Sun. May 22nd, 2022

အသက် ၃၀ မှာ ကြွယ်ဝချမ်းသာသူတစ်ယောက်ဖြစ်ဖို့ လိုက်နာရမယ့် အချက်များ

လူတိုင်းကတော့ ဘဝမှာကြွယ်ဝချမ်းသာချင်ကြတဲ့ သူတွေချည်းပါပဲ။ ဘဝမှာအောင်မြင်ပြီး ချမ်းသာကြွယ်ဝဖို့ အသက်အရွယ်အကန့်အသတ်မရှိတာမှန်ပေမယ့် အသက်ငယ်ငယ်နဲ့ ