Sun. May 22nd, 2022
အသက်(၂၇) ကနေ (၃၅)နှစ် ကြားမှာပဲ တွေ့ကြုံရမယ့် အချစ်စစ် အချစ်မှန်
ကျွန်ုပ်တို့အများစုရဲ့ အချစ်ဇာတ်လမ်းများမှာ ကျောင်းသားဘဝ တစ်ဖတ်သတ်ခိုးကြိုက်ခဲ့ရသူ
များ ၊ လူငယ်သဘာဝ dating များ ၊ ကာလရှည်လက်တွဲပြီးမှ အဆုံးသတ်လိုက်ရသော နှလုံးသားရေးများ ၊ ဒီတစ်ခါ နောက်ဆုံးလူ အချစ်စစ်၊အချစ်မှန်ပဲ လို့ ယုံမှတ်ပြီးကာမှ လွဲချော်ရပြန်ခြင်းများ စသဖြင့် အမျိုးစုံကြုံတွေ့နေရလျက် ရှိကြပါတယ်။
ကံကောင်းသည်ကတော့ အချစ်ရေးမှာ ဘဝလက်တွဲဖော်အစစ်အမှန်နဲ့ တွေ့ဆုံရမည့် အသက်အပိုင်းအခြားကို သင်္ချာပညာရှင်များက တွက်ချက်နိုင်ခဲ့ကြပါတယ်။
ထို့ကြောင့် ဒီတစ်ခါ ကျွန်တော်တို့အဖွဲ့သားများ တင်ဆက်ပေးချင်တာကတော့ right person နှင့် လွဲချော်နေလို့ စိတ်ညစ်နေကြမယ့် စာဖတ်ပရိတ်သတ်များအတွက် ခွန်အားဖြစ်စေမယ့် အချက်အလက်များကို စုစည်းတင်ပြပေးမှာပဲ ဖြစ်ပါတယ်။
(၁) အချစ်စစ်နဲ့ တွေ့ကြုံရမည့်အချိန်ကို သင်္ချာနည်းဖြင့်ထုတ်ဖော်ခြင်း
သင်္ချာပညာရှင် Dr. Hannah Fry က အချစ်စစ်၊ အချစ်မှန်ကို တွေ့ရှိရမယ့် အသက်အရွယ်ကိုထုတွက်ချက်နိုင်မယ့် စာတမ်းပြုစုမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။သူမရဲ့ သုတေသနပြုစုမူထဲတွင်တော့ သင်္ချာအခြေခံသဘောတရားများ ၊ ပုစ္ဆာဖြေရှင်းနည်းများ ၊ စာရင်းဇယားများစွာ တို့ပါဝင်ပြီး “optimal stopping theory” လို့အမည်ပေးထားပါတယ်။
အတိုချုပ်ဆိုရင် သူမရဲ့သီအိုရီတွင် ကျွန်ုပ်တို့ဟာ ဘဝတလျှောက် လူအများအပြားကို ရွေးချယ်ချိန်းတွေ့နိုင်ပြီး ထိုသူများအား လေ့လာရင်းမှ မည်သည့်အချိန်တွင် အကောင်းဆုံးလက်တွဲဖော်တစ်ယောက်ကို အဆုံးသတ်ရွေးချယ်ကိုရမည်ကို သိနိုင်ကြောင်းပါဝင်ပါတယ်။
(၂) အသက်(၂၇)နှစ်နောက်ပိုင်းမှာ တွေ့ရှိရမယ့် ဘဝလက်တွဲဖော်
သင်္ချာနည်းအရ သင့်ဘဝရဲ့ပထမ အရွယ်မှာ အချစ်စစ်နဲ့ တွေ့ရှ်ိနိုင်မှုနှုန်းမှာ ‌နည်းပါးလွန်းလှပါတယ်။ ဥပမာ သင်ဟာ အသက်(၄၀)မတိုင်မှီလက်ထပ်လိုပြီး အသက်(၁၅)နှစ်မှ စတင်ကာ ရည်စားများထားခဲ့မည်ဆိုပါက (၁၅-၂၇)နှစ်အတွင်းတွေ့ရှိခဲ့သူများနဲ့ ပျော်ရွှင်စရာအဆုံးသတ် ဖြစ်လာနိုင်မည်မဟုတ်ပါ။
အသက်(၂၇) နှစ် နောက်ပိုင်းမှာတော့ သင်ဟာ ဘဝလက်တွဲဖော်တစ်ယောက်ကို ရွေးချယ်ရမှာဖြစ်ပြီး ဆုံဖူးသမျှထဲ မည်သူကအကောင်းဆုံးဖြစ်မည်ကိုလည်း နှိုင်းယှဉ် ဆုံးဖြတ်နိုင်မည် ဖြစ်ပါတယ်။
(၃) လမ်းခွဲပြတ်စဲရခြင်းများ
အသက်(၂၇)နှစ်မတိုင်မှီအထိ သင်ကြုံတွေ့ခဲ့ရသည့် Relationships များဟာ လက်တွဲဖော် ရွေးချယ်ခြင်းရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ပြီး ၎င်းတို့ကြောင့်ပင် သင့်အပေါ် မည်သူက အကောင်းဆုံး ဖြစ်စေမယ်ဆိုတာကို သင်ခန်းစာများရပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းများလည်း တိုးတက်လာမှာပါ။အသက် ၂၀ ကျော်လွန်လာပြီး နောက်ပိုင်း အသက် ၃၀ နားနီးလာချိန်မှာတော့ သင်ဟာရင့်ကျက်လာခြင်းနှင့်အတူ အတွေ့အကြုံလဲ အတော်အတန်ရှိနေပြီဖြစ်လို့ သင့်ရဲ့ ဘဝလက်တွဲဖော်တစ်ယောက်ဖြစ်လာရန် လိုအပ်ချက်များကို လက်တွေ့ကျကျ စဉ်းစားတတ်နေပြီ ဖြစ်ပါတယ်။
(၄) မသိစိတ်ကနေပင် ခံစားမိနေခြင်း
မည်သို့ပင်ဆိုစေကာမူ သင်ဟာ အသက် (၂၀) နှောင်းပိုင်းများမှာတော့ သင်္ချာနည်းအရ တွက်ချက်မှုများ မပါဝင်လျှင်တောင်မှ အိမ်ထောင်ဖက်ရွေးချယ်မှု အတွက် လိုအပ်ချက်များ ၊ ဦးစားပေးစဥ်းစားရမည့် အရာများ ၊ လုပ်သင့်လုပ်ထိုက်သည်များကို အသက်အရွယ်နှင့်အတွေ့အကြုံအရ မသိစိတ်ကနေ ခန့်မှန်း ဆုံးဖြတ်နိုင်လာမှာဖြစ်ပါတယ်။
Dr.Fryer ရဲ့ သီအိုရီကတော့ သင်္ချာကိန်းဂဏန်းများကို လူတို့၏ အကျင့်စရိုက် အမူအရာများနှင့် ပေါင်းစပ်ကာ တွက်ချက်ထားခြင်းပဲ ဖြစ်ပါတယ်။ ကိန်းဂဏန်းများဟာ မလိမ်ညာနိုင်သော်လည်း တစ်ဖက်မှာတော့ နှလုံးသားကို မလွန်ဆန်နိုင်ပြန်ပါဘူး။ ထို့ကြောင့် အသက်(၂၇)နှစ် မတိုင်သေးခင် သင့်ဘဝတစ်လျှောက်လုံး ယုံကြည်စိတ်ချရတဲ့ သင့်တော်သူတစ်ဦး ကြုံတွေ့လာရလျှင်တောင် သီအိုရီအပေါ် အစွန်းရောက်ယုံကြည်ပြီး အချစ်စစ်မဟုတ်ဘူးလို့ တပ်အပ် မပြောနိုင်ပြန်တာ‌ကြောင့် နှလုံးသားရဲ့ဆန္ဒနောက်ကို လိုက်နိုင်ပါတယ်။
ဒါဆို သင်တို့ရော အချစ်စစ်ကို တွေ့ကြုံရပြီးပြီလား ? ဘယ်အရွယ်မှာ တွေ့ကြုံခဲ့ရတာပါလဲ ? အတွေ့အကြုံများကိုဝေမျှ ရေးသားပေးခဲ့နိုင်ပါတယ်
Sources Brightside
Written One Daily Media
Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 
‌ဒါကြောင့်
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။
zawgyi
Sources Brightside
‌ဒါကြောင့်
Leave a Reply
Your email address will not be published.