Sun. May 22nd, 2022

အတ္ထုပ္ပတ္တိဆိုတာ တော်ရုံလူအကြောင်းရေးတဲ့စာမျိုး မဟုတ်ပါဘူး။ သူများနဲ့မတူတဲ့ ဘဝနောက်ခံတွေ ၊ အတွေ့အကြုံနဲ့ အောင်မြင်မှုတွေ/ကျရှုံးမှုတွေနဲ့ ခမ်းနားခဲ့သူတွေအကြောင်းပဲ ရေးထားတာပါ။ အဲ့ဒီလို လူတွေအကြောင်း ဖတ်ရတာ သင့်စိတ်ကို အကြီးအကျယ် လှုပ်ရှားစေမှာ အမှန်ပါပဲ။ အကြောင်းက တကယ်ဖြစ်ခဲ့တဲ့အရာတွေနဲ့ တကယ်ရှိခဲ့တဲ့ လူတစ်‌ယောက်ရဲ့ ဇာတ်လမ်းဖြစ်လို့ပါ။ ဒီတစ်ခေါက်မှာ အိမ်မှာနေရင်း သိပ်ပျင်းလာပြီဆိုရင် အင်တာနက်ခေါက်ပြီး လိုက်ဖတ်ကြည့်သင့်တဲ့ စိတ်ဝင်စားစရာ အမျိုးသား ၅ ဦးတို့ရဲ့ အတ္ထုပ္ပတ္တိတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

(၁) Nikcola Tesla

circa 1900: Headshot portrait of Yugoslavian-born physicist and electrical engineer, Nikola Tesla. (Photo by Hulton Archive/Getty Images)

အလွန်တရာ ဉာဏ်ရည်ထက်မြက်ခဲ့တဲ့ လျှပ်စစ်ပညာရှင်နဲ့ သိပ္ပံပညာရှင် နီကိုလာတက်စလာကို AC လို့ ခေါ်တဲ့ ဒီနေ့အိမ်သုံးဓါတ်အားပေးစနစ်ကို တီထွင်ခဲ့သူအဖြစ် လူသိများပါတယ်။ မိုးကြိုးမုန်တိုင်းတိုက်ခတ်နေချိန်မှာ မွေးလာတာကို လူသိနည်းပါတယ်။ လျှပ်စစ်လောကမှာ သူရှေ့ဆောင်ခဲ့တဲ့ အလွန်တရာထူးဆန်းတဲ့ နည်းပညာသစ်တွေ ၊ ကြိုးမဲ့ဆက်သွယ်ရေး ၊ ကြိမ်နှုန်းမြင့် ဓါတ်အားပေးစနစ် ၊ ရှေ့ဦးနည်းပညာသစ်တွေအကြောင်း တအံ့တဩဖတ်ရပါလိမ့်မယ်။ အခုခေတ်မှာ ခေတ်စားနေတဲ့ စမတ်ဖုန်းနဲ့ ကြိုးမဲ့ဆက်သွယ်ရေး / အားသွင်းမှုစတာတွေကို နှစ် ၁၂၀ ကတည်းက ကြံဆတီထွင်ခဲ့သူအကြောင်းကို သူ့အတ္ထုပ္ပတ္တိမှာ တွေ့ရမှာပါ။

(၂) Rasputin

 

တစ်ခေတ်တစ်ခါက ဇာဘုရင်မိသားစုပေါ် စေတလုံးသဖွယ် ဩဇာကြီးခဲ့သူ ၊ မှော်အစွမ်းရှိသူအဖြစ် ယုံစားခံရတဲ့ မင်းဆရာတစ်ပါးအကြောင်းကလည်း သင့်ရဲ့ စိတ်ဝင်စားမှုနယ်ကို ထိုးဖောက်နိုင်မှာ အမှန်ပါပဲ။ လယ်သမားသားတစ်ယောက်ကနေ ဘုရားတစ်ဆူသဖွယ် သူ့လိင်အင်္ဂါကို ပြင်သစ်အမျိုးကောင်းသမီး လေဒီကြီးတွေ ကိုးကွယ်တဲ့အထိ ဘုန်းမီးနေလတောက်ပခဲ့သူအကြောင်း သိစရာတွေအများကြီးပါပဲ။

