Fri. May 27th, 2022

တိုနီရောဘင်စ်ကို စီးပွားရေးလောကမှာရော အဟောအပြောလောကမှာပါ ဆရာတစ်ဆူအဖြစ် လူသိများကြပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာ စီးပွားရေးလောကမှာ အောင်မြင်မှုတွေ ရခဲ့သလို အောင်မြင်ရေးဆိုင်ရာ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်လည်း ပြုစုပြီး စိတ်ခွန်အားဖြည့် ဟောပြောရေးပညာရှင်အဖြစ်လည်း ဖြတ်သန်းခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးပါ။

ဒေါ်လာသန်းပေါင်းများစွာ ရှာနိုင်ခဲ့တဲ့ စီးပွားရေးသမားဖြစ်ခဲ့သလို တခြားသူတွေကိုလည်း ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရအောင် နည်းပေးလမ်းပြလုပ်ခဲ့သူ ဖြစ်ပါတယ်။ တိုနီရော်ဘင်စ်ရေးတဲ့ စာအုပ်တွေထဲမှာ Unlimited Power နဲ့ Unleash the Power Within တို့ဆို စီးပွားရေးလောကသားတွေအပြင် ဘဝကို ပိုကောင်းအောင် တည်ဆောက်ချင်သူတွေ လက်စွဲပြုဖတ်ရပါတယ်။ ဒီလို လူတစ်ယောက်ဆီက အောင်မြင်တဲ့ဘဝကို သွားဖို့အတွက် သိသင့်တဲ့ လျှို့ဝှက်ချက်တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) သတိတရား အမြဲထားပါ

စိတ်ကို အမြဲစုစည်းပြီး သတိနဲ့နေတဲ့အကျင့်လုပ်ကြည့်ပါ။ တိုနီရော်ဘင်စ် ပြောတဲ့အောင်မြင်ရေးလျှို့ဝှက်ချက်တစ်ခုက မနက်တိုင်း တရားထိုင်ဖို့ပါတဲ့။ တရားထိုင်တဲ့အလေ့အကျင့်က စိတ်ရဲ့စွမ်းအင်နဲ့ လူရဲ့ကျန်းမာရေးကို အမြဲတမ်း မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက တရားထိုင်မှုကို စိတ်အဆင့်မြှင့်တင်ဖို့ နည်းလမ်းအဖြစ် အဆင့်ဆင့် ညွှန်ကြားလာတာပါ။ အောင်မြင်ချင်တဲ့လူတစ်ယောက်အဖို့ သတိရှိပြီး အားကောင်းတဲ့စိတ်စွမ်းအင်က သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးအရှိဆုံးစိတ်အရင်းအမြစ်တစ်ခု ပါပဲ။

(၂) စိတ်နဲ့ခံစားမှု အသစ်ပြန်စပါ

 

 

စိတ်နဲ့ခံစားချက် Mood အခြေအနေကို Rest လုပ်တဲ့အကျင့် မွေးပါ။ အကောင်းမြင်တဲ့စိတ်မွေးတာ ၊ မကောင်းတဲ့စိတ်/ခံစားလွယ်တဲ့စိတ်တွေကို ထိန်းသိမ်းပြီး အကောင်းဆုံးအနေအထားမှာ စိတ်ကို ထားတတ်ဖို့ လေ့ကျင့်ရပါမယ်။ခန္ဓာကိုယ်နဲ့ စိတ်နဲ့ စည်းချက်ညီမနေရင် စွမ်းဆောင်ရည်ကျဆင်းပြီး ဘာအလုပ်မှ မယ်မယ်ရရ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ စိတ်ရောလူပါ သိပ်ပင်ပန်းလာတဲ့အခါ နားပြီး Reset လုပ်လိုက်တာနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်အကြား စည်းချက်မှန်သွားပြီး စွမ်းဆောင်ရည်မြင့်တဲ့လူတစ်ယောက် ၊ ပိုပြီး ပျော်ရွှင် ၊ ယုံကြည်မှုပို ရှိသူတစ်ယောက် ဖြစ်လာမှာပါ။

