Mon. May 23rd, 2022

အိပ်နေစဉ်အတွင်းမှာ သင့်ဆံသားပုံရိပ်ကို ပျက်စီးစေတဲ့ နည်းလမ်းများ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။သင့်ဆံပင်က ခြောက်သွေ့နေပါက ဒါမှမဟုတ် အရောင်ဆိုးထားပါက နောက်ထပ်ပျက်စီးမှုမျိုးမဖြစ်ရအောင် သေချာဂရုစိုက်ပေးသင့်ပါတယ်။ပေါင်းဆေးအကောင်းတွေ သုံးနေပေမယ့် မထင်မှတ်ထားတဲ့အမှားတွေကလည်း သင့်ဆံပင်ကို ထိခိုက်စေပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ အိပ်နေစဉ်အတွင်းမှာ သင့်ဆံသားပုံရိပ်ကို ပျက်စီးစေတဲ့ နည်းလမ်းအမှားတွေကို ပြောပြပေးသွားပါမယ်။

(၁) စိုနေတဲ့ဆံပင်နှင့် အိပ်ယာဝင်ခြင်း

စိုစွတ်တဲ့ဆံပင်က အလွန်ပျက်စီးလွယ်ပြီး ညအချိန်မှာ  လှန်လိုက်ခြင်းက ဆံပင်ကို ပျက်စီးစေပြီး ကွဲအက်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရာမဝင်မီ နာရီအနည်းငယ်အလိုမှာ  ခေါင်းလျှော်ထားပါက  အပူဒဏ်ခံနိုင်တဲ့  ဆံပင်ကို ဆံပင်အခြောက်ခံစက်ဖြင့် အခြောက်ခံတာက ပိုကောင်းပါတယ်။

(၂)ဆံထုံးဖြင့်အိပ်ခြင်း

ဆံပင်ရှည်ပါက၊ အိပ်ရာမဝင်ခင်မှာ ထုံးထားတာက ပြိအဆင်ပြေတဲ့ပုံပေါ်ပါတယ်။  ဒါပေမယ့် တင်းကျပ်တဲ့ဆံပင်ပုံစံတွေကို နေ့ချင်းညချင်း ခွဲမပေးတာက သင့်ဆံပင်ကို  အားနည်းစေပြီး  ဆံပင်ကျွတ်နိုင်ပါတယ်။

(၃)ခေါင်းအုံးဖုံးတွေကို နူးညံ့တာသုံးပါ

ချည်သားက ဆံပင်ပေါ်မှာ ကြမ်းတမ်းလေ့ရှိပြီး   ရှုပ်ယှက်ခတ် ခြောက်သွေ့နေတဲ့ ဆံသား‌ေတွကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပိုးသားခေါင်းအုံးစွပ်ပေါ်မှာ အိပ်ခြင်းက သင့်ဆံပင်ပုံစံကို ရှင်းလင်းစေရုံသာမက အသားအရေကိုလည်း အကျိုးပြုပါတယ်။

(၄) အိပ်ယာမဝင်ခင် ခေါင်းမဖြီးခြင်း

မနက်ခင်းမှာ သင့်ဆံပင်အတွက်နဲ့တင် အချိန်အများကြီး သုံးမိနိုင်ပါတယ်။ ဒါ့ကြောင့် ညကတည်းက ခေါင်းဖြီးတာက ရှုပ်ထွေးမှု သက်သာစေပြီး မနက်ခင်းမှာ အချိန်ပိုရစေပါတယ် ။

(၅)အိပ်ယာမဝင်ခင် ဆံကျစ်မကျစ်ခြင်း

မအိပ်ခင် ကျစ်ဆံမြီးကျစ်တာက  လှပတဲ့ဆံပင်ကောက်ကြောင်းများဖြင့် နိုးထဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ ကျစ်ဆံမြီးနဲ့အိပ်တာက အိန္ဒိယအမျိုးသမီးတွေရဲ့ ဆံပင်ရှည်ရှည်၊ တောက်ပြောင်ပြီး ကျန်းမာနေစေဖို့ လျှို့ဝှက်ချက်တစ်ခုပါပဲ။

(၆) ဆံပင်အားဖြည့်‌ဆီမလိမ်းခြင်း

အိပ်နေတဲ့အခါမှာ အရေပြားလိုပဲ ဆံပင်ကလည်း ပြန်လည်ပေါက်ဖွားလာပြီး ညအိပ်ကုထုံးအချို့ဖြင့် နာရီများစွာကို အသုံးပြုနိုင်ပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် ဆံပင်အဆီများကို တစ်ညလုံး လိမ်းပေးခြင်းက  ဆံပင်ကို ခိုင်ခံ့စေပြီး ဆံသားကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

 

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.