(၃) Che Guevara

 

သမိုင်းမှာ လူတွေနဲ့ အရင်းနှီးဆုံးတော်လှန်ရေးသမားတစ်ယောက်ရဲ့ မျက်နှာကို ပြပါဆိုရင် ချီလို အတိုကောက်ခေါ်ကြတဲ့ ချီဂွေဗားရားကို အရင်ပြောကြမယ်ထင်ပါတယ်။ သင့်ဦးလေးတွေကနေ သင့်တူတွေအထိ ဝတ်ခဲ့တဲ့ တီရှပ်တွေမှာ စစ်ဦးထုပ် ဘယ်ရီကပ်ဆောင်းထားတဲ့ ချီရဲ့ပုံကို မြင်ဖူးကြမှာပါ။ ရက်ဘီ နဲ့ စစ်တုရင်ကစားနည်းတွေ ဝါသနာကြီးတဲ့ အရေပြားအထူးကုဆရာဝန်လေးတစ်ယောက်ဟာ ဘယ်လိုလုပ် ကမ္ဘာကို ပြောင်းလဲနိုင်တဲ့ ပြောက်ကျားခေါင်းဆောင်ဖြစ်သွားပါလိမ့်ဆိုတာ သူ့အတ္ထုပ္ပတ္တိထဲမှာ ဖတ်ရပါလိမ့်မယ်။

(၄) Genghis Khan

လူတစ်ယောက်ဟာ သူ့သမိုင်းကို ဘယ်လောက်ကြီးမားအောင် ပုံဖော်နိုင်သလဲဆိုတာကို ဟိုးမွန်ဂိုလီးယား မြက်ခင်းပြင်နဲ့ တောင်ကုန်းတွေအကြားကနေ အင်ပါယာရှင်တစ်ဦးက သက်သေပြခဲ့ပါပြီ။ သူ့လက်ထက်မှာ လူသန်း ၄၀ ခန့် (မြန်မာနိုင်ငံ လူဦးရေရဲ့ ၅ ပုံ ၄ ပုံလောက်) သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သမိုင်းမှာ အကြီးကျယ်ဆုံး အာဏာရှင် အင်ပါယာချဲ့ထွင်သူ ပစိဖိတ်သမုဒ္ဓရာကနေ ဥရောပအရှေ့ခြမ်းအထိ မြင်းစီးပြီး စစ်တိုက်ခဲ့တဲ့သူအကြောင်း ၊ မောင်းမတော် ထောင်နဲ့ချီ ရှိခဲ့သူ ၊ အာရှတလွှားအမျိုးသားတွေရဲ့ ၈% သူ့သွေးကနေ စီးဆင်းတယ်လို့တောင် ဆိုစမှတ်ရှိတဲ့သူ။ ဒီလိုလူတစ်ယောက်အကြောင်း ဖတ်ရတာ ကိုယ်တိုင်စစ်တိုက်နေရသလို ခံစားရမှာပါ။

(၅) Hugh Heffner

Hugh Hefner poses at the Playboy Mansion in Los Angeles in 2010.

ပုရိသတွေအသည်းစွဲ PlayBoy မဂ္ဂဇင်းကို ထောင်ခဲ့တဲ့ဘဲကြီး။ ဗိုင်ယာဂရာ သုံးလွန်းလို့ နားကန်းသွားတယ်ဆိုတဲ့လူ။ အမျိုးသမီး ၁၀၀၀ ကျော်နဲ့ အိပ်စက်ခဲ့ပြီး အသက် ၉၁ နှစ်အထိ နေသွားတဲ့လူ။ ဒါမျိုးက ယောင်္ကျားတစ်သန်းမှာ တစ်ယောက် မတွေ့ကြုံဖူးတဲ့ ဘဝအတွေ့အကြုံတွေမလား။ ဟုချ်ဟက်ဖ်နာကတော့ ဒီလိုမျိုး လူပါဆိုတာကို သူ့အတ္ထုပ္ပတ္တိမှာ ဖတ်ရမှာပါ။