(၃) လွှတ်ချတတ်ပါစေ

 

သင့်ကို ခြောက်လှန့်နေတဲ့ အတိတ်တွေရဲ့ ဖုံးလွှမ်းမှုကို လက်မခံဘဲ လွှတ်ချလိုက်ပါ။ တချိန်က မှားခဲ့တဲ့အမှားတွေကို တစ်နှစ်ပြီးတစ်နှစ် သယ်သွားစရာမလိုပါဘူး။ အတိတ်တွေဆိုတာ ပြန်ပြီး ပြုပြင်လို့ မရတော့တာတွေ ဖြစ်လို့ အမှားတွေနဲ့ ရှုံးနိမ့်တဲ့ဒဏ်ချက်တွေကို ဆုပ်ကိုင်ထားတာဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဘဝမှာ ပြောင်းလဲလို့ မရတဲ့အရာတွေနဲ့ ကြုံလာရင် Let It Go လုပ်တတ်ခြင်းကလည်း အရည်အချင်းတစ်ခုပါပဲ။ ခေါင်းထဲမှာ မလိုအပ်တာတွေ ရှင်းထုတ်နိုင်လေလေ သင်သွားမယ့်လမ်းကို ပိုပြတ်ပြတ်သားသား ထင်ထင်ရှားရှား မြင်ရလေလေပါပဲ။

(၄) ယုံကြည်မှုရှိအောင် နေပါ

စာအုပ်အဖုံးကို ကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ စကားက ငြင်းစရာမရှိအောင် မှန်ပါတယ်။ ဒါပေမယ့်လည်း လူတွေကတော့ ကိုယ်နဲ့ အစိမ်းသက်သက် အခုမှ သိရတဲ့လူတွေကို သူတို့မြင်တဲ့အဖုံးတွေနဲ့ ဆုံးဖြတ်တယ်ဆိုတာလည်း မေ့ထားလို့ မရပါဘူး။ လူအချင်းချင်း အထင်ကြီးမှုဆိုတဲ့ Impression ဟာ မြင်မြင်ချင်း အခိုက်အတန့်မှာ အမြဲပဲ စတင်ပါတယ်။ ‘
သင့်ရဲ့ စကားပြောဆိုဟန် ၊ အသုံးအနှုန်း ၊ လှုပ်ရှားသွားလာမှုနဲ့ ဝတ်ပုံစားပုံ စတဲ့ အသွင်အပြင်အားလုံးဟာ တခြားသူတွေ သင့်ကို အရင်ဆုံး မြင်တဲ့ သင့်ရဲ့ အဖုံးပါပဲ။ သင့်စကားကို လေးစားသမှုနဲ့ နားထောင်ဖို့ ၊ သင့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ သူစိမ်းတွေရှေ့မှာ သင်ဟာ Looking Great ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် ဘယ်တော့မဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ပုံစံနဲ့ နေထိုင်ပါလို့ တိုနီ ရော်ဘင်စ်က အကြံပေးထားပါတယ်။

