ငွေမြန်မြန် စုမိနိုင်မယ့် နည်းလမ်းကိုးသွယ်
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။စီးပွားရေး အခြေအနေတွေဟာ ခန့်မှန်းလို့မရသလို သင်ကိုယ်တိုင်လည်း ထိန်းချုပ်လို့ မရပါဘူး။ဒါပေမဲ့ သင့်ရဲ့ ငွေသုံးစွဲမှု အလေ့အကျင့်တွေကို ပြောင်းလိုက်ရင်တော့ သင့်ရဲ့အိပ်ကပ်ဟာ ပုံမှန်ထက် ဖောင်းလာမှာ သေချာပါတယ်။
အဲ့လို ဖြစ်စေမယ့် နည်းလမ်းတွေကိုတော့ သိချင်တယ်ဆိုရင်တော့ အောက်မှာ ဆက်လက် ဖတ်ရှုပေးကြပါေနာ်။
(၁) ဗိုက်ဆာနေတဲ့ အချိန်မှာ Grocery Storeတွေကို မသွားပါနဲ့
အလုပ်ရှုပ်တဲ့ ရက်တွေပြီးတဲ့အခါမှာ Grocery Storeတွေကို သွားတာက သင့်ကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ဝယ်ဖို့ တွန်းအားဖြစ်စေပြီး ငွေအကုန်အကျ များစေပါတယ်။ အဲ့လိုအခါမျိုးမှာ Grocery Storeတွေကို မသွားခင်မှာ ဝယ်ဖို့ လိုအပ်တဲ့ အရာတွေကို စာရင်းချရေးပေးထားပါ။
(၂) တစ်ကျပ်၊နှစ်ကျပ်မစုဘဲ တစ်ခါစုရင် များများစုကြည့်ပါ။
သင့်နေထိုင်မှုကုန်ကျစရိတ်ကို ချွေတာခြင်းဖြင့် ငွေစုခြင်းကို စတင်နိုင်ပါတယ်။ဥပမာအားဖြင့် ငှားပြီးနေမယ့်အစား အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ကြိုးစားကြည့်ပါ ။”50/20/30” စည်းမျဉ်းကို လိုက်နာနိုင်ပြီး ၀င်ငွေရဲ့ 50% ကို အသုံး အဆောင်စရိတ်အတွက် အသုံးပြုပြီး 30% ကို သင့်ဆန္ဒအတိုင်း အသုံးချကာ ကျန် 20% ကို ငွေစုခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ပါတယ်။
(၃) အလယ်အလတ် အတွေ့အကြုံတွေ အများကြီးရှိမယ့်အစား ပိုနည်းပေမယ့် ထူးထူးခြားခြားဖြစ်နေစေမယ့် အတွေ့အကြုံတွေ လိုက်ရှာပါ
ဒီအကြံပြုချက်က ရက်သတ္တပတ်အနည်းငယ်လောက် ချွေတာပြီး မြို့ကြီးတစ်မြို့မှာ ဟိုတယ်တစ်ခုကို ဘွတ်ကင်လုပ်ပြီး အချိန်ကောင်းကောင်းလေး ရနိုင်မယ်လို့ ဆိုပါတယ်။ အရည်အသွေးနည်းပါးတဲ့ အတွေ့အကြုံများရှိခြင်းက သင့်ကို ငွေများစွာ သုံးစွဲစေနိုင်ပါတယ်။
(၄) သင့်ရဲ့ စာရင်းေတွကို ပယ်ဖျက်ပါ
သင့်စာရင်းအားလုံးကို ကြည့်ရှုပြီး မလိုအပ်သည့်အရာများကို ပယ်ဖျက်ပါ။ နောက်ပြီး တစ်လအတွင်း သင်ရေးထားတဲ့စာရင်းတွေထဲက မဝယ်ဖြစ်သေးတဲ့အရာတွေကို ဖျက်ချပါ။
(၅) ကားကို ဖြည်းဖြည်း မောင်းပါ
