#Unicode Version
Six Things You Should Get Out Of Your Head
၁။ ဂရုမစိုက်နဲ့
သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။
၂။ အဆိုးမြင်စိတ်ရှိသူတွေကို ဝေးဝေးကရှောင်ပါ
တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြော တတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒ ရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။
၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ
“ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ။ ငါငယ်သေးလို့ မလိုသေးပါဘူးဆိုပြီး မတွေးပါနဲ့။
၄။ အရမ်းမတွေးပါနဲ့
အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။ အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။
၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ
ကိုယ်ကျင့်တရားကောင်းတဲ့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။
၆။ ထင်ချင်သလို ထင်ကြပါစေ
လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။
Credit: Original writer
Sharing By: #One daily News
#Zawgyi Version
သင့္ေခါင္းထဲက ထုတ္ပစ္သင့္တဲ့အရာ(၆)ခု
Six Things You Should Get Out Of Your Head
၁။ ဂ႐ုမစိုက္နဲ႔
သင့္ကို ဂ႐ုမစိုက္တဲ့သူေတြကို သင္ဂ႐ုစိုက္စရာ မလိုပါဘူး။ တစ္ခ်ိဳ႕လူေတြက သူတို႔ကို ဂ႐ုစိုက္ေလေလ၊ သင့္ကို တန္ဖိုးမထားေလေလပါပဲ။ ဒီေတာ့ သူတို႔ကို လိုက္ဂ႐ုစိုက္ေနမွာထက္ ကိုယ့္ကိုယ္ကို ပိုဂ႐ုစိုက္လိုက္ပါ။
၂။ အဆိုးျမင္စိတ္ရွိသူေတြကို ေဝးေဝးကေရွာင္ပါ
တစ္ခ်ိဳ႕လူေတြကအျခားသူ ဘာလုပ္လုပ္ အၿမဲအျပစ္ေျပာ တတ္ၾကတယ္။ ဘုကလန႔္ တိုက္တတ္တယ္။ ဂ်စ္ကန္ကန္နဲ႔ စိတ္ထဲရွိရင္ ရွိသလို မဆင္မျခင္စကားေတြ ေျပာတတ္ၾကတယ္။ ဒီလို အဆိုးျမင္ဝါဒ ရွိသူေတြကို ေရွာင္ရွားပါ။ အဆိုးျမင္စိတ္ဓာတ္က သင့္ကိုပါ ကူးစက္လာေစႏိုင္လို႔ပါ။
၃။ တစ္ခုခုကို အၿမဲသင္ယူေလ့လာေနပါ
“ပညာလို အိုသည္မရွိ” ဆိုသလိုပဲ ဘယ္အတတ္ပညာမဆို သင္ယူဖို႔ ဝန္မေလးပါနဲ႔။ ငါ့ အသက္အ႐ြယ္ႀကီးနဲ႔ မသင့္ေတာ္ပါဘူးေလ။ ငါငယ္ေသးလို႔ မလိုေသးပါဘူးဆိုၿပီး မေတြးပါနဲ႔။
၄။ အရမ္းမေတြးပါနဲ႔
အတိတ္က အျဖစ္အပ်က္ေတြ အတိတ္က အေၾကာင္းအရာေတြကို အရမ္းမေတြးပါနဲ႔။ အတိတ္မွာ အမွတ္ရစရာ အမ်ားႀကီး ရွိေကာင္းရွိခဲ့မွာပါ။ ဒါေပမဲ့ အတိတ္ဆိုတာ အခ်ိန္တစ္ခုမွာ ၿပီးသြားခဲ့ၿပီးသား အျဖစ္အပ်က္ေတြပါ။ ေနာက္ထပ္ျဖစ္လာမယ့္ အနာဂါတ္ေတြကို လွပေနေစဖို႔သာ ႀကိဳးစားပါ။
၅။ ကိုယ့္ကိုယ္ကို တန္ဖိုးထားပါ
ကိုယ္က်င့္တရားေကာင္းတဲ့သူက ေလာကမွာ တန္ဖိုးအရွိဆုံးပါ။ ကိုယ့္ကိုယ္ကို အၿမဲတမ္းတိုးတက္ေအာင္ ႀကိဳးစားပါ။ ကိုယ္စိတ္ႏွလုံး ျဖဴစင္လာေအာင္ အၿမဲႀကိဳးစားပါ။ စိတ္ေကာင္းေကာင္းထားပါ။
၆။ ထင္ခ်င္သလို ထင္ၾကပါေစ
လူအမ်ိဳးမ်ိဳး၊ စိတ္အေထြေထြရွိတယ္ဆိုသလိုပဲ လူ တစ္ေယာက္နဲ႔တစ္ေယာက္ တန္ဖိုးထားတာေတြ၊ ခံယူခ်က္ေတြနဲ႔ အျမင္ေတြ မတူညီၾကပါဘူး။ ကိုယ့္အေၾကာင္းနဲ႔ကိုယ္ ရွိၾကတာမို႔ကိုယ္မွန္တယ္လို႔ ယုံၾကည္တဲ့အရာကို ရဲရဲသာလုပ္ပါ။ အျခားလူေတြ ဘယ္လိုထင္သလဲဆိုတာ အေရးစိုက္မေနပါနဲ႔။