Sun. May 22nd, 2022

ဘဝရဲ့အောင်မြင်ခြင်း၊ အဆင့်အတန်းမြင့်မားခြင်းတို့ ရရှိဖို့အတွက် အမြန်ရောက်အောင်သွားရမယ့် နေရာဒေသ (၃) မျိုးရှိပါတယ်။ တကယ်လို့ ကိုယ်ရောက်နေတဲ့အရပ်ဟာ ရေရှည်နေသင့်တဲ့အရပ်လား၊ အမြန်စွန့်ခွာသွားသင့်တဲ့ အရပ်လားဆိုတာ သိသင့်ပါတယ်။

ကိုယ်ရောက်ရှိနေတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ကိုယ့်အတွက်ဘာတွေရရှိနိုင်မလဲ။ လစာကလည်းနည်းတယ်၊ စိတ်ဖိစီးမှုတွေကလည်း များတယ်၊ ဒီလိုလုပ်ငန်းခွင်မျိုးဆိုရင် ရေရှည်လုပ်ကိုင်ဖို့အတွက် စဉ်းစားသင့်နေပါပြီ။ ဒါပေမယ့် ဒီလုပ်ငန်းခွင်က ကိုယ့်အတွက် ပညာတွေရနေတယ်ဆိုရင်တော့ ကာလတစ်ခုထိ လုပ်ကိုင်နေသင့်ပါတယ်။

 

ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ်ဟာအချိန်တွေများစွာကို နှစ်မြှပ်ထားရတာဖြစ်ပါတယ်။ ကိုယ်ပေးဆပ်ရတဲ့အချိန်နဲ့ ကိုယ်ပြန်ရတဲ့ခံစားခွင့်တွေက သာတူညီမျှမှုရှိရဲ့လား။ တကယ်လို့ ကိုယ့်အတွက် လုပ်ခလစာတွေထိုက်ထိုက်တန်တန်ရရှိနေတယ်ဆိုရင်တော့ ဒီလုပ်ငန်းခွင်အတွက် ကိုယ့်အချိန်တွေ မြုပ်နှံရကျိုးနပ်ပါတယ်။

တချို့လုပ်ငန်းခွင်တွေဟာ ဝါသနာကိုအရင်းခံပြီး လုပ်ကိုင်ကြတာမျိုးရှိပါတယ်။ ကိုယ်ကျိုးစီးပွားတွေစွန့်ပြီး ပညာလည်းမရ၊ ဥစ္စာလည်းမရှိတဲ့ ပရဟိတလုပ်ငန်းမျိုးပေ့ါ။ ကိုယ်သဘောကျတဲ့လုပ်ငန်းတစ်ခုက စိတ်ချမ်းမြေ့ပြီး ကုသိုလ်ကောင်းမှုတွေ ဖြစ်ထွန်းနေတယ်ဆိုရင် ဒီလိုလုပ်ငန်းခွင်မှာ သင့်အချိန်တွေကို စတေးခံသင့်ပါတယ်။

Zawgyi

ဘဝရဲ႕ေအာင္ျမင္ျခင္း၊ အဆင့္အတန္းျမင့္မားျခင္းတို႔ ရရွိဖို႔အတြက္ အျမန္ေရာက္ေအာင္သြားရမယ့္ ေနရာေဒသ (၃) မ်ိဳးရွိပါတယ္။ တကယ္လို႔ ကိုယ္ေရာက္ေနတဲ့အရပ္ဟာ ေရရွည္ေနသင့္တဲ့အရပ္လား၊ အျမန္စြန႔္ခြာသြားသင့္တဲ့ အရပ္လားဆိုတာ သိသင့္ပါတယ္။

ကိုယ္ေရာက္ရွိေနတဲ့ လုပ္ငန္းခြင္တစ္ခုမွာ ကိုယ့္အတြက္ဘာေတြရရွိႏိုင္မလဲ။ လစာကလည္းနည္းတယ္၊ စိတ္ဖိစီးမႈေတြကလည္း မ်ားတယ္၊ ဒီလိုလုပ္ငန္းခြင္မ်ိဳးဆိုရင္ ေရရွည္လုပ္ကိုင္ဖို႔အတြက္ စဥ္းစားသင့္ေနပါၿပီ။ ဒါေပမယ့္ ဒီလုပ္ငန္းခြင္က ကိုယ့္အတြက္ ပညာေတြရေနတယ္ဆိုရင္ေတာ့ ကာလတစ္ခုထိ လုပ္ကိုင္ေနသင့္ပါတယ္။

ကိုယ့္လုပ္ငန္းခြင္မွာ ကိုယ္ဟာအခ်ိန္ေတြမ်ားစြာကို ႏွစ္ျမႇပ္ထားရတာျဖစ္ပါတယ္။ ကိုယ္ေပးဆပ္ရတဲ့အခ်ိန္နဲ႔ ကိုယ္ျပန္ရတဲ့ခံစားခြင့္ေတြက သာတူညီမွ်မႈရွိရဲ႕လား။ တကယ္လို႔ ကိုယ့္အတြက္ လုပ္ခလစာေတြထိုက္ထိုက္တန္တန္ရရွိေနတယ္ဆိုရင္ေတာ့ ဒီလုပ္ငန္းခြင္အတြက္ ကိုယ့္အခ်ိန္ေတြ ျမဳပ္ႏွံရက်ိဳးနပ္ပါတယ္။

တခ်ိဳ႕လုပ္ငန္းခြင္ေတြဟာ ဝါသနာကိုအရင္းခံၿပီး လုပ္ကိုင္ၾကတာမ်ိဳးရွိပါတယ္။ ကိုယ္က်ိဳးစီးပြားေတြစြန႔္ၿပီး ပညာလည္းမရ၊ ဥစၥာလည္းမရွိတဲ့ ပရဟိတလုပ္ငန္းမ်ိဳးေပ့ါ။ ကိုယ္သေဘာက်တဲ့လုပ္ငန္းတစ္ခုက စိတ္ခ်မ္းေျမ့ၿပီး ကုသိုလ္ေကာင္းမႈေတြ ျဖစ္ထြန္းေနတယ္ဆိုရင္ ဒီလိုလုပ္ငန္းခြင္မွာ သင့္အခ်ိန္ေတြကို စေတးခံသင့္ပါတယ္။

 

Leave a Reply

Your email address will not be published.