ချမ်းသာသူ နဲ့ ဆင်းရဲသူ တို့ကြား မတူကွဲပြားသော အကျင့်စရိုက် (၁၀)ချက်
ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ (၂၆) ဦးဟာ ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ(၃.၈)ဘီလီယံ နဲ့ညီမျှနေခြင်းမှာ တရားမျှတမှု မရှိဘူးလို့ ထင်ရပါတယ်။သို့သော် နောက်ကွယ်မှာတော့ ထိုသူတို့ရဲ့ ချမ်းသာကြွယ်ဝလာမှုအတွက် အထောက်အပံ့ပေးခဲ့တဲ့ နေထိုင်ပုံအကျင့်စရိုက်နဲ့ အကြောင်းတရားများစွာရှိနေပါတယ်။
လူအယောက်စီတိုင်း ရိုးသားစွာ ကြွယ်ဝချမ်းသားမှုအတွက် အခွင့်အလမ်းများ လုံလောက်စွာရရှ်ိနိုင်ရန် ရည်ရွယ်၍ သူဌေး သူကြွယ်များ၏ အကျင့်စရိုက် (၁၀)ချက်ကို စုစည်းဖော်ပြပေးချင်ပါတယ်။
(၁) မျှဝေပေးကမ်းတတ်ခြင်း
ချမ်းသာကြွယ်ဝသူများအနက် (၇၉)ရာခိုင်နှုန်းဟာ အလှူအတန်းကိစ္စများအတွက် အချိန်ရောငွေပါ အသုံးပြုလေ့ရှိပါတယ်။ ပေးကမ်းစွန့်ကြဲတတ်သူဟာ နှလုံးလှသည်သာမက ချမ်းသာပြည့်စုံသော ဘဝကိုပိုင်ဆိုင်ရကြပါတယ်။အချို့သော လောဘသမားများအား ငွေကို သုံးဖြုန်းရန်သာ ရှာဖွေတတ်ကြသော်လည်း ကြွယ်ဝချမ်ူသာသူများကတော့ လိုအပ်သည့် နေရာများကို အကျိုးကြောင်းဆီလျော်စွာ ကူညီထောက်ပံ့ကြပါတယ်။
(၂)မငြင်းပယ်တတ်ခြင်း
သင်ဟာ တစ်စုံတစ်ယောက် အတွေးအမြင်များကို တစ်နေ့ဘယ်နှစ်ကြိမ် ငြင်းပယ်ပစ်လေ့ရှိလဲ ပြန်သုံးသပ်ကြည့်ပါ။ ပြသာနာ အခက်အခဲများကို ဖြေရှင်းရန်ငြင်းဆိုခြင်းထက် စိတ်ရှည်သည်းခံမှုဖြင့် အချိန်ပေးစဉ်းစားပြီး အောင်မြင်သည်အထိ ဖြေရှင်းသင့်ပါတယ်။
(၃) အတင်းတုပ်လေ့မရှိခြင်း
အတင်းပြောခြင်းသာ လူမှုဆက်ဆံရေးနှင့် အောင်မြင်မှုတံခါးများကို ထိခိုက်စေပါတယ်ချမ်းသာကြွယ်ဝသူတို့ဟာ တစ်စုံတစ်ယောက်အကြောင်းကို ထိုသူနောက်ကွယ်မှာ အတင်းပြောလေ့မရှိပါဘူး။ ပြသာနာတစ်ခုကို အတင်းမပြောပဲ တိုက်ရိုက်ညှိနှိုင်းဖြေရှင်းတတ်ခြင်းဖြင့် လူမှုဆက်ဆံရေးတိုးတက်ကောင်းမွန်စေမှာပါ။
(၄) ဆန္ဒရှိရုံသာမဟုတ် ၊ ပန်းတိုင်ရှိခြင်း
အောင်မြင်မှုပန်းတိုင်အတွက် လိုအပ်သည့် ကြိုးစားမှုများကို တိကျစွာလေ့လာပြီး အရောက်သွားပါ။ မကြိုးစားဘဲ ဆုတောင်းနေခြင်းက အောင်မြင်မှုမရနိုင်ပါဘူး။
(၅) ဖြတ်လမ်း မလိုက်ပါနဲ့
