အားကစားမှာလဲ ထူးချွန်တဲ့ နာမည်ကြီးအနုပညာရှင် (၁၂) ဦး
အချို့သော နာမည်ကြီးအနုပညာရှင်အချို့ဟာ တစ်ချိန်က အားကစားသမားများ အဖြစ်လဲ ထူးချွန်ခဲ့ကြဖူးတာကို တွေ့ရပါတယ်။ Tommy Lee Jones, Jason Statham, Caitlyn Jenner အစရှိသူတို့ဟာ သရုပ်ဆောင်မဖြစ်လာခင် တစ်ချိန်တစ်ခါက အားကစားသမားဘဝဖြင့် နာမည်ကြီးပြိုင်ပွဲများမှာ ဆုတံဆိပ်တွေရရှိဖူးတဲ့အပြင် စံချိန်တစ်ချို့ကိုလည်း မှတ်တမ်းဝင်ဖူးခဲ့ကြတာ တွေ့ရပါတယ်။
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ အားကစားသမားအဖြစ် နာမည်ကြီးခဲ့ဖူးတဲ့ ထင်ရှားတဲ့အနုပညာရှင် (၁၂) ဦးရဲ့ အကြောင်းပဲဖြစ်ပါတယ်။
(၁) Tommy Lee Jones
Tommy Lee Jones ဟာ ၁၉၆၀ နှောင်းပိုင်းများမှာ Havard University ဘောလုံးအသင်းမှ ဂိုးသမားတစ်ဦးဖြစ်ခဲ့ပြီး ၁၉၆၈ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ Yale အသင်းနဲ့ Havard အသင်းတို့ရဲ့ ပွဲစဉ်မှာ ဝင်ရောက်ကစားခဲ့ဖူးပါတယ်။
(၂) Caitlyn Jenner
Jenna ဟာ ၁၉၇၀ ခုနှစ်များခန့်က အောင်မြင်သော အားကစားသမားပါ။ သူမဟာ Graceland Yellowjackets ဘောလုံးအသင်းမှာ ကစားခဲ့ဖူးသည့်အပြင် Decathlon ဟုခေါ််သော ပြိုင်ပွဲဆယ်မျိုးယှဉ်ပြိုင်ရသည့် အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ၁၉၇၆ အိုလံပစ် အားကစားပြိုင်ပွဲမှ ရွှေတံဆိပ်ဆု ရရှိခဲ့ရုံသာမက တစ်ဦးချင်း ထူးချွန်ဆုတံဆိပ် ၅ဆု လဲရရှိခဲ့ပါတယ်။
(၃) Jason Statham
View this post on Instagram
View this post on Instagram
သူဟာ နာမည်ကြီးသရုပ်ဆောင် တစ်ဦးမဖြစ်လာမှီက ဘဝရဲ့အချိန်အများစုကို အားကစားလုပ်ရင်း ကုန်ဆုံးခဲ့ပါတယ်။ ဆယ်ကျော်သက်ဘဝမှာ ဘောလုံးကစားခဲ့ဖူးသည့်အပြင် ရေကူးအားကစားမှာလဲ ကျွမ်းကျင်ခဲ့ပါတယ်။ Jason ဟာ ဗြိတိန်အမျိုးသားရေကူးအသင်းမှာလည်း နှစ်ပေါင်းများစွာ ကစားခဲ့ဖူးပါသေးတယ်။ ဖော်ပြပါ video မှာတော့ ၁၉၉၀ ခုနှစ် လောက်က Jason ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ရေကူးပြိုင်ပွဲကို မြင်တွေ့နိုင်ပါတယ်။
(၄) Matthew Fox
သူဟာ ကိုလံဘီယာတက္ကသိုလ်မှာ စီးပွားရေးပညာရပ် သင်ကြားစဉ်က တက္ကသိုလ် ဘောလုံးအသင်းမှာ ယှဉ်ပြိုင်ကစားခဲ့ဖူးပါတယ်။
(၅) Stacy Keibler

သူမဟာ စွယ်စုံထူးချွန်သူတစ်ဦး ဖြစ်ပါတယ်။ မော်ဒယ်လ် ၊ သရုပ်ဆောင် ၊ အကသမား ၊ Cheerleader များ ဖြစ်ခဲ့ဖူးသည့်အပြင် ကြေးစစားနပန်းသမားဘဝမှ အနားယူထားသူလည်း ဖြစ်ပါတယ်။
(၆) Dean Cain


Lois & Clark: The New Adventures of Superman တီဗွီ Show အစီအစဉ်မှာ Superman ဇာတ်ကောင်အဖြစ် လူသိများခဲ့တဲ့ Dean Cain ဟာဆိုရင်လဲ ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ပုံထဲမှာတော့ Cain ဟာ (၂၀၀၄)ခုနှစ်က USA နိုင်ငံ Santa Monica မှာရှိတဲ့ Crossroads School Sports Complex ရဲ့ အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
(၇) Dwayne Johnson
Dwayne Johnson ဟာ မီယာမီတက္ကသိုလ်ဘောလုံးအသင်းမှ ဘောလုံးသမားတစ်ဦးဖြစ်ပြီး (၁၉၉၁)အမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။သူဟာ သရုပ်ဆောင်မဖြစ်မှီမှာလည်း (၈)နှစ်ကြာ ကြေးစားနပန်းသမား ဖြစ်ခဲ့ပါသေးတယ်။
(၈) Gina Carano

Gina Carano ဟာ Fast and Furious , Deadpool အစရှိသော နာမည်ကြီးဇာတ်ကားများဖြင့် လူသိများထင်ရှားလှပါတယ်။ ထို့အပြင် သူမဟာ ကိုယ်ကာယအလှမယ်တစ်ဦး ဖြစ်သလို ကိုယ်ခံပညာရှင်တစ်ဦး လည်းဖြစ်ပြီး မွေထိုင်းပညာရပ်ကို သင်ကြားခဲ့ဖူးပါတယ်။ သူမဟာ MMA လက်ဝွေ့ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၂၀၀၈) ခုနှစ်ရဲ့ အလွှမ်းမိုးနိုင်ဆုံးသော အမျိုးသမီး (၁၀)ဦးစာရင်းမှာ အဆင့်(၅) ဝင်ခဲ့ပါတယ်။
(၉) Mark Harmon

Mark Harmon ဟာသရုပ်ဆောင်မဖြစ်ခင်မှာ ဘောလုံးကစားခဲ့ဖူးပြီး အတော်အတန်အောင်မြင်ခဲ့ပါသေးတယ်။ (၁၉၇၃) ခုနှစ်မှာ NFF National Scholar-Athlete ဆုရရှိခဲ့ပြီး (၂၀၁၀) ခုနှစ်မှာ Pierce College Athletic Hall of Fame ဖြစ်ခဲ့ပါတယ်။ပုံထဲတွင်တော့ (၁၉၈၁) ခုနှစ်က Battle of the Network Stars sports event မှာ ပါဝင်ယှဉ်ပြိုင်နေခဲ့တဲ့ Mark Harmon ကိုတွေ့ရမှာ ဖြစ်ပါတယ်။
(၁၀) Chuck Norris
Chuck Norris ကတော့ ကမ္ဘာကျော် ကိုယ်ခံပညာ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူဟာ များစွာသော ကိုယ်ခံပညာနှင့်သက်ဆိုင်သော ဆုတံဆိပ်များ ရရှိဖူးခဲ့ပြီး Chun Kuk Do ဟုခေါ်သော ကိုယ်ပိုင် ကိုယ်ခံပညာဘာသာရပ် တစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ထို့အပြင် သူဟာ ဂျူဒို , Tang Soo Do နှင့် Brazilian Jiu-Jitsu တို့မှာလည်း ခါးပတ်နက်ပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။
(၁၁) Uzo Aduba]

Uzo Aduba ကို Orange Is the New Black မှာ Suzanne အဖြစ်လူသိများခဲ့သော်လည်း သူမဟာ အားကစားမှာလည်းထူးချွန်ပြီး ပြိုင်ပွဲတွေဝင်ခဲ့ဖူးသူတစ်ဦး ဖြစ်ပါတယ်။ဖော်ပြပါပုံကတော့ (၂၀၁၅) ခုနှစ်က Massachusetts, Boston မှာရှိသော Dana-Farber Cancer Institute ကိုထောက်ပံ့ပေးတဲ့ Boston Marathon ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က ဖြစ်ပါတယ်။
(၁၂) Arnold Schwarzenegger
ဒီဆောင်းပါးဟာ ဒီမင်းသားကြီးမပါဘဲ မပြည့်စုံနိုင်ပါဘူး။ Arnold Schwarzenegger ဟာ ကမ္ဘာကျော် သရုပ်ဆောင်တစ်ဦးဖြစ်သည့်အပြင် ကာယဗလလေ့ကျင့်ခန်းများ၏ ထင်ရှားသောပုံရိပ်တစ်ခုလဲ ဖြစ်ပါတယ်။ကာယဗလမောင် ဘဝအစမှာ သူဟာ အိုလံပစ်အလေးမပြိုင်ပွဲများစွာ ဝင်ပြိုင်ခဲ့ဖူးပါတယ်။(၁၉၇၀) ခုနှစ် အသက်(၂၃) နှစ်အရွယ်မှာ Mr. Olympia ဆုရရှိခဲ့တဲ့ သူဟာ ကမ္ဘာ့အသက်အငယ်ဆုံး Mr. Olympia ဆုရရှိဖူးခဲ့သူအဖြစ် ယနေ့အချိန်ထိစံချိန်တင်ထားနိုင်ဆဲပဲ ဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ သရုပ်ဆောင်များရဲ့ အတိတ်ဘဝ အားကစားသမားအဖြစ် ရပ်တည်ခဲ့မှုများကို ယခင်ကရော ကြားဖူးခံပါသလား ? သင်ရောဘာအားကစားတွေ ပြုလုပ်လေ့ရှိလဲ …
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။