 

zawgyi

အတၳဳပၸတၱိဆိုတာ ေတာ္႐ုံလူအေၾကာင္းေရးတဲ့စာမ်ိဳး မဟုတ္ပါဘူး။ သူမ်ားနဲ႔မတူတဲ့ ဘဝေနာက္ခံေတြ ၊ အေတြ႕အႀကဳံနဲ႔ ေအာင္ျမင္မႈေတြ/က်ရႈံးမႈေတြနဲ႔ ခမ္းနားခဲ့သူေတြအေၾကာင္းပဲ ေရးထားတာပါ။ အဲ့ဒီလို လူေတြအေၾကာင္း ဖတ္ရတာ သင့္စိတ္ကို အႀကီးအက်ယ္ လႈပ္ရွားေစမွာ အမွန္ပါပဲ။ အေၾကာင္းက တကယ္ျဖစ္ခဲ့တဲ့အရာေတြနဲ႔ တကယ္ရွိခဲ့တဲ့ လူတစ္‌ေယာက္ရဲ႕ ဇာတ္လမ္းျဖစ္လို႔ပါ။ ဒီတစ္ေခါက္မွာ အိမ္မွာေနရင္း သိပ္ပ်င္းလာၿပီဆိုရင္ အင္တာနက္ေခါက္ၿပီး လိုက္ဖတ္ၾကည့္သင့္တဲ့ စိတ္ဝင္စားစရာ အမ်ိဳးသား ၅ ဦးတို႔ရဲ႕ အတၳဳပၸတၱိေတြနဲ႔ မိတ္ဆက္ေပးလိုက္ပါတယ္။

(၁) Nikcola Tesla

 

 

အလြန္တရာ ဉာဏ္ရည္ထက္ျမက္ခဲ့တဲ့ လွ်ပ္စစ္ပညာရွင္နဲ႔ သိပၸံပညာရွင္ နီကိုလာတက္စလာကို AC လို႔ ေခၚတဲ့ ဒီေန႔အိမ္သုံးဓါတ္အားေပးစနစ္ကို တီထြင္ခဲ့သူအျဖစ္ လူသိမ်ားပါတယ္။ မိုးႀကိဳးမုန္တိုင္းတိုက္ခတ္ေနခ်ိန္မွာ ေမြးလာတာကို လူသိနည္းပါတယ္။ လွ်ပ္စစ္ေလာကမွာ သူေရွ႕ေဆာင္ခဲ့တဲ့ အလြန္တရာထူးဆန္းတဲ့ နည္းပညာသစ္ေတြ ၊ ႀကိဳးမဲ့ဆက္သြယ္ေရး ၊ ႀကိမ္ႏႈန္းျမင့္ ဓါတ္အားေပးစနစ္ ၊ ေရွ႕ဦးနည္းပညာသစ္ေတြအေၾကာင္း တအံ့တဩဖတ္ရပါလိမ့္မယ္။ အခုေခတ္မွာ ေခတ္စားေနတဲ့ စမတ္ဖုန္းနဲ႔ ႀကိဳးမဲ့ဆက္သြယ္ေရး / အားသြင္းမႈစတာေတြကို ႏွစ္ ၁၂၀ ကတည္းက ႀကံဆတီထြင္ခဲ့သူအေၾကာင္းကို သူ႔အတၳဳပၸတၱိမွာ ေတြ႕ရမွာပါ။

(၂) Rasputin

 

 

တစ္ေခတ္တစ္ခါက ဇာဘုရင္မိသားစုေပၚ ေစတလုံးသဖြယ္ ဩဇာႀကီးခဲ့သူ ၊ ေမွာ္အစြမ္းရွိသူအျဖစ္ ယုံစားခံရတဲ့ မင္းဆရာတစ္ပါးအေၾကာင္းကလည္း သင့္ရဲ႕ စိတ္ဝင္စားမႈနယ္ကို ထိုးေဖာက္ႏိုင္မွာ အမွန္ပါပဲ။ လယ္သမားသားတစ္ေယာက္ကေန ဘုရားတစ္ဆူသဖြယ္ သူ႔လိင္အဂၤါကို ျပင္သစ္အမ်ိဳးေကာင္းသမီး ေလဒီႀကီးေတြ ကိုးကြယ္တဲ့အထိ ဘုန္းမီးေနလေတာက္ပခဲ့သူအေၾကာင္း သိစရာေတြအမ်ားႀကီးပါပဲ။

