အပြုံးတစ်ချက်၏လှပစေမှုကို သူစိမ်းများထံ မှ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ကမ္ဘာလှည့်ဓာတ်ပုံဆရာ
သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာ အခါ(၂၀) ပြုံးမိလေ့ရှိပြီး ကလေးများကတော့တစ်နေ့မှာ အခါ(၄၀၀)ခန့်ပြုံးလေ့ရှိပါတယ်။ အပြုံးဟာ အစွမ်းရှိပါတယ်။လူမှုဆက်ဆံရေး ၊ အသက်ရှည်ကျန်းမာရေးနဲ့ စိတ်ခံစားချက်တို့ကို အပြုံးက များစွာအကျိုးရှိစေပါတယ်။ Jay Weinstein ဆိုသူ ဩစတြေးလျလူမျိုး ကမ္ဘာလှည့်ခရီးသည်ဟာ (၂၀၁၅)ခုနှစ်မှာ ကမ္ဘာ့အနှံ့ခရီးထွက်ခဲ့ပြီး ခရီးစဉ်တစ်လျှောက် လူစိမ်းများ၏ အပြုံး ဓာတ်ပုံများရိုက်ကူးပြီး အပြုံးတစ်ချက်၏ အလှအပများကို မှတ်တမ်းတင်တဲ့ Project ကိုပြုလုပ်ခဲ့ပါတယ်။
နှလုံးသားရဲ့တံခါးပေါက်တစ်ခု ဖြစ်တဲ့အပြုံးပန်းများရဲ့ လှပမှုကို ထင်ဟပ်စေတဲ့ Jay Weinstein ရဲ့ project ကို စာဖတ်ပရိတ်သတ်များအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
(၁) “အိန္ဒိယနိုင်ငံ Vrindavan, Uttar Pradesh မှ မနက်ခင်းနေရောင်ခြည်အောက်မှာ မိသားစုနှင့်အတူဆော့ကစားနေသော ကလေး၏အပြုံး”
(၂) ” အိန္ဒိယနိုင်ငံ Kurukshetra, Haryana မှ Brahma Sarovar Lake တွင် သူငယ်ချင်းနဲ့အတူ လမ်းလျှောက်ထွက်နေသော အမျိုးသမီးတစ်ဦး၏ အပြုံး ”
(၃) ” သူကတော့ Koramangala, Bengaluru, Karnataka မီးပွိုင့်မှာ မီးစိမ်းရန်စောင့်နေတာဖြစ်ပြီး ကျွန်တော့ရဲ့ project အတွက် အပြုံးတစ်ချက်နဲ့ပါဝင်ပေးခဲ့သူပါ ”
(၄)”အိန္ဒိယနိုင်ငံ Kakhsar, Gujarat မှ ကလေးငယ်အုပ်စုကို ဓာတ်ပုံရိုက်ပေးနေစဉ် အနီးနားမှာ လာကြည့်ပြီးပြုံးနေတဲ့ ရွာသားများထဲမှ ကလေးငယ်တစ်ဦး ”
(၅) Udupi မှာရှိတဲ့ Sri Krishna Matha temple ဘုရားကျောင်းမှ အမျိုးသားတစ်ဦးရဲ့ အေးချမ်းသော အပြုံး
(၆) အိန္ဒိယနိုင်ငံ Uttar Pradesh အရပ်ရှိ ရှေးဟောင်း Yavat ရွာမှ အိမ်ဆေးသုတ်သူတစ်ဦး၏ ဖော်ရွေတဲ့အပြုံး
(၇) တရုတ်နိုင်ငံဘေဂျင်းမြို့ Forbidden City အနီးရှိ Hutong ရပ်ကွက်ဟောင်းမှ အိမ်တစ်အိမ်ရှေ့တွင် ရပ်နေသူတစ်ဦးကို ပြုံးခိုင်းခဲ့ပါတယ်
(၈) အိန္ဒိယအနောက်ဘက် ဘင်္ဂလားပြည်နယ် Mayuparလမ်းပေါ်ရှိ Jagannath Ratha Yatra စီတန်းလှည့်လည်ပွဲမှ ရာနဲ့ချီသော ဒေသခံတို့၏ လေးစားခြင်းခံရသူ တစ်ဦးအား ပြုံးစေခဲ့ပုံ
(၉) စင်္ကာပူနိုင်ငံ “Little India” လမ်းဝန်းကျင်မှာ တွေ့ရသော ကဖေး စားသောက်ဆိုင်များ မှ နေ့လည်ခင်းဘက် လမ်းလျှောက်ဆင်းသူတစ်ဦး၏ အပြုံး…
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။