(၅) စိတ်ဖိစီးမှုကို ကိုင်တွယ်တတ်ပါစေ

စိတ်ဖိစီးလာရင် ဘာမှ လုပ်ချင်စိတ်မရှိဘဲ ပေါက်ကွဲပူလောင်နေတာမျိုး ဖြစ်ဖူးကြမှာပါ။ အောင်မြင်တဲ့ဘဝပိုင်ရှင်တွေက သာမန်လူတွေထက် စိတ်ဖိစီးမှုပိုများပါတယ်။ ဒါပေမယ့် သူတို့ဟာ Stress ကြောင့် Success ကို အထိခိုက်မခံပါဘူး။ စိတ်ဖိစီးမှုကောင်းကောင်း ကိုင်တွယ်တတ်ပါတယ်။ စိတ်ဖိစီးမှုကို ရင်ဆိုင်ပြီး ကြုံလာတဲ့ အခြေအနေတွေမှာ အကောင်းဆုံး ဆက်လျှောက်တတ်အောင် လေ့ကျင့်ယူတတ်ပါတယ်။ ဘဝမှာ ပိုပြီး မြင့်မားတဲ့နေရာမရောက်ခင် စကြဝဠာကြီးက သင့်ဆီကို တိတ်တဆိတ်ပေးလာတဲ့ လျှို့ဝှက်မက်ဆေ့တစ်ခုက အခက်အခဲ ၊ သောကနဲ့ အတားအဆီးတွေပါပဲ။ ဒီမက်ဆေ့ကို အဓိပ္ပါယ်ဖော်တတ်သူဟာ အောင်မြင်မှုတံခါးဖွင့်ဖို့ မန္တန်တစ်ပုဒ်ရလိုက်တာပဲလို့ ဆိုချင်ပါတယ်။

 

 

Zawgyi

တိုနီေရာဘင္စ္ကို စီးပြားေရးေလာကမွာေရာ အေဟာအေျပာေလာကမွာပါ ဆရာတစ္ဆူအျဖစ္ လူသိမ်ားၾကပါတယ္။ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ စီးပြားေရးေလာကမွာ ေအာင္ျမင္မႈေတြ ရခဲ့သလို ေအာင္ျမင္ေရးဆိုင္ရာ က်မ္းႀကီးက်မ္းငယ္ အသြယ္သြယ္လည္း ျပဳစုၿပီး စိတ္ခြန္အားျဖည့္ ေဟာေျပာေရးပညာရွင္အျဖစ္လည္း ျဖတ္သန္းခဲ့တဲ့ ကမာၻေက်ာ္ပုဂၢိဳလ္တစ္ဦးပါ။

ေဒၚလာသန္းေပါင္းမ်ားစြာ ရွာႏိုင္ခဲ့တဲ့ စီးပြားေရးသမားျဖစ္ခဲ့သလို တျခားသူေတြကိုလည္း ေဒၚလာသန္းေပါင္းမ်ားစြာ ဝင္ေငြရေအာင္ နည္းေပးလမ္းျပလုပ္ခဲ့သူ ျဖစ္ပါတယ္။ တိုနီေရာ္ဘင္စ္ေရးတဲ့ စာအုပ္ေတြထဲမွာ Unlimited Power နဲ႔ Unleash the Power Within တို႔ဆို စီးပြားေရးေလာကသားေတြအျပင္ ဘဝကို ပိုေကာင္းေအာင္ တည္ေဆာက္ခ်င္သူေတြ လက္စြဲျပဳဖတ္ရပါတယ္။ ဒီလို လူတစ္ေယာက္ဆီက ေအာင္ျမင္တဲ့ဘဝကို သြားဖို႔အတြက္ သိသင့္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြက ဘာေတြ ျဖစ္မလဲ ၾကည့္လိုက္ရေအာင္ပါ။

(၁) သတိတရား အၿမဲထားပါ

 

စိတ္ကို အၿမဲစုစည္းၿပီး သတိနဲ႔ေနတဲ့အက်င့္လုပ္ၾကည့္ပါ။ တိုနီေရာ္ဘင္စ္ ေျပာတဲ့ေအာင္ျမင္ေရးလွ်ိဳ႕ဝွက္ခ်က္တစ္ခုက မနက္တိုင္း တရားထိုင္ဖို႔ပါတဲ့။ တရားထိုင္တဲ့အေလ့အက်င့္က စိတ္ရဲ႕စြမ္းအင္နဲ႔ လူရဲ႕က်န္းမာေရးကို အၿမဲတမ္း ျမႇင့္တင္ေပးႏိုင္စြမ္းရွိပါတယ္။ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက တရားထိုင္မႈကို စိတ္အဆင့္ျမႇင့္တင္ဖို႔ နည္းလမ္းအျဖစ္ အဆင့္ဆင့္ ၫႊန္ၾကားလာတာပါ။ ေအာင္ျမင္ခ်င္တဲ့လူတစ္ေယာက္အဖို႔ သတိရွိၿပီး အားေကာင္းတဲ့စိတ္စြမ္းအင္က သူ႔ရဲ႕ပိုင္ဆိုင္မႈေတြထဲမွာ တန္ဖိုးအရွိဆုံးစိတ္အရင္းအျမစ္တစ္ခု ပါပဲ။

