အက်ဆစ်ပြန်တက်ခြင်းကို အမြန်သက်သာစေမယ့် သဘာဝနည်းလမ်းများ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အက်ဆစ်ပြန်တက်ခြင်းဟု လူသိများတဲ့ Heartburn ဆိုတာက အစာအိမ်အက်ဆစ်များ အစာပြွန်ထဲသို့ ရွေ့လျားသွားပြီး ရင်ဘတ်ဧရိယာအတွင်း မနှစ်မြို့ဖွယ် ပူလောင်တဲ့ ခံစားချက်ဖြစ်ခြင်းကို ဆိုလိုပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ အက်ဆစ်ပြန်တက်ခြင်းကို အမြန်သက်သာစေမယ့် သဘာဝနည်းလမ်းတွေကို ပြောပြပေးသွားပါမယ် ။
(၁) ငှက်ပျောသီးမှည့်စားခြင်း
သွေးတွင်းသကြားဓာတ်ပမာဏကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေတဲ့အပြင် ငှက်ပျောသီးဟာ နာကျင်နေလောင်တာကနေ အမြန်သက်သာရာရစေနိုင်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတာကြောင့် ငှက်ပျောသီးဟာ အစာအိမ်အတွင်းပိုင်းကို ဖုံးအုပ်ပေးနိုင်ပြီး မနှစ်မြို့ဖွယ် အက်ဆစ်ပြန်တက်ခြင်း လက္ခဏာတွေကို သက်သာစေပြီး ကာကွယ်နိုင်ပါတယ်။
(၂) ပွပွချောင်ချောင်အဝတ်အစားတွေ ဝတ်ပါ
ရင်ပူခြင်းဝေဒနာ ခံစားရပါက တင်းကျပ်တဲ့ စကတ်ကို ချွတ်ပစ်ပြီး ပိုမိုချောင်ချိတဲ့ အဝတ်အစားကို ရွေးချယ်ခြင်းက ပိုကောင်းပါတယ်။ သင့်ဝမ်းဗိုက်ကိုညှစ်ပြီး ဝမ်းဗိုက်နေရာကို ဖိအားဖြစ်စေတဲ့ ဘယ်လိုအဝတ်အစားမဆို အက်ဆစ်ပြန်တက်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
(၃) အိပ်တဲ့ပုံစံပြောင်းပါ
သင်က ညာဘက်ခြမ်းမှာ အိပ်လေ့ရှိတယ်ဆိုရင် ဒါဟာ ာ စိတ်အနှောက်အယှက်ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ညာဘက်စောင်းအိပ်တာက အစာအိမ်နဲ့ အစာပြွန်ကို ဆက်သွယ်ပေးတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ဒါ့ကြောင့် ဘယ်ဘက်စောင်းအိပ်ဖို့ ကြိုးစားကြည့်ပါ။
(၄) သကြားမပါတဲ့ ပီကေဝါးပါ
ပီကေဝါးတာက လန်းဆန်းစေပြီး မှတ်ဉာဏ်ကိုတောင် တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်အစာအိမ်ထဲက အက်ဆစ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။ ပီကေက တံတွေးထုတ်လုပ်မှုကို တိုးစေပြီး မျိုချရတာ ပိုဖြစ်စေတာကြောင့် ခံတွင်းထဲက အချဉ်ဓာတ်ကို ထိန်းညှိပေးပြီး မြန်မြန်ရှင်းလင်းဖို့ ကူညီပေးပါတယ်။
(၅)မြန်မြန်မစားပါနှင့်
ဗိုက်ဆာတဲ့အခါ တစ်ခုခုကို တတ်နိုင်သမျှ မြန်မြန်စားချင်တယ်ဆိုတာ နားလည်နိုင်ပေမယ့် အလျင်အမြန်စားတာက ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။ မြန်မြန်စားတဲ့သူတွေက reflux ကို ပိုခံစားရနိုင်ချေရှိတဲ့အတွက်ေကြာင့် အစားအစာတွေကို စနစ်တကျဝါးပြီး မျိုချဖို့ အချိန်အလုံအလောက်ပေးတာက ပိုကောင်းပါတယ်။
(၆) ပြေးတာတွေ အလေးမတာတွေ ရှောင်ကြဉ်ပါ
ကိုယ်လက်လှုပ်ရှားတာက ကျန်းမာရေးအတွက် ကောင်းပေမယ့်လည်း ရင်ပူတာ ဖြစ်တတ်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းအမျိုးအစားကို ရွေးချယ်ရာမှာ ပိုမိုသတိထားဖို့ လိုပါမယ်။ ပြေးခြင်း၊ အလေးမခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်းလိုမျိုး သက်ရောက်မှုမြင့်မားတဲ့ လေ့ကျင့်ခန်းတွေက အစာအိမ်နှင့် အူလမ်းကြောင်းသို့ သွေးစီးဆင်းမှုကို လျော့နည်းစေပြီး reflux လက္ခဏာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
–
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။