Mon. Jun 5th, 2023

ဘယ်တော့မှတိုးတက်မှုမရှိနိုင်တဲ့ လူတစ်ယောက်မှာမြင်တွေ့ရလေ့ရှိတဲ့ အကျင့်စရိုက်များ

များသောအားဖြင့် လူတိုင်းလူတိုင်းဘဝမှာတိုးတက်ပြောင်းလဲမှုတွေကို လိုချင်ကြသူတွေချည်းပါပဲ။ တိုးတက်ပြောင်းလဲမှုဆိုတာ စိတ်ကူးထဲကနေပဲ လုပ်လို့မရပါဘူး။ ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခုပြောပြမယ့်အချက်တွေလုပ်နေသ၍တော့ သင်ဟာဘယ်တော့မှတိုးတက်ပြောင်းလဲ သူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။

(၁) အချိန်ဆွဲတက်တဲ့အကျင့်ရှိခြင်း

အလုပ်တစ်ခုကို ညနေမှလုပ် ၊ မနက်ဖြန်မှလုပ်မယ် ၊ နောက်တစ်ပတ်မှလုပ်မယ် စသည်ဖြင့် အချိန်ဆွဲနေမိပြီလား။ သေချာပါတယ် အချိန်ဆွဲတက်တဲ့အကျင့်ရှိရင် အလုပ်ပြီးမြောက်ဖို့ များစွာအချိန်ကြန့်ကြာမှာဖြစ်ပြီး ဘဝမှာတိုးတက်သင့်သလောက် ပြောင်းလဲသင့်သလောက် တိုးတက်ပြောင်းလဲမှာမဟုတ်ပါဘူး။

(၂) အသစ်တွေသင်ယူဖို့ကြောက်ရွံခြင်း

နေသားကျနေတဲ့ပုံမှန်ဘဝထဲက ခွဲထွက်နိုင်ဖို့အသစ်သစ်သော လေ့လာသင်ယူမှုတွေ အားစိုက်ထုတ်မှုတွေကိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ဘဝမှာပဲ ပိုနေမြဲကျားနေမြဲ နေထိုင်နေရုံနဲ့ အပြောင်းအလဲတွေ တိုးတက်မှုတွေဆိုတာ ရှိမလာနိုင်ပါဘူး။ တိုးတက်ပြောင်းလဲဖို့ တစ်ခါတစ်ရံမှာ ခက်ခဲမှုတွေ ပင်ပန်းမှုတွေနဲ့ ကြုံရနိုင်ပါတယ်။ ဒါမှလည်း ပြောင်းလဲတိုးတက်ခြင်းဆိုတဲ့အနှစ်သာရကိုခံစားရနိုင်မှာပါ။

(၃) စိုးရိမ်ပူပန်စိတ်များခြင်း

စိုးရိမ်ပူပန်စိတ်တွေက ဆုံးဖြတ်ချက်တွေကို ယိုင်နဲ့သွားစေတယ် ၊ ယုံကြည်မှုတွေကိုပျက်ပြားသွားစေနိုင်ပါတယ်။ လက်တွေ့ဖြစ်မလာသေးတဲ့အရာတွေကိုတွေးပြီး စိုးရိမ်စိတ်များနေခြင်းကြောင့် ဖြစ်ပါ့မလားဆိုတဲ့ စိတ်ကြီးဝင်သွားစေပြီး သင့်လုပ်ဆောင်မယ့်အရာတွေအပေါ် တွေဝေသွားစေနိုင်ပါတယ်။ ဒါဆိုရင်သင့်အတွက် ကြီးမားတဲ့အပြောင်းအလဲတွေကလည်း လွဲချော်သွားစေမှာပါ။

(၄) အဖျားရှုးသွားခြင်း

 

ကိစ္စတစ်ခုကိုအစပိုင်းမှာအရမ်းတက်ကြွပေမယ့် နောက်ပိုင်းကျ ဟိုလိုဒီလို အကြောင်းပြချက်အမျိုးမျိုးနဲ့ အဖျားသွားတက်တဲ့သူတွေအများကြီး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီလို ကောက်ရိုးမီးလို အကျင့်ရှိတာကလည်း ဘယ်တော့မှ တိုးတက်ပြောင်းလဲမှု ပြီးမြောက်အောင်မြင်မှု ကိုရနိုင်မှာမဟုတ်ပါဘူး။