အကြောင်းပြချက်မရှိဘဲ ပြင်းထန်စွာ အရှိန်မြှင့်လိုက်တဲ့အခါ လောင်စာဆီစားသုံးမှုကို တိုးစေပြီး ဆီစားမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် အမြန်လမ်းပေါ်မှာ မောင်းနှင်တဲ့အခါ အရှိန်မြှင့်ရတဲ့အတွက် လောင်စာဆီ အများအပြား ကုန်ပါတယ်။ Cruise Control ကိုအသုံးပြုခြင်းက ဆီစားသက်သာစေပါတယ်။
(၆) သင့်မှာရှိတဲ့ ငွေထက် ပို မသုံးမိပါစေနဲ့
တစ်ချို့လူတွေက သူတို့ရဲ့ ခရက်ဒစ်ကတ်တွေနဲ့ ပစ္စည်းတွေဝယ်တာကို နှစ်သက်ကြပါတယ်။ နောက်ဆုံးမှာ မလိုအပ်တဲ့ ပစ္စည်းအမြောက်အမြားအတွက် အကြွေးများစွာနှင့် ကုန်ဆုံးသွားကြပါတယ်။ သင့်အသုံးစရိတ်ကို သင်မထိန်းချုပ်နိုင်ပါက ခရက်ဒစ်ကတ်ကို မသုံးတာ ပိုကောင်းပါတယ်။
(၇) ကူပွန်တွေက မဖြစ်မေနသုံးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး
“ပစ္စည်းက စျေးနှုန်းအပြည့်ဖြစ်နေတယ်ဆိုရင်တောင် ငါဝယ်မှာလား။” လို့ မေးပါ။ အဓိကအချက်က ဘယ်လောက်ပဲ ဆွဲဆောင်နေပါစေ မဝယ်ဘဲ သင်ငွေမည်မျှ ချွေတာနိုင်မယ်ဆိုတာကို အရင်ေတွးပါ။
(၈) ကိုယ့်ကိုယ်ကို အရင်ပေးပါ
လူအများစုက ကိုယ့်ရဲ့ Xငေွပမာဏကို ငှားဖို့၊ Yပမာဏကိုတော့ အသုံးပြုဖို့ စသဖြင့် သတ်မှတ်တတ်ကြပါတယ်။ ကျန်ငွေZကိုတော့ စုမယ်စသဖြင့်ပေါ့။ ဒါပေမယ့် အဲဒီအစား စုဆောင်းပြီး ရင်းနှီးမြုပ်နှံဖို့ အရင်ဆုံး အာရုံစိုက်ပြီး တခြားပစ္စည်းတွေကို သုံးလိုက်ပါ။ အဓိကအချက်က စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုတင်စီခွဲဖို့ အရာအားလုံးကို အလိုအလျောက်လုပ်ဆောင်တတ်ဖို့ပါပဲ။
(၉) စျေးကြီးတဲ့ ပစ္စည်းတစ်ခု မဝယ်ခင်မှာ စိတ်ရှည်အောင် အရင်ကြိုးစားကြည့်ပါ။
ဒီနည်းလမ်းကတော့ စျေးကြီးတဲ့ အရာတစ်ခုခု ဝယ်ချင်လာတဲ့အချိန်မှာ ချက်ချင်း မဝယ်သေးဘဲ တစ်လလောက် စောင့်တဲ့ နည်းပါ။ ပြီးရင် တစ်လပြည်တဲ့အခါ ကိုယ်စိတ် ပြောင်းမပြောင်း သတိထားကြည့်ပါ။ တစ်လကြာတဲ့ထိတောင်မှ ဝယ်ချင်တယ်ဆိုရင်ေတာ့ ဝယ်လိုက်ပါ။ ဒါမှမဟုတ် စိတ်ပြောင်းသွားရင်တော့ ဝယ်မယ့်ငွေကို စုထားလိုက်ပါ။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources5minutecrafts.site
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။