(၂) စိတ္နဲ႔ခံစားမႈ အသစ္ျပန္စပါ

 

 

 

စိတ္နဲ႔ခံစားခ်က္ Mood အေျခအေနကို Rest လုပ္တဲ့အက်င့္ ေမြးပါ။ အေကာင္းျမင္တဲ့စိတ္ေမြးတာ ၊ မေကာင္းတဲ့စိတ္/ခံစားလြယ္တဲ့စိတ္ေတြကို ထိန္းသိမ္းၿပီး အေကာင္းဆုံးအေနအထားမွာ စိတ္ကို ထားတတ္ဖို႔ ေလ့က်င့္ရပါမယ္။ခႏၶာကိုယ္နဲ႔ စိတ္နဲ႔ စည္းခ်က္ညီမေနရင္ စြမ္းေဆာင္ရည္က်ဆင္းၿပီး ဘာအလုပ္မွ မယ္မယ္ရရ လုပ္ျဖစ္မွာ မဟုတ္ပါဘူး။ စိတ္ေရာလူပါ သိပ္ပင္ပန္းလာတဲ့အခါ နားၿပီး Reset လုပ္လိုက္တာနဲ႔ ဦးေႏွာက္နဲ႔ ခႏၶာကိုယ္အၾကား စည္းခ်က္မွန္သြားၿပီး စြမ္းေဆာင္ရည္ျမင့္တဲ့လူတစ္ေယာက္ ၊ ပိုၿပီး ေပ်ာ္႐ႊင္ ၊ ယုံၾကည္မႈပို ရွိသူတစ္ေယာက္ ျဖစ္လာမွာပါ။

(၃) လႊတ္ခ်တတ္ပါေစ

 

 

သင့္ကို ေျခာက္လွန႔္ေနတဲ့ အတိတ္ေတြရဲ႕ ဖုံးလႊမ္းမႈကို လက္မခံဘဲ လႊတ္ခ်လိုက္ပါ။ တခ်ိန္က မွားခဲ့တဲ့အမွားေတြကို တစ္ႏွစ္ၿပီးတစ္ႏွစ္ သယ္သြားစရာမလိုပါဘူး။ အတိတ္ေတြဆိုတာ ျပန္ၿပီး ျပဳျပင္လို႔ မရေတာ့တာေတြ ျဖစ္လို႔ အမွားေတြနဲ႔ ရႈံးနိမ့္တဲ့ဒဏ္ခ်က္ေတြကို ဆုပ္ကိုင္ထားတာဟာ အဓိပၸါယ္မရွိတဲ့ လုပ္ရပ္ျဖစ္တယ္ဆိုတာကို နားလည္သေဘာေပါက္ဖို႔ လိုပါတယ္။ ဘဝမွာ ေျပာင္းလဲလို႔ မရတဲ့အရာေတြနဲ႔ ႀကဳံလာရင္ Let It Go လုပ္တတ္ျခင္းကလည္း အရည္အခ်င္းတစ္ခုပါပဲ။ ေခါင္းထဲမွာ မလိုအပ္တာေတြ ရွင္းထုတ္ႏိုင္ေလေလ သင္သြားမယ့္လမ္းကို ပိုျပတ္ျပတ္သားသား ထင္ထင္ရွားရွား ျမင္ရေလေလပါပဲ။

(၄) ယုံၾကည္မႈရွိေအာင္ ေနပါ

 