Zawgyi

ဘယ္ေတာ့မွတိုးတက္မႈမရွိႏိုင္တဲ့ လူတစ္ေယာက္မွာျမင္ေတြ႕ရေလ့ရွိတဲ့ အက်င့္စ႐ိုက္မ်ား

မ်ားေသာအားျဖင့္ လူတိုင္းလူတိုင္းဘဝမွာတိုးတက္ေျပာင္းလဲမႈေတြကို လိုခ်င္ၾကသူေတြခ်ည္းပါပဲ။ တိုးတက္ေျပာင္းလဲမႈဆိုတာ စိတ္ကူးထဲကေနပဲ လုပ္လို႔မရပါဘူး။ ကိုယ္တိုင္လက္ေတြ႕လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ အခုေျပာျပမယ့္အခ်က္ေတြလုပ္ေနသ၍ေတာ့ သင္ဟာဘယ္ေတာ့မွတိုးတက္ေျပာင္းလဲ သူတစ္ေယာက္ျဖစ္လာမွာမဟုတ္ပါဘူး။

(၁) အခ်ိန္ဆြဲတက္တဲ့အက်င့္ရွိျခင္း

အလုပ္တစ္ခုကို ညေနမွလုပ္ ၊ မနက္ျဖန္မွလုပ္မယ္ ၊ ေနာက္တစ္ပတ္မွလုပ္မယ္ စသည္ျဖင့္ အခ်ိန္ဆြဲေနမိၿပီလား။ ေသခ်ာပါတယ္ အခ်ိန္ဆြဲတက္တဲ့အက်င့္ရွိရင္ အလုပ္ၿပီးေျမာက္ဖို႔ မ်ားစြာအခ်ိန္ၾကန႔္ၾကာမွာျဖစ္ၿပီး ဘဝမွာတိုးတက္သင့္သေလာက္ ေျပာင္းလဲသင့္သေလာက္ တိုးတက္ေျပာင္းလဲမွာမဟုတ္ပါဘူး။

(၂) အသစ္ေတြသင္ယူဖို႔ေၾကာက္႐ြံျခင္း

ေနသားက်ေနတဲ့ပုံမွန္ဘဝထဲက ခြဲထြက္ႏိုင္ဖို႔အသစ္သစ္ေသာ ေလ့လာသင္ယူမႈေတြ အားစိုက္ထုတ္မႈေတြကိုလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ သက္ေတာင့္သက္သာရွိတဲ့ဘဝမွာပဲ ပိုေနၿမဲက်ားေနၿမဲ ေနထိုင္ေန႐ုံနဲ႔ အေျပာင္းအလဲေတြ တိုးတက္မႈေတြဆိုတာ ရွိမလာႏိုင္ပါဘူး။ တိုးတက္ေျပာင္းလဲဖို႔ တစ္ခါတစ္ရံမွာ ခက္ခဲမႈေတြ ပင္ပန္းမႈေတြနဲ႔ ႀကဳံရႏိုင္ပါတယ္။ ဒါမွလည္း ေျပာင္းလဲတိုးတက္ျခင္းဆိုတဲ့အႏွစ္သာရကိုခံစားရႏိုင္မွာပါ။

(၃) စိုးရိမ္ပူပန္စိတ္မ်ားျခင္း

စိုးရိမ္ပူပန္စိတ္ေတြက ဆုံးျဖတ္ခ်က္ေတြကို ယိုင္နဲ႔သြားေစတယ္ ၊ ယုံၾကည္မႈေတြကိုပ်က္ျပားသြားေစႏိုင္ပါတယ္။ လက္ေတြ႕ျဖစ္မလာေသးတဲ့အရာေတြကိုေတြးၿပီး စိုးရိမ္စိတ္မ်ားေနျခင္းေၾကာင့္ ျဖစ္ပါ့မလားဆိုတဲ့ စိတ္ႀကီးဝင္သြားေစၿပီး သင့္လုပ္ေဆာင္မယ့္အရာေတြအေပၚ ေတြေဝသြားေစႏိုင္ပါတယ္။ ဒါဆိုရင္သင့္အတြက္ ႀကီးမားတဲ့အေျပာင္းအလဲေတြကလည္း လြဲေခ်ာ္သြားေစမွာပါ။

(၄) အဖ်ားရႈးသြားျခင္း

ကိစၥတစ္ခုကိုအစပိုင္းမွာအရမ္းတက္ႂကြေပမယ့္ ေနာက္ပိုင္းက် ဟိုလိုဒီလို အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ အဖ်ားသြားတက္တဲ့သူေတြအမ်ားႀကီး ေတြ႕ဖူးၾကမယ္ထင္ပါတယ္။ ဒီလို ေကာက္႐ိုးမီးလို အက်င့္ရွိတာကလည္း ဘယ္ေတာ့မွ တိုးတက္ေျပာင္းလဲမႈ ၿပီးေျမာက္ေအာင္ျမင္မႈ ကိုရႏိုင္မွာမဟုတ္ပါဘူး။

 

Leave a Reply

Your email address will not be published. Required fields are marked *