ကိုယ်ပိုင်အစွမ်းအစဖြင့် သန်းကြွယ်သူဌေးဖြစ်လာခဲ့သူ Thomas Corley က လောင်းကစား နှင့် ထီထိုးခြင်း များကို အားကိုးမှုကြောင့် မချမ်းသာလာနိုင်ကြောင်း ပြောဆိုပါတယ်။အရာရာကို အမျှော်အမြင်ရှိရှိ တွက်ချက်ပြီး ကိုယ်တိုင်ကြိုးစားရပါမယ်။ ကံကိုယုံ၍ ပုံအပ်ခြင်းမျိုးဟာ တိကျသေချာသော လမ်းစ မရှိပါဘူး။
(၆) စာများများဖတ်ခြင်း
Bill Gates ဟာ တစ်နှစ်ကိုစာအုပ်ရေပေါင်း (၅၀)ခန့် ဖတ်ပါတယ် ။ စာဖတ်ခြင်းဟာ ချမ်းသာကြွယ်ဝမှုအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါတယ်။အပျော်ဟာသ စာအုပ်များဖတ်ခြင်းမျိုး မဟုတ်ပဲ ဘဝတိုးတက်ရေးအတွက် ပညာဗဟုသုတနှင့် အတွေးအခေါ်သစ်များ ပေးစွမ်းနိုင်သော စာအုပ်များကို ဆိုလိုပါတယ်။ (၇၉)ရာခိုင်နှုန်းသော ဆင်းရဲချို့တဲ့သူများဟာ ဖျော်ဖြေရေး စာအုပ်များကိုသာ ဖတ်လေ့ရှိပါတယ်။
(၇)မကြွားဝါတတ်ခြင်း
အမှန်တကယ် ချမ်းသာကြွယ်ဝသူတို့ဟာ နောက်ဆုံးပေါ် လက်ကိုင်အိတ်များ ၊ ကားများ ဖြင့်ကြွားဝါလေ့မရှိဘဲ အနေထိုင်ပိရိကြပါတယ်။ သင့်အိမ်နီးချင်းဟာ သင်မရိပ်မိနိုင်သော ဘီလျံနာတစ်ယောက်လဲ ဖြစ်နေနိုင်ပါတယ်။
(၈) ပြုံးပါ
အပြုံးဟာ လူတစ်ယောက်ကို ပထမဆုံး စတင်သတိထားမိစေသော အရာဖြစ်ပါတယ်။အပြုံးကြောင့်ပင် သင့်ပုံရိပ်ကို ခန့်မှန်းမိနိုင်စေပါတယ်။ထို့အတွက် ခံတွင်းရနံ့ နှင့် သွားများ၏ဖြူစင်မှုကိုလည်း အထူးဂရုပြုရပါမယ်။
(၉) အကြွေးကင်းရှင်းခြင်း
အမေရိကန်စီးပွားရေးလုပ်ငန်းရှင် David Ramsey က ချမ်းသာချင်ရင် အကြွေးကင်းအောင် နေရမယ်လို့ ဆိုပါတယ်။ ဝယ်ချင်တစ်ခုခုရှိရင် ပိုက်ဆံစုပြီးမှ ဝယ်ပါ။ ” ချေးငှားခြင်းဟာ ချမ်းသာခြင်းရဲ့ အတားအဆီး” ပါလို့ David Ramsey က အကြံပြုထားပါတယ်။
(၁၀) တစ်ကိုယ်တည်းမနေခြင်း
ချမ်းသာကြွယ်ဝသူများမှာ အသင်းအဖွဲ့ရှိကြပါတယ်။မည်သူမှ အရာရာကို တစ်ကိုယ်တည်းမဖြေရှင်းနိုင်ကြပါဘူး။ မိမိတို့မသိသော ကိစ္စရပ်များတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် ပိုမိုကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို ယူကြရပါတယ်။ ကျွမ်းကျင်သူ တစ်စုံတစ်ယောက်ထံမှ အကြံဉာဏ် တောင်းခံခြင်းဟာ ရှက်စရာမဟုတ်ပါဘူး။
ထို့ကြောင့် အောင်မြင်မှုအတွက် သင့်ရဲ့ကိုယ်ပိုင်အယူအဆနဲ့ အကျင့်စရိုက်များရှိရင်လဲ ဝေမျှရေးသားပေးခဲ့နိုင်ပါတယ်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။