Sun. May 22nd, 2022

မကြာခင် ဒုတိယအကြိမ် ရွက်လွှင့်တော့မယ့် တိုင်တန်းနစ်သင်္ဘောကြီး 😲

ကမ္ဘာကျော် တိုင်တန်းနစ်သင်္ဘောကြီး နောက်တစ်ကြိမ် ပေါ်ထွက်လာမည်ဆိုလျှင် သင်အံ့ဩမိမှာလား ? ဟုတ်ပါတယ် .. ဩစတြေးလျလူမျိုး ဘီလျံနာတစ်ဦးက လူတွေကို အံ့ဩစေတော့မှာပါ။ သူက တိုင်တန်းနစ်ပုံစံတူသင်္ဘောတစ်စင်းကို ဖန်တီးနေပြီး ဝမ်းနည်းဖွယ် နစ်မြုပ်မှုများ မပါဝင်ဘဲ ကြီးကျယ်ခမ်းနား‌တဲ့ တိုင်တန်းနစ်သင်္ဘောကြီး မကြာမှီ ပြန်လာတော့မှာ ဖြစ်ပါတယ်။
ရေခဲတောင်များ မပါဝင်ဘဲ (၁၉၁၂) ခုနှစ်ကို ပြန်လည်ခေါ်ဆောင်သွားမယ့် Titanic II ပြန်လည်နိုးထခြင်းအကြောင်း လေ့လာစုံစမ်းမိသမျှကို တင်ပြပေးလိုပါတယ်။

(၁) စတင်စိတ်ကူးဖြစ်ခဲ့ပုံ

(၂၀၁၂) ဧပြီလမှာ ဘီလျံနာ Clive Palmer ဟာ Blue Star Line Company ကိုစတင်တည်ထောင်ခဲ့ပြီး မူလပထမ Titanic ၏ Company ဖြစ်တဲ့ White Star Lineရဲ့ သဘောတူညီချက်ကိုလည်း ရယူထားခဲ့ပါတယ် ။

သူဟာ ဒဏ္ဍာရီဆန်ဆန် သင်္ဘောတစ်စင်းကို ဖန်တီးလိုတာဖြစ်ပြီး Titanic II ဟုအမည်ပေးရန် ရည်ရွယ်ခဲ့ပါတယ်။ သူက သမိုင်းဝင် Titanic သင်္ဘောကြီးပေါ်မှ ပုံပြင်သဖွယ် အတွေ့အကြုံများကို လူအများက ကိုယ်တိုင် ပြန်လည်ခံစားလိုတယ်လို့ ယုံကြည်ပြီး နစ်မြုပ်မှုဇာတ်လမ်းများကိုတော့ ဖယ်ရှားမှာ ဖြစ်ပါတယ်။

(၂) သ‌င်္ဘောကြီးကို စောစောမြင်ရပါတော့မယ်

Palmer ဟာ (၂၀၁၆) ခုနှစ်မှာ စတင်ရွက်လွှင့်ရန် စီစဉ်ထားခဲ့သော်လည်း ငွေကြေးဆိုင်ရာပြသာနာအချို့ကြောင့် (၂၀၁၃)နှောင်းပိုင်းမှသာ တရုတ်နိုင်ငံမှာ စတင်တည်ဆောက်ခဲ့ပါတယ်။


ဒီဇိုင်းဖန်တီးခြင်း နှင့် ရေပေါ်စမ်းသပ်ခြင်းများကို (၂၀၁၈) ဆောင်းဦးကာလမှာ စတင်ခဲ့ပါတယ်။ယခုအခါ Blue Star Line Company က စာချုပ်စာတမ်းကိစ္စများ ဆောင်ရွက်လျက်ရှိပြီး အားလုံးပြီးဆုံးချိန်မှာတော့ Titanic II ၏ တည်ဆောက်သူများ နှင့် ပထမဆုံး အပျော်ခရီးအတွက် အချိန်ဇယားများကို ကြေငြာပေးမှာပဲ ဖြစ်ပါတယ်။

(၃) ပုံသဏ္ဍာန် နှင့် လက်မှတ်ဈေးနှုန်းများ

Titanic II ရဲ့ကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း ၅၀၀ ခန့်ကုန်ကျပြီး မူလ နောင်တော် Titanic ကဲ့သို့ပင် ခရီးသည် (၂၄၀၀) နှင့် သင်္ဘောဝန်ထမ်း (၉၀၀) ကို တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။မူလ Titanic ကဲ့သို့ပင် တူညီသော အခန်းငယ် အပြင်အဆင်များ ၊ ထပ်တူကျ ဗိသုကာလက်ရာများ ၊ အတွင်းပိုင်း နှင့် ဇိမ်ခံအသုံးအဆောင်များလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ထို့အပြင် မူလ Titanic အတိုင်းပင် ပထမတန်းစား ၊ ဒုတိယတန်းစား၊ တတိယတန်းစား စသောအတန်းအမျိုးအစား များလည်းပါဝင်ပါတယ်။မူလ Titanic နှင့်ကွဲပြားမှုတစ်ခုကတော့ ခေတ်မှီရေကြောင်းသွားလာရေး ကိရိယာများ ၊ လုံလောက်သော အသက်ကယ်လှေနှင့် အသက်ကယ်အင်္ကျီများ ပါဝင်မှာပဲ ဖြစ်ပါတယ်။


လက်မှတ်ခနှုန်းထားများကတော့ အရင်ထက်သိသိသာသာ သက်သာမယ်လို့ မျှော်လင့်ရပါတယ်။တရားဝင်မကြေငြာသေးသော်လည်း ဒေါ်လာ (၃၅၀-၉၀၀) အတွင်း ဖြစ်နိုင်ချေများပြီး ယခင်မူလ နောင်တော် Titanic ကတော့ ယနေ့ ခေတ်ပေါက်ဈေးအရဆို ဒေါ်လာ (၁၀၀,၀၀၀) ခန့်ရှိခဲ့တာ ဖြစ်ပါတယ်။

(၄) နောက်ဆုံးကြေငြာချက်အရ စတင်ပွဲထုတ်လာနိုင်မည့်ရက်

Naval architect Markku Kanerva of Finland’s Deltamarin who will design Titanic II as guests attend a breakfast at South Western House, Southampton, Hampshire to hear plans for Titanic II, the replica of the ill-fated liner which sank in 1912. (Photo by Chris Ison/PA Images via Getty Images)

ယခုအခါ သင်္ဘောတည်ဆောက်နေမှုများ ပြန်လည်ဆောင်ရွက်နေပြီ ရက်အတိအကျမသိရသော်လည်း (၂၀၂၂) ခုနှစ်မှာ စတင်ပွဲထုတ်လာဖွယ်ရှိနေပါတယ်။ မကြာသေးမှီကပင် Company ရဲ့တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် နောက်ဆုံးရ အခြေအနေများကို တင်ထားခဲ့ပါတယ်။
” ဒီနှစ်နှောင်းပိုင်းမှာ Titanic II နဲ့ပတ်သက်တဲ့နောက်ထပ်ကြေငြာချက်တချို့လုပ်ပါမယ်။ အသေးစိတ်အတွက်ဆက်လက်စောင့်မျှော်ပါ” လို့ Company ကထုတ်ပြန်ထားပါတယ်။

စာဖတ်ပရိတ်သတ်ကြီးရော Titanic II အမှန်တကယ် ထွက်ပေါ်လာသည့်အခါ စီးဖို့ သတ္တိရှိကြပြီလား ?

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.