စာအုပ္အဖုံးကို ၾကည့္႐ုံနဲ႔ ဆုံးျဖတ္လို႔ မရဘူးဆိုတဲ့ စကားက ျငင္းစရာမရွိေအာင္ မွန္ပါတယ္။ ဒါေပမယ့္လည္း လူေတြကေတာ့ ကိုယ္နဲ႔ အစိမ္းသက္သက္ အခုမွ သိရတဲ့လူေတြကို သူတို႔ျမင္တဲ့အဖုံးေတြနဲ႔ ဆုံးျဖတ္တယ္ဆိုတာလည္း ေမ့ထားလို႔ မရပါဘူး။ လူအခ်င္းခ်င္း အထင္ႀကီးမႈဆိုတဲ့ Impression ဟာ ျမင္ျမင္ခ်င္း အခိုက္အတန႔္မွာ အၿမဲပဲ စတင္ပါတယ္။ ‘
သင့္ရဲ႕ စကားေျပာဆိုဟန္ ၊ အသုံးအႏႈန္း ၊ လႈပ္ရွားသြားလာမႈနဲ႔ ဝတ္ပုံစားပုံ စတဲ့ အသြင္အျပင္အားလုံးဟာ တျခားသူေတြ သင့္ကို အရင္ဆုံး ျမင္တဲ့ သင့္ရဲ႕ အဖုံးပါပဲ။ သင့္စကားကို ေလးစားသမႈနဲ႔ နားေထာင္ဖို႔ ၊ သင့္ကို လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုဖို႔ သူစိမ္းေတြေရွ႕မွာ သင္ဟာ Looking Great ျဖစ္ေနဖို႔ လိုပါတယ္။ ဒါေၾကာင့္ ဘယ္ေတာ့မဆို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတဲ့ပုံစံနဲ႔ ေနထိုင္ပါလို႔ တိုနီ ေရာ္ဘင္စ္က အႀကံေပးထားပါတယ္။

(၅) စိတ္ဖိစီးမႈကို ကိုင္တြယ္တတ္ပါေစ

 

စိတ္ဖိစီးလာရင္ ဘာမွ လုပ္ခ်င္စိတ္မရွိဘဲ ေပါက္ကြဲပူေလာင္ေနတာမ်ိဳး ျဖစ္ဖူးၾကမွာပါ။ ေအာင္ျမင္တဲ့ဘဝပိုင္ရွင္ေတြက သာမန္လူေတြထက္ စိတ္ဖိစီးမႈပိုမ်ားပါတယ္။ ဒါေပမယ့္ သူတို႔ဟာ Stress ေၾကာင့္ Success ကို အထိခိုက္မခံပါဘူး။ စိတ္ဖိစီးမႈေကာင္းေကာင္း ကိုင္တြယ္တတ္ပါတယ္။ စိတ္ဖိစီးမႈကို ရင္ဆိုင္ၿပီး ႀကဳံလာတဲ့ အေျခအေနေတြမွာ အေကာင္းဆုံး ဆက္ေလွ်ာက္တတ္ေအာင္ ေလ့က်င့္ယူတတ္ပါတယ္။ ဘဝမွာ ပိုၿပီး ျမင့္မားတဲ့ေနရာမေရာက္ခင္ စၾကဝဠာႀကီးက သင့္ဆီကို တိတ္တဆိတ္ေပးလာတဲ့ လွ်ိဳ႕ဝွက္မက္ေဆ့တစ္ခုက အခက္အခဲ ၊ ေသာကနဲ႔ အတားအဆီးေတြပါပဲ။ ဒီမက္ေဆ့ကို အဓိပၸါယ္ေဖာ္တတ္သူဟာ ေအာင္ျမင္မႈတံခါးဖြင့္ဖို႔ မႏၲန္တစ္ပုဒ္ရလိုက္တာပဲလို႔ ဆိုခ်င္ပါတယ္။

 

 

 

Leave a Reply

Your email address will not be published.