ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ မြန်ဆန်စွာ နိုးနိုးကြားကြားဖြစ်သွားစေမယ့် နည်းလမ်းများ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အလုပ်လုပ်နေတုန်းမှာပဲဖြစ်ဖြစ် စာသင်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် အများစုက အိပ်ငိုက်တတ်ကြပါတယ် ။ ဒီလိုဖြစ်တာဟာ ကျွန်တော်တို့အတွက် လှုပ်ရှားမှုတွေ လိုနေပြီဆိုတာ ပြောပြနေပါတယ်
ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ မြန်မြန်ဆန်ဆန် နိုးနိုးကြားကြားဖြစ်သွားစေမယ့် နည်းလမ်းတွေကို ပြောပြပေးသွားပါမယ်
(၁) ရေအေးနဲ့ မျက်နှာသစ်ပေးပါ
အဲ့လိုပြုလုပ်ပေးခြင်းက သွေးလည်ပတ်မှုကို ဦးခေါင်းထိပါ ရောက်ရှိစေပြီး ခဏအတွင်း စွမ်းအင်တွေ ဖြစ်စေနိုင်တာမို့ လန်းဆန်းစေပါတယ် ။
(၂) ခဏလောက် တရေးအိပ်ပေးပါ
တရေးလောက် အိပ်ပေးခြင်းက ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး လန်းဆန်းစေပါတယ် ။ မိနစ်နှစ်ဆယ်လောက် တရေးတမော အိပ်ပေးခြင်းက အကောင်းဆုံးပါပဲ။ တစ်နေ့ကို တစ်ကြိမ်ထက်ပိုပြီးတော့ တရေးတမော အိပ်ခြင်းကိုတော့ ရှောင့်သင့်ပါတယ်။
(၃) ကဖိန်းဓာတ်ပါသောတစ်ခုခုကို သောက်ပေးခြင်း
ေကာ်ဖီသောက်တာကတော့ ပင်ပန်းနွမ်းနယ်မှုကို ဖြေလျှော့ပေးနိုင်တဲ့ လူကြိုက်များပြီး အကျိုးရှိတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အချိန်ခဏအတွင်းမှာပဲ အာရုံကြောတွေ စွမ်းအင်တွေကို နိုးကြားစေပြီး အလုပ်ကို အာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။
(၄)ရေသောက်ခြင်း
ရေဓာတ်ကုန်ဆုံးတာကလည်း လူကို ပိုပြီး နွမ်းနယ်စေပါတယ်။ သွေးလည်ပတ်မှုလည်းကောင်းပြီး လူကို လန်းဆန်းစေဖို့ တစ်နေ့တာအတွင်းမှာ ရေဓာတ်တွေ ပြည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ် ။
(၅) မီးတွေ ဖွင့်ပေးထားပါ
မီးအလင်းရောင်နဲ့ ထိတွေ့ပေးခြင်းကလည်း အိပ်ချင်စိတ်ကို လျော့စေပါတယ်။ မီးအလင်းအား များလေလေ လူက ပိုပြီး နိုးကြားတက်ကြွလေ ဖြစ်ပါတယ်။
(၆) ကျန်းမာရေးနဲ့ ညီညွတ်ပြီး အားဖြစ်စေမယ့် သရေစာ တစ်ခုခု စားပေးပါ
သစ်စေ့၊ ဒိန်ချဉ်၊ လတ်ဆတ်တဲ့ အသီးအနှံတွေလိုမျိုး အစားအစာတွေက သင့်ကို အားဖြစ်စေပြီး အစာချေစနစ်ကလည်း Energyတွေ သိပ်မသုံးရတဲ့အတွက် စားပြီးသွားရင်တောင် အိပ်ချင်စိတ်မဖြစ်စေပဲ လန်းဆန်းစေပါတယ် ။
(၇) စကားစမြည် ပြောပါ
စိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းကလည်း သင့်ကို နိုးနိုးကြားကြား ဖြစ်စေပါတယ်။ အခြားတစ်ယောက်နဲ့ ပြောနေတဲ့ စကား၊ ထင်မြင်ချက်တွေပေါ် စိတ်ရောက်နေတဲ့ အခါမှာ လူက ပိုပြီး နိုးကြားတက်ကြွလာပါတယ်။
(၈) လေ့ကျင့်ခန်း ပြုလုပ်ခြင်း
လေ့ကျင်းခန်းလုပ်တာကလည်း အိပ်ချင်စိတ်ကို လျော့စေပါတယ်။ စက်ဘီးစီးတာ ဒါမှမဟုတ် လမ်းကို ခပ်သွက်သွက် လျှောက်ပေးတာက ဒီလို အခြေအနေမှာ ပို သင့်တော်ပါတယ်။ အလုပ်လုပ်နေရင်း ပင်ပန်းလာတယ်၊ အိပ်ချင်လာပြီ ဆိုရင်တော့ လမ်းလေး ထလျှောက်ပေးတာက မြန်မြန်ဆန်ဆန် လန်းဆန်းသွားစေမယ့် နည်းလမ်းကောင်းလေး တစ်ခု ဖြစ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources 5minutecrafts.site
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။