(၃) Che Guevara

 

 

သမိုင္းမွာ လူေတြနဲ႔ အရင္းႏွီးဆုံးေတာ္လွန္ေရးသမားတစ္ေယာက္ရဲ႕ မ်က္ႏွာကို ျပပါဆိုရင္ ခ်ီလို အတိုေကာက္ေခၚၾကတဲ့ ခ်ီေဂြဗားရားကို အရင္ေျပာၾကမယ္ထင္ပါတယ္။ သင့္ဦးေလးေတြကေန သင့္တူေတြအထိ ဝတ္ခဲ့တဲ့ တီရွပ္ေတြမွာ စစ္ဦးထုပ္ ဘယ္ရီကပ္ေဆာင္းထားတဲ့ ခ်ီရဲ႕ပုံကို ျမင္ဖူးၾကမွာပါ။ ရက္ဘီ နဲ႔ စစ္တုရင္ကစားနည္းေတြ ဝါသနာႀကီးတဲ့ အေရျပားအထူးကုဆရာဝန္ေလးတစ္ေယာက္ဟာ ဘယ္လိုလုပ္ ကမာၻကို ေျပာင္းလဲႏိုင္တဲ့ ေျပာက္က်ားေခါင္းေဆာင္ျဖစ္သြားပါလိမ့္ဆိုတာ သူ႔အတၳဳပၸတၱိထဲမွာ ဖတ္ရပါလိမ့္မယ္။

(၄) Genghis Khan

 

လူတစ္ေယာက္ဟာ သူ႔သမိုင္းကို ဘယ္ေလာက္ႀကီးမားေအာင္ ပုံေဖာ္ႏိုင္သလဲဆိုတာကို ဟိုးမြန္ဂိုလီးယား ျမက္ခင္းျပင္နဲ႔ ေတာင္ကုန္းေတြအၾကားကေန အင္ပါယာရွင္တစ္ဦးက သက္ေသျပခဲ့ပါၿပီ။ သူ႔လက္ထက္မွာ လူသန္း ၄၀ ခန႔္ (ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ၅ ပုံ ၄ ပုံေလာက္) သတ္ျဖတ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ သမိုင္းမွာ အႀကီးက်ယ္ဆုံး အာဏာရွင္ အင္ပါယာခ်ဲ႕ထြင္သူ ပစိဖိတ္သမုဒၶရာကေန ဥေရာပအေရွ႕ျခမ္းအထိ ျမင္းစီးၿပီး စစ္တိုက္ခဲ့တဲ့သူအေၾကာင္း ၊ ေမာင္းမေတာ္ ေထာင္နဲ႔ခ်ီ ရွိခဲ့သူ ၊ အာရွတလႊားအမ်ိဳးသားေတြရဲ႕ ၈% သူ႔ေသြးကေန စီးဆင္းတယ္လို႔ေတာင္ ဆိုစမွတ္ရွိတဲ့သူ။ ဒီလိုလူတစ္ေယာက္အေၾကာင္း ဖတ္ရတာ ကိုယ္တိုင္စစ္တိုက္ေနရသလို ခံစားရမွာပါ။

(၅) Hugh Heffner

 

ပုရိသေတြအသည္းစြဲ PlayBoy မဂၢဇင္းကို ေထာင္ခဲ့တဲ့ဘဲႀကီး။ ဗိုင္ယာဂရာ သုံးလြန္းလို႔ နားကန္းသြားတယ္ဆိုတဲ့လူ။ အမ်ိဳးသမီး ၁၀၀၀ ေက်ာ္နဲ႔ အိပ္စက္ခဲ့ၿပီး အသက္ ၉၁ ႏွစ္အထိ ေနသြားတဲ့လူ။ ဒါမ်ိဳးက ေယာက်ၤားတစ္သန္းမွာ တစ္ေယာက္ မေတြ႕ႀကဳံဖူးတဲ့ ဘဝအေတြ႕အႀကဳံေတြမလား။ ဟုခ်္ဟက္ဖ္နာကေတာ့ ဒီလိုမ်ိဳး လူပါဆိုတာကို သူ႔အတၳဳပၸတၱိမွာ ဖတ္ရမွာပါ။

 

 

Leave a Reply

Your email address will not be published.