Unicode Version
စာရေးဆရာ T. Harv Eker ရေးသားခဲ့တဲ့ “သန်းကြွယ် သူဌေးတွေရဲ့ စိတ်နေစိတ်ထား လျှိို့ဝှက်ချက်များ”
(Secrets of the Millionaire Mind) စာအုပ် ထဲမှာပါတဲ့ လူချမ်းသာတွေနဲ့ လူဆင်းရဲတွေရဲ့ ခြားနားချက် (၁၇) ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) လူချမ်းသာတွေက “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တယ်” လို့ ယုံကြည်ကြပါတယ်။ လူဆင်းရဲတွေကတော့ “အရာအားလုံးဟာ ကံစီမံရာအတိုင်းပဲ” လို့ ယုံကြည်ကြပါတယ်။
(၂) ငွေကြေးကစားပွဲမှာ လူချမ်းသာတွေက နိုင်အောင် ကြိုးစားပြီး တိုက်စစ်နဲ့ ကစားကြပါတယ်။ လူဆင်းရဲတွေကတော့ ခံစစ်နဲ့ မရှုံးဖို့ကိုပဲ အားစိုက်ကြိုးစားကြပါတယ်။
(၃) လူချမ်းသာတွေက ချမ်းသာအောင် ဖိဖိစီးစီး ကြိုးစားဖို့ ကတိပြုကြပါတယ်။ လူဆင်းရဲတွေကတော့ ချမ်းသာဖို့ စိတ်ကူးယဉ်ပါတယ်။
(၄) လူချမ်းသာတွေက ကြီးကျယ်မြင့်မြတ်တာတွေကို တွေးပါတယ်။ လူဆင်းရဲတွေကတော့ အသေးအဖွဲ အရေးမပါတာတွေကို တွေးပါတယ်။
(၅) လူချမ်းသာတွေက အခွင့်အလမ်း အလားအလာတွေကို အာရုံစိုက်ပါတယ်။ လူဆင်းရဲတွေက ပြဿနာတွေကို အာရုံစိုက်ပါတယ်။
(၆) လူချမ်းသာတွေက အခြား ချမ်းသာအောင်မြင်နေတဲ့သူတွေကို လေးစားအားကျပါတယ်။ လူဆင်းရဲတွေကတော့ ချမ်းသာအောင်မြင်နေတဲ့သူတွေကို မလိုစိတ်ထား အမုန်းပွားပါတယ်။
(၇) လူချမ်းသာတွေက အကောင်းမြင်စိတ်နဲ့ ကြိုးစား အောင်မြင်လာတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ ပေါင်းသင်းပါတယ်။ လူဆင်းရဲတွေကတော့ အဆိုးမြင်တတ်တဲ့ ဘဝအရှုံးသမားတွေနဲ့ ပေါင်းသင်းကြပါတယ်။
(၈) လူချမ်းသာတွေက ကိုယ်သိထားတတ်ထားတဲ့ အရည်အချင်း၊ တန်ဖိုးနဲ့ ယုံကြည်ချက်တွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်တတ်ကြပါတယ်။ လူဆင်းရဲတွေကတော့ ဒီလိုထုတ်ဖော်ဖို့ မနှစ်သက်ကြပါဘူး။
(၉) လူချမ်းသာတွေဟာ သူတို့ကြုံတွေ့ရတဲ့ ပြဿနာတွေကို ကျော်လွှားတွန်းလှန်နိုင်ပါတယ်။ လူဆင်းရဲတွေကတော့ ပြဿနာတွေရဲ့အောက်မှာ ပိပြားနေတတ်ကြပါတယ်။
(၁၀) လူချမ်းသာတွေက ကိုယ်လက်ခံရရှိတဲ့အရာတွေကို ထိုက်ထိုက်တန်တန် ကျေကျေနပ်နပ်လက်ခံကြပါတယ်။ လူဆင်းရဲတွေကတော့ မထိုက်တန်ပဲရလာသလို ဘာလိုလိုနဲ့ ရှက်ရွံ့လက်တွန့် နေတတ်ကြပါတယ်။
(၁၁) လူချမ်းသာတွေဟာ ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ပေါ်မူတည်ပြီး ငွေရတဲ့ အလုပ်မျိုးကို ရွေးလုပ်ကြပါတယ်။ လူဆင်းရဲတွေကတော့ ကိုယ်ပေးလိုက်ရတဲ့ အချိန်တွေပေါ် မူတည်ပြီး ငွေရတဲ့ အလုပ်မျိုးကို ရွေးလုပ်ကြပါတယ်။
