Sun. May 22nd, 2022

 

သင်မသိသေးသော တိရစ္ဆာန်(၁၆)ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလ ကြာမြင့်ချိန်

လူတစ်ယောက်ဟာ အပတ်(၄၀)ခန့်ကိုယ်ဝန်ဆောင်လေ့ရှိပြီး ထိုကာလအတွင်းမှာ ကလေးအမည်ပေးရန် ၊ ကလေးအသုံးအဆောင်များ ဝယ်ယူစုဆောင်းရန် ၊ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ စသည်ဖြင့်ပြင်ဆင်ရပါတယ်။ ထို့အတူ တိရစ္ဆာန်လေးများအကြားမှာလည်း အပတ်အနည်းငယ်ဖြစ်စေ ၊ တစ်နှစ်ကျော်ကြာဖြစ်စေ စသဖြင့် ကွဲပြားစွာ ကိုယ်ဝန်ဆောင်ထားရခြင်းမျိုးများ ရှိကြပါတယ်။

ယခုအခါမှာတော့ စိတ်ဝင်စားဖွယ် တိရစ္ဆာန်လေး (၁၆) ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလ ကြာမြင့်ချိန်များကို ဗဟုသုတရဖွယ် စုစည်းတင်ဆက်ပေးထားပါတယ်။

1. Opossum, 12 days

သားပိုက်ကောင်မျိုးစိတ် တစ်မျိုးဖြစ်တဲ့ Opossum လေးများဟာ ၁၂ ရက်သာ ကိုယ်ဝန်ဆောင်လေ့ရှိပြီး အတိုဆုံးကာလလည်း ဖြစ်ပါတယ်။သင်သာဆို (၂)ပတ်မပြည့်ခင် နာမည်တစ်ခု ပေးနိုင်ပါ့မလား ?

2. Guinea pig, 60 days

ပူးကောင်လေးများဟာ (၅၉-၇၂)ရက် ကြာကိုယ်ဝန်ဆောင်လေ့ရှိပြီး တစ်ခါမွေးလျှင် ၁ကောင်မှ ၈ကောင်ကြား မွေးလေ့ရှိပါတယ်။

3. Cat, 63 days

ကြောင်လေးများဟာ ၄ လသားအရွယ်မှစတင်ကာ ကိုယ်ဝန်ဆောင်နိုင်ကြပါတယ်။

4. Dogs, 65 days

ခွေးများဟာတော့ အရွယ်အစားနှင့်အသက်အရွယ်ပေါ်မူတည်ပြီး ကိုယ်ဝန်ဆောင်ကာလ ကွဲပြားလေ့ရှိပါတယ်။အကောင်ကြီးလေ အကောင်ရေပိုများများ မွေးဖွားနိုင်လေဖြစ်ပါတယ်။

5. Raccoon, 65 days

Raccoon လေးများဟာတော့ ဆောင်းတွင်းများမှာ မိတ်လိုက်လေ့ရှိပြီး နွေဦးကာလများမှာ သားပေါက်လေ့ရှိပါတယ်။

6. Tiger, 110 days

ကျားများဟာ (၁၆)ပတ်ခန့် ကိုယ်ဝန်ဆောင်လေ့ရှိပါတယ်။ ကျားပေါက်လေးများဟာ မွေးဖွားပြီး အစာ ကောင်းစွာမစားတတ်ခင် (၂)လခန့် ဟာ အမြင်အာရုံ မဖွံဖြိုးသေးသလို မိခင်အပေါ်မှာ အရာရာမှီခိုရပါတယ်။

7. Pig, 115 days

ဝက်များဟာ တစ်နှစ်လျှင်နှစ်ကြိမ် သားဖွားနိုင်ပြီး တစ်ခါမွေးလျှင် ဝက်ပေါက် (၁၀)ကောင်ခန့် မွေး‌နိုင်ပါတယ်။

8. Panda, 135 days

ဝက်ဝံလေးများကတော့ အချိန်ကာလအားဖြင့် (၂) နှစ်မှတစ်ခါသာ သားပေါက်လေ့ရှိသောကြောင့် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များဖြစ်ပါတယ်။

9. Lemur, 135 days

မဒဂါစကားကျွန်းတွင် တွေ့ရနိုင်သည့် မျောက်နှင့် တူသော လီမာအမျိုးအစား အကောင်လေးများဟာ April လများတွင် မိတ်လိုက်လေ့ရှိပြီး နွေရာသီများတွင် တစ်ကောင် (သို့) နှစ်ကောင်ခန့် မွေးလေ့ရှိကြပါတယ်။

10. Bear, 220 days

ဝက်ဝံလေးများကိုတော့ မိတ်လိုက်ရာသီများမှာသာ အတူတကွတွေ့ရလေ့ရှိပါတယ်။ နှစ်အစပိုင်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများမှာ သားပေါက်လေ့ရှိပြီး မွေးဖွားပြီး အသက်(၂-၃)နှစ်အထိ မိခင်နှင့်သာ အတူနေလေ့ရှိပါတယ်။

11. Seal, 280 days

ပင်လယ်ဖျံများဟာ လူသားများကဲ့သို့ (၉)လခန့် ကိုယ်ဝန်ဆောင်ကြပြီး တစ်ခါတစ်ရံ (၁၁)လထိလည်း ကြာမြင့်တတ်ပါတယ်။

12. Horse, 365 days

မြင်းမကြီးများအနေဖြင့် မြင်းပေါက်လေးများဟာ သူမတို့အလေးချိန်၏ ၁၀ရာခိုင်နှုန်း ရှိလာချိန်မှာ မွေးဖွားလေ့ရှိပါတယ်။သဘောတရားကတော့ မြင်းပေါက်လေးတစ်ကောင်ဟာ ပေါင်(၁၀၀)ရှိပါတယ်။

13. Beluga whale, 450 days

Beluga ဝေလငါးမကြီးများဟာ (၂-၃)နှစ်ကြာမှာ တစ်ခါ မျိုးပွားလေ့ရှိပါတယ်။ Beluga ငါး‌ပေါက်လေးများ မိခင်ငါးမကြီးနှင့်အတူ လွတ်လပ်စွာရေကူးနိုင်ရန် မွေးဖွားပြီးသည်နှင့်ချက်ကြိုးကို ဖျက်ပစ်လေ့ရှိပါတယ်။

14. Giraffe, 465 days

သစ်ကုလားအုတ်များဟာတော့ သူတို့ရဲ့ (၆)ပေခန့်ရှည်လျားသော ခြေထောက်များကြောင့် မတ်တပ်အနေအထားဖြင့် မွေးဖွားလေ့ရှိကြပါတယ်။

15. Walrus, 600 days

ပင်လယ်ဖျံအကြီးစားများဖြစ်ပြီး ရေခဲပြင်ဒေသများတွင် အုပ်စုဖွဲ့နေထိုင်လေ့ရှိသော်လည်း မိတ်လိုက်သည့်အခါ ရေအောက်တွင်လိုက်လေ့ရှိကြပါတယ်။ သားပေါက်တစ်ကောင်ဟာ ပေါင်ချိန် (၁၃၀) ခန့်ရှိပါတယ်။

16. Elephant, 665 days

ဆင်တစ်ကောင်ဟာ(၉၅)ပတ်ခန့် ကိုယ်ဝန်ဆောင်လေ့ရှိပြီး လူတစ်ယောက်ရဲ့ နှစ်ဆထက် အချိန်ပိုကြာပါတယ်။ထို့ကြောင့် ဆင်များဟာ သက်တမ်းတစ်လျှောက်မှာ ၄ ကြိမ်သာ သားပေါက်လေ့ရှိပါတယ်။

ဘယ်တိရစ္ဆာန်လေးရဲ့ ကိုယ်ဝန်ဆောင်ကာလက သင့်ကို အံ့ဩစေပြီး သင်သာဆိုရင်ရော မည်မျှကြာကြာ ကိုယ်ဝန်ဆောင်လိုပါသလဲ ??

 

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.