အကြည့်ရဆိုးနေတဲ့ အကြောပြတ်ရာတွေကို ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အရေပြားက လျင်မြန်စွာ ဆန့်သွား ကျုံ့သွားတဲ့အခါမှာ အကြောအရာတွေ ပေါ်လာနိုင်ပါတယ်။ ကိုယ်ဝန်ရှိချိန်၊ ကိုယ်အလေးချိန်ကျခြင်းကြောင့် ဒါမှမဟုတ် ခန္ဓာကိုယ်အတွင်း အခြားပြောင်းလဲမှုအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျပနေ အကြည့်ရဆိုးနေတဲ့ အကြောပြတ်ရာတွေကို ပျောက်အောင် ကုသနည်းတွေကို ပြောပြပေးသွားပါမယ်။
(၁) သကြား
ပုံမှန် exfoliationလုပ်တာက အရေပြားဆဲလ်သေေတွကို ဖယ်ရှားပေးပြီး အကြောပြတ်ရာတွေအတွက် အရေပြားအသစ် ကြီးထွားမှုကို လှုံ့ဆော်ပေးပါတယ်။
ဘာလိုလုပ်ရမလဲ:
သကြား 1 ခွက်ကိုဗာဒံဆီ 1/4 ခွက် ဒါမှမဟုတ် အုန်းဆီနှင့်ရောမွှေပါ။ သံပုရာရည် အနည်းငယ်ကို ရောစပ်ပြီး သမအောင် မွှေပေးပါ။အကြောပြတ်ရာတွေရှိတဲ့ ခန္ဒာကိုယ်တစ်ခြမ်းကို 8-10 မိနစ်ခန့် ပွတ်တိုက်ပေးပါ။ ရေချိုးတဲ့အခါတိုင်း လုပ်လို့ရပါတယ်။
(၂) retinolခရင်မ်
Retinol ပါဝင်တဲ့ ခရင်မ်က ကော်လာဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။
ဘယ်လိုလုပ်ရမလဲ:
ခရင်မ်ကို အကြောပြတ်ရာတွေထဲ ညင်သာစွာ နှိပ်နယ်ပြီး ဒေါင်လိုက် စိမ့်ဝင်အောင် လိမ်းပေးပါ။ မပျောက်မချင်း လိမ်းလို့ရပါတယ် ။
(၃)body oilနှင့် ရေဓာတ်ဖြည့်ခြင်း
Body oil က အသားအရေကို နူးညံ့စေပြီး အကြောပြတ်ရာတွေ ပေါ်လာတာကို လျှော့ချပေးပါလိမ့်မယ်။
ဘယ်လိုလုပ်ရမလဲ:
ဗီတာမင် A နဲ့ E ပါ၀င်တဲ့ ဆီကို ရွေးချယ်ပါ။အကြောပြတ်ရာနေရာတွေကို နေ့တိုင်းလိမ်းပေးပါ။
(၄) self-tannerသုံးပါ
self-tannerက ပုံမှန်အသားအရေနှင့် အကြောပြတ်ရာေတွကြားက အရောင်ကွဲပြားမှုကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။
ဘယ်လိုလုပ်ရမလဲ:
အကြောပြတ်ရာေတွကို ထိုအဆီလိမ်းရုံပါပဲ။ ခန္ဓာကိုယ်ကို ကျန်းမာတောက်ပစေပြီး အာဟာရဖြစ်စေဖို့အတွက် ဗီတာမင်ဓာတ်တွေပါတဲ့ အရည် bronzer ကိုသုံးနိုင်ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources 5minutecrafts.site
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။