(၁၂) လူချမ်းသာတွေဟာ “သား ရွှေအိုးထမ်းလာတာကို မြင်” ရအောင် ထိုးထွင်းပြီး တွေးကြပါတယ်။ လူဆင်းရဲတွေကတော့ “သား အသက်ရှင်ဖို့”၊ “ရွှေအိုးကြီးရဖို့” နဲ့ “မျက်စိမြင်ဖို့” ကို တစ်ခုမဟုတ် တစ်ခုပဲ တွေးတတ်ကြ ပါတယ်။
(၁၃) လူချမ်းသာတွေဟာ သူတို့ရဲ့ အသားတင်ကြွယ်ဝ ချမ်းသာမှုကို အာရုံစိုက်ပါတယ်။ လူဆင်းရဲတွေကတော့ လုပ်အားခ ဝင်ငွေကိုပဲ အာရုံစိုက်ပါတယ်။
(၁၄) လူချမ်းသာတွေက ငွေကြေးစီမံခန့်ခွဲမှု ကျွမ်းကျင်ကြ ပါတယ်။ လူဆင်းရဲတွေက ငွေကြေးစီမံခန့်ခွဲမှု ညံ့ဖျင်း ကြပါတယ်။
(၁၅) လူချမ်းသာတွေက ငွေကို ခိုင်းထားတတ်ကြပါတယ်။ လူဆင်းရဲတွေကတော့ ငွေရဲ့ခိုင်းတာကို ခံနေရပါတယ်။
(၁၆) လူချမ်းသာတွေဟာ ကြောက်ရွံ့နေလည်း လုပ်စရာ ရှိတာ ဆက်လုပ်ပါတယ်။ လူဆင်းရဲတွေကတော့ အကြောက်တရားတွေကြား ဘာမှ ဆက်မလုပ်နိုင်တော့ပါ ဘူး။
(၁၇) လူချမ်းသာတွေဟာ အမြဲလေ့လာသင်ယူတိုးတက်နေကြပါတယ်။ လူဆင်းရဲတွေကတော့ သူတို့ အကုန်သိအကုန်တတ်နေပြီလို့ အထင်ရောက်ကြပါတယ်။
(အချို့အချက်တွေက ပြည့်ပြည့်ဝဝ မှန်ကန်တယ်လို့ မဆိုနိုင်ပဲ ခြွင်းချက်တွေတော့ ရှိပါတယ်။ ကိုယ်တိုင်ပဲ ချင့်ချိန်သုံးသပ်ကြပါခင်ဗျာ။)
“အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ”
#Zawgyi Version
လူခ်မ္းသာေတြနဲ႕ လူဆင္းရဲေတြရဲ႕ ျခားနားခ်က္ (၁၇) ခ်က္
17 Differences Between Rich and Poor
စာေရးဆရာ T. Harv Eker ေရးသားခဲ့တဲ့ “သန္းႂကြယ္ သူေဌးေတြရဲ႕ စိတ္ေနစိတ္ထား လွ်ိို႔ဝွက္ခ်က္မ်ား”
(Secrets of the Millionaire Mind) စာအုပ္ ထဲမွာပါတဲ့ လူခ်မ္းသာေတြနဲ႕ လူဆင္းရဲေတြရဲ႕ ျခားနားခ်က္ (၁၇) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။
(၁) လူခ်မ္းသာေတြက “ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးနိုင္တယ္” လို႔ ယုံၾကည္ၾကပါတယ္။ လူဆင္းရဲေတြကေတာ့ “အရာအားလုံးဟာ ကံစီမံရာအတိုင္းပဲ” လို႔ ယုံၾကည္ၾကပါတယ္။
(၂) ေငြေၾကးကစားပြဲမွာ လူခ်မ္းသာေတြက နိုင္ေအာင္ ႀကိဳးစားၿပီး တိုက္စစ္နဲ႕ ကစားၾကပါတယ္။ လူဆင္းရဲေတြကေတာ့ ခံစစ္နဲ႕ မရႈံးဖို႔ကိုပဲ အားစိုက္ႀကိဳးစားၾကပါတယ္။
(၃) လူခ်မ္းသာေတြက ခ်မ္းသာေအာင္ ဖိဖိစီးစီး ႀကိဳးစားဖို႔ ကတိျပဳၾကပါတယ္။ လူဆင္းရဲေတြကေတာ့ ခ်မ္းသာဖို႔ စိတ္ကူးယဥ္ပါတယ္။
(၄) လူခ်မ္းသာေတြက ႀကီးက်ယ္ျမင့္ျမတ္တာေတြကို ေတြးပါတယ္။ လူဆင္းရဲေတြကေတာ့ အေသးအဖြဲ အေရးမပါတာေတြကို ေတြးပါတယ္။
(၅) လူခ်မ္းသာေတြက အခြင့္အလမ္း အလားအလာေတြကို အာ႐ုံစိုက္ပါတယ္။ လူဆင္းရဲေတြက ျပႆနာေတြကို အာ႐ုံစိုက္ပါတယ္။
(၆) လူခ်မ္းသာေတြက အျခား ခ်မ္းသာေအာင္ျမင္ေနတဲ့သူေတြကို ေလးစားအားက်ပါတယ္။ လူဆင္းရဲေတြကေတာ့ ခ်မ္းသာေအာင္ျမင္ေနတဲ့သူေတြကို မလိုစိတ္ထား အမုန္းပြားပါတယ္။
(၇) လူခ်မ္းသာေတြက အေကာင္းျမင္စိတ္နဲ႕ ႀကိဳးစား ေအာင္ျမင္လာတဲ့သူေတြနဲ႕ မိတ္ေဆြဖြဲ႕ ေပါင္းသင္းပါတယ္။ လူဆင္းရဲေတြကေတာ့ အဆိုးျမင္တတ္တဲ့ ဘဝအရႈံးသမားေတြနဲ႕ ေပါင္းသင္းၾကပါတယ္။
(၈) လူခ်မ္းသာေတြက ကိုယ္သိထားတတ္ထားတဲ့ အရည္အခ်င္း၊ တန္ဖိုးနဲ႕ ယုံၾကည္ခ်က္ေတြကို ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္တတ္ၾကပါတယ္။ လူဆင္းရဲေတြကေတာ့ ဒီလိုထုတ္ေဖာ္ဖို႔ မႏွစ္သက္ၾကပါဘူး။
(၉) လူခ်မ္းသာေတြဟာ သူတို႔ႀကဳံေတြ႕ရတဲ့ ျပႆနာေတြကို ေက်ာ္လႊားတြန္းလွန္နိုင္ပါတယ္။ လူဆင္းရဲေတြကေတာ့ ျပႆနာေတြရဲ႕ေအာက္မွာ ပိျပားေနတတ္ၾကပါတယ္။
(၁၀) လူခ်မ္းသာေတြက ကိုယ္လက္ခံရရွိတဲ့အရာေတြကို ထိုက္ထိုက္တန္တန္ ေက်ေက်နပ္နပ္လက္ခံၾကပါတယ္။ လူဆင္းရဲေတြကေတာ့ မထိုက္တန္ပဲရလာသလို ဘာလိုလိုနဲ႕ ရွက္႐ြံ႕လက္တြန့္ ေနတတ္ၾကပါတယ္။
(၁၁) လူခ်မ္းသာေတြဟာ ကိုယ္လုပ္တဲ့အလုပ္ရဲ႕ ရလဒ္ေပၚမူတည္ၿပီး ေငြရတဲ့ အလုပ္မ်ိဳးကို ေ႐ြးလုပ္ၾကပါတယ္။ လူဆင္းရဲေတြကေတာ့ ကိုယ္ေပးလိုက္ရတဲ့ အခ်ိန္ေတြေပၚ မူတည္ၿပီး ေငြရတဲ့ အလုပ္မ်ိဳးကို ေ႐ြးလုပ္ၾကပါတယ္။
(၁၂) လူခ်မ္းသာေတြဟာ “သား ေ႐ႊအိုးထမ္းလာတာကို ျမင္” ရေအာင္ ထိုးထြင္းၿပီး ေတြးၾကပါတယ္။ လူဆင္းရဲေတြကေတာ့ “သား အသက္ရွင္ဖို႔”၊ “ေ႐ႊအိုးႀကီးရဖို႔” နဲ႕ “မ်က္စိျမင္ဖို႔” ကို တစ္ခုမဟုတ္ တစ္ခုပဲ ေတြးတတ္ၾက ပါတယ္။
(၁၃) လူခ်မ္းသာေတြဟာ သူတို႔ရဲ႕ အသားတင္ႂကြယ္ဝ ခ်မ္းသာမႈကို အာ႐ုံစိုက္ပါတယ္။ လူဆင္းရဲေတြကေတာ့ လုပ္အားခ ဝင္ေငြကိုပဲ အာ႐ုံစိုက္ပါတယ္။
(၁၄) လူခ်မ္းသာေတြက ေငြေၾကးစီမံခန့္ခြဲမႈ ကြၽမ္းက်င္ၾက ပါတယ္။ လူဆင္းရဲေတြက ေငြေၾကးစီမံခန့္ခြဲမႈ ညံ့ဖ်င္း ၾကပါတယ္။
(၁၅) လူခ်မ္းသာေတြက ေငြကို ခိုင္းထားတတ္ၾကပါတယ္။ လူဆင္းရဲေတြကေတာ့ ေငြရဲ႕ခိုင္းတာကို ခံေနရပါတယ္။
(၁၆) လူခ်မ္းသာေတြဟာ ေၾကာက္႐ြံ႕ေနလည္း လုပ္စရာ ရွိတာ ဆက္လုပ္ပါတယ္။ လူဆင္းရဲေတြကေတာ့ အေၾကာက္တရားေတြၾကား ဘာမွ ဆက္မလုပ္နိုင္ေတာ့ပါ ဘူး။
(၁၇) လူခ်မ္းသာေတြဟာ အၿမဲေလ့လာသင္ယူတိုးတက္ေနၾကပါတယ္။ လူဆင္းရဲေတြကေတာ့ သူတို႔ အကုန္သိအကုန္တတ္ေနၿပီလို႔ အထင္ေရာက္ၾကပါတယ္။
(အခ်ိဳ႕အခ်က္ေတြက ျပည့္ျပည့္ဝဝ မွန္ကန္တယ္လို႔ မဆိုနိုင္ပဲ ႁခြင္းခ်က္ေတြေတာ့ ရွိပါတယ္။ ကိုယ္တိုင္ပဲ ခ်င့္ခ်ိန္သုံးသပ္ၾကပါခင္ဗ်ာ။)
“အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစ”