပြားပြီး Bar အတွင်းဝငိရန်ပင် နာရီပေါင်းများစွာ စောင့်ဆိုင်းရလေ့ရှိပါတယ်။ ဧည်သည့်အလွန်များပြားခြင်းကြောင့် ဝန်ထမ်းများဟာလည်း မနိုင်မနင်းဖြစ်လေ့ရှိပြီး အစားအသောက်မှာယူခြင်းနှင့် သန့်ရှင်းရေးတို့မှာ အားနည်းသည့်အပြင် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ဒေသခံများအကြားမှာပင် အကြိုက်နည်းကြပါတယ်။
7. Museum of Picasso in Antibes, France
သင်ဟာ Cote d’Azur သို့ အလည်ရောက်ရှိနေပါက Antibes မြို့ဟောင်းရှိ ကမ္ဘာကျော် စပိန်အနုပညာရှင် Picasso ၏ ပြတိုက်သို့သွားရောက်ပြီး အချိန်ကုန်ဆုံးနိုင်ပါတယ်။ သို့သော် ထိုပြတိုက်ဟာ Picasso ၏အနုပညာကို အထူးလေ့လာပြီး သုတေသနပြုလိုသူများအတွက်သာ စိတ်ဝင်စားစရာကောင်းလိမ့်မည်ဖြစ်ပြီး သာမန်အနုပညာ လေ့လာသူတစ်ယောက်အနေဖြင့်ကတော့ ပျင်းရိဖွယ်ဖြစ်စေနိုင်ပါတယ်။
8. Beaches in Indonesia, India, and Thailand
အင်ဒိုနီးရှား ၊ အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့မှ ကမ်းခြေများဟာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်လေ့ရှိသော်လည်း ခရီးသွားဧည့်သည်များ တည်ရှိနေရာပြင်ပ အခြားနေရာများတွင်တော့ သာမန်ပင်လယ်ပြင်မြင်ကွင်းများ ၊ ညစ်ပတ်သောလမ်းကြားများ ၊ စွန့်ပစ်ပစ္စည်းများဖြင့် ညစ်ပတ်နေသော သောင်ပြင်များ ကြောင့် စိတ်ပျက်စရာဖြစ်စေပါလိမ့်မယ်။
9. Ubud rice fields in Bali
စပါးစိုက်ခင်းများဟာ ဝင်ကြေး (10,000 Rupiah ≈ $1), ဓာတ်ပုံရိုက်ခြင်း (20,000 Rupiah ≈ $1.50 ) တို့ဖြင့် ခရီးသွားဧည့်သည်များအကြား ရေပန်းစားသော်လည်း များပြားလှသော လူစုလူဝေးများ ဖြစ်နေလေ့ရှိသောကြောင့် စိတ်ကျေနပ်စရာနေရာတစ်ခုတော့ မဖြစ်နိုင်ပါဘူး။
10. Brussels, Belgium
သွားရောက်ဖူးသူများဟာ ကောင်းကျိုးထက် ဆိုးကျိုးသာများကြောင်း ပြန်ပြောကြလေ့ရှိကြပါတယ်။ နာမည်ကျော် Manneken Pis ဟာလည်း စမ်းရေတွင်းငယ်တစ်ခုထိပ်မှ သေးငယ်သော ပန်းပုရုပ်တုတစ်ခုသဖွယ်သာ ဖြစ်နေပြီး ပတ်၀န်းကျင်မှလူအုပ်များ ကြောင့်အနီးကပ်ကြည့်ရန်ပင် မဖြစ်နိုင်ပါဘူး။
Brussels ရှိလမ်းကြားများရှိ အမှိုက်သရိုက်များ အပေါ့အပါးသွား သန့်စင်ခန်းများ ဖြင့်ပြည့်နှက်နေခြင်းဟာ ခရီးသွားဧည့်သည်များကို shock ရစေနိုင်ပါတယ်။ အဆိုပါ သန့်စင်ခန်းများကို Brussels မြို့ပြဆန်သည့် Amsterdamလိုနေရာမှာတောင် မြင်ရနိုင်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားရာမှာ ထူးခြားသောဆွဲဆောင်မှုများ ၊ မြို့ပြများ ၊ နိုင်ငံများ ဟာ ခရီးသွားများအတွက် အလွန်အရေးပါလှပါတယ်။ ခရီးသွားဖော် ၊ရာသီဥတု တို့အပြင် သင့်ရဲ့ခရီးစဥ်အပေါ် မျှော်လင့်ချက်ကြီးမားမှုတို့ကလည်း သင့်စိတ်ခံစားချက်နှင့်အမြင်ကို လွှမ်းမိုးစေပါတယ်။
မည်သို့ပင်ဆိုစေကာမူ The Little Mermaid နှင့် Picasso ၏ပြတိုက်များဟာ ၎င်းတို့ရဲ့အနုပညာကို စိတ်ဝင်စား တန်ဖိုးထားတတ်သူများအတွက်တော့ အံ့အားသင်စေ့မယ့် နေရာများပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကနေတစ်ဆင့် သင့်ရဲ့လာမည့်အပန်းဖြေခရီးစဥ်များ အတွက်ကြိုတင်ပြင်ဆင်စရာ အထောက်အကူများစွာ ရရှိစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။