အလုပ်အင်တာဗျူးအတွက် ဘယ်လိုဝတ်စားသွားသင့်သလဲ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။စာရွက်ပေါ်မှာ သင်က ဘယ်လောက် စမတ်ကျနေပါစေ သင့်အဝတ်အစားတွေကလည်း အရေးကြီးပါတယ်။ အင်တာဗျူးဖြေဖို့ ရုံးခန်းထဲ ဝင်သွားတဲ့အခါ သင့်ကို ဆွဲဆောင်မှုအရှိဆုံးဖြစ်နေစေမယ့်အရာက သင့်အသွင်အပြင်ပါပဲ။
ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ အလုပ်အင်တာဗျူးအတွက် အထောက်အကူဖြစ်စေမယ့် အဝတ်အစားရွေးချယ်နည်းကို ပြောပြပေးသွားပါမယ်။
(၁) ကုမ္ပဏီရဲ့ ၀တ်စားဆင်ယင်ပုံကို လေ့လာပါ
ကုမ္ပဏီရဲ့ ဝတ်စားဆင်ယင်ပုံကို လေ့လာထားတာက အရှုံးမရှိပါဘူး။ သူတို့ကုမ္ပဏီရဲ့ဓာတ်ပုံတွေကို အွန်လိုင်းမှာ လေ့လာပြီး ရုံးမှာ ဝန်ထမ်းတွေဝတ်တဲ့ပုံကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါ။
(၂) အရောင်ေသချာ ရွေးချယ်တတ်ပါစေ
အရောင်တစ်ခုစီတိုင်းမှာ စိတ်ခံစားမှုနှင့် အဓိပ္ပါယ်ရှိပါတယ်။ ဒါကြောင့် အင်တာဗျူးအတွက် ဝတ်စုံအရောင်ကို သေချာ ရွေးချယ်တတ်ဖို့ လိုပါတယ်။
ဒါပေမယ့် လိမ္မော်ရောင်ကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒီအရောင်က အဆိုးမြင်တဲ့ ဘက်ကို ကျရောက်ပြီး သင့်ကို ပရော်ဖက်ရှင်နယ် မဆန်ေစပြီး ယုံကြည်မှုလွန်ကဲတာ ဖြစ်စေပါတယ်။
(၃) လိုက်ဖက်ညီတဲ့အရောင်တွေ ရွေးပါ
အဝတ်အစားတွေကို ရွေးချယ်တဲ့အခါ မတူညီတဲ့အရောင်တွေကို ၀တ်ဆင်ချင်တယ်ဆိုရင် ဘယ်လိုပေါင်းစပ်ရမလဲဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ဥပမာ: အရောင်တောက်တောက် ရှပ်အင်္ကျီဝတ်ရင် အမိုက်စား ဝတ်စုံကို ၀တ်ပါ။ အနီရောင်အကျီနှင့် ရိုးရိုးဖိနပ်နှင့် မီးခိုးရောင်အဝတ်အစားကို ပေါင်းစပ်ပါ။
(၄)သင့်တော်တဲ့ accessoriesတွေ ရွေးချယ်ပါ
ဦးထုပ် : သင်သွားမည့်အလုပ် အင်တာဗျူးအတွက်ကတော့ ဘယ်လိုမှအမြင်မရှိပါဘူး။
လက်ဝတ်ရတနာ- အမျိုးသမီးေတွအတွက်၊ လက်မှာ လက်ကောက်များစွာဝတ်ခြင်းကို ရှောင်ပြီး နားဆွဲတွေ မဝတ်ပါနှင့် ။
မိတ်ကပ်နဲ့ ဆံပင်: အလုပ်အင်တာဗျူးတွေမှာ မိတ်ကပ်နဲ့ ဆံပင်က ပြင်ဆင်သွားသင့်တဲ့ ကိစ္စပါ။ ဒါပေမယ့် လွန်လွန်ကဲကဲ မလုပ်ပါနှင့်။
လက်သည်း- သင့်လက်သည်းကို လက်သည်းအရှည်ထားပြီး လက်သည်းေတာက်ေတာက် ဆိုးခြင်းကို ရှောင်ကြဉ်ပါ။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources5minutecrafts.site
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။