Amazing

ကြည့်လိုက်တာနဲ့ ကြက်သီးထစဖွယ်ကောင်းတဲ့ “ ကြွေကျလာသော ကောင်းကင်တမန်” ရဲ့ဓာတ်ပုံများ

သင်က ကောင်းကင်တမန်တွေကို ယုံလား။ “ ကျဆင်းလာသော ကောင်းကင်တမန်” ကို သရုပ်ဖော်ထားတဲ့ ဓာတ်ပုံများက သင့်ကို ကြက်သီးထစေမှာ သေချာပါတယ် ။ Netizen Jimmy Ollie က Facebook မှာ မျှဝေတဲ့ ပို့စ်ဟာ လန်ဒန်မှာ ကောင်းကင်တမန်က ကောင်းကင်မှဆင်းသက်တာကို တွေ့ရတယ်လို့ ဆိုပါတယ် ။ လူသားနဲ့ တူတဲ့ သတ္တဝါဟာ ကြက်တောင်ပံများနဲ့ တူပြီး အမွေးအတောင်မရှိတော့ပုံရပါတယ် ။ ဒီကောင်းကင်တမန်ဟာ ၂၀၀၈ ခုနှစ်တုန်းက ပီကင်းအနုပညာရှင် Sun Yuan နဲ့ Peng Yu တို့ရဲ့ လက်ရာတွေကို ထုတ်ဖော်ပြသခဲ့တဲ့ ပန်းပုတစ်ခုသာဖြစ်တယ်ဆိုတာသိသာ ထင်ရှားပါတယ် ။

Bored Panda ရဲ့ အဆိုအရအနုပညာရှင်များက “ သဘာဝလွန်နဲ့ လောကီအကြားတင်းမာမှုနဲ့ အသွင်ကူးပြောင်းရေး” ကို မီးမောင်းထိုးပြရန် ရည်ရွယ်ခဲ့ပါတယ် ။ ထိုကောင်းကင်တမန်က ဘုရားသခင့်အစီအစဉ်ကို မဆောင်ရွက်နိုင်တာကြောင့် တန်ခိုးမရှိတော့ပဲ မြေကြီးပေါ်သို့ကျလာခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ ဒဏ္ဏာရီများနဲ့ ဘာသာတရားများစွာက မကြာခဏဆိုသလို“ ဘုရားသခင် (သို့) ကောင်းကင်နဲ့မြေကြီးအကြား ကြားခံအဖြစ်ဆောင်ရွက်တဲ့ ကောင်းမြတ်သောကောင်းကင်ဘုံသတ္တဝါများ” လို့ ဖော်ပြလေ့ရှိပါတယ် ။ ထိုသဘာဝလွန်သတ္တဝါများက တန်ခိုးစွမ်းအားတွေရှိကြပါတယ် ။ သူတို့ရဲ့ စရိုက်လက္ခဏာပေါ်မူတည်ပြီး သူတို့ရဲ့စွမ်းအားတွေရဲ့ အတိုင်းအတာက ကွာခြားနိုင်ပါတယ် ။

အနုပညာလက်ရာအများစုက အတောင်ပံများပါဝင်သောသတ္တဝါများအဖြစ် သရုပ်ဖော်ထားသော်လည်း၊ ကောင်းကင်တမန်အားလုံးက သမ္မာကျမ်းစာအရင်းအမြစ်များကို အခြေခံပြီး အမှန်တကယ်မှာ အတောင်များမရှိပါဘူး ။ (ဟေရှာယ ၆ နဲ့ ယေဇကျေလ ၁၀ ကဲ့သို့) သမ္မာကျမ်းစာများအရ ခေရုဗိမ်နဲ့ Seraphim တို့မှသာ အတောင်များရှိတာပါ ။

JRose (KBdailynews)

Reference : rachfeed

Zawgyi

သင္က ေကာင္းကင္တမန္ေတြကို ယုံလား။ “ က်ဆင္းလာေသာ ေကာင္းကင္တမန္” ကို သ႐ုပ္ေဖာ္ထားတဲ့ ဓာတ္ပုံမ်ားက သင့္ကို ၾကက္သီးထေစမွာ ေသခ်ာပါတယ္ ။ Netizen Jimmy Ollie က Facebook မွာ မွ်ေဝတဲ့ ပို႔စ္ဟာ လန္ဒန္မွာ ေကာင္းကင္တမန္က ေကာင္းကင္မွဆင္းသက္တာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္ ။ လူသားနဲ႔ တူတဲ့ သတၱဝါဟာ ၾကက္ေတာင္ပံမ်ားနဲ႔ တူၿပီး အေမြးအေတာင္မရွိေတာ့ပုံရပါတယ္ ။ ဒီေကာင္းကင္တမန္ဟာ ၂၀၀၈ ခုႏွစ္တုန္းက ပီကင္းအႏုပညာရွင္ Sun Yuan နဲ႔ Peng Yu တို႔ရဲ႕ လက္ရာေတြကို ထုတ္ေဖာ္ျပသခဲ့တဲ့ ပန္းပုတစ္ခုသာျဖစ္တယ္ဆိုတာသိသာ ထင္ရွားပါတယ္ ။

Bored Panda ရဲ႕ အဆိုအရအႏုပညာရွင္မ်ားက “ သဘာဝလြန္နဲ႔ ေလာကီအၾကားတင္းမာမႈနဲ႔ အသြင္ကူးေျပာင္းေရး” ကို မီးေမာင္းထိုးျပရန္ ရည္႐ြယ္ခဲ့ပါတယ္ ။ ထိုေကာင္းကင္တမန္က ဘုရားသခင့္အစီအစဥ္ကို မေဆာင္႐ြက္ႏိုင္တာေၾကာင့္ တန္ခိုးမရွိေတာ့ပဲ ေျမႀကီးေပၚသို႔က်လာျခင္းျဖစ္တယ္လို႔ ဆိုပါတယ္ ။ ဒဏၰာရီမ်ားနဲ႔ ဘာသာတရားမ်ားစြာက မၾကာခဏဆိုသလို“ ဘုရားသခင္ (သို႔) ေကာင္းကင္နဲ႔ေျမႀကီးအၾကား ၾကားခံအျဖစ္ေဆာင္႐ြက္တဲ့ ေကာင္းျမတ္ေသာေကာင္းကင္ဘုံသတၱဝါမ်ား” လို႔ ေဖာ္ျပေလ့ရွိပါတယ္ ။ ထိုသဘာဝလြန္သတၱဝါမ်ားက တန္ခိုးစြမ္းအားေတြရွိၾကပါတယ္ ။ သူတို႔ရဲ႕ စ႐ိုက္လကၡဏာေပၚမူတည္ၿပီး သူတို႔ရဲ႕စြမ္းအားေတြရဲ႕ အတိုင္းအတာက ကြာျခားႏိုင္ပါတယ္ ။

အႏုပညာလက္ရာအမ်ားစုက အေတာင္ပံမ်ားပါဝင္ေသာသတၱဝါမ်ားအျဖစ္ သ႐ုပ္ေဖာ္ထားေသာ္လည္း၊ ေကာင္းကင္တမန္အားလုံးက သမၼာက်မ္းစာအရင္းအျမစ္မ်ားကို အေျခခံၿပီး အမွန္တကယ္မွာ အေတာင္မ်ားမရွိပါဘူး ။ (ေဟရွာယ ၆ နဲ႔ ေယဇေက်လ ၁၀ ကဲ့သို႔) သမၼာက်မ္းစာမ်ားအရ ေခ႐ုဗိမ္နဲ႔ Seraphim တို႔မွသာ အေတာင္မ်ားရွိတာပါ ။

JRose (KBdailynews)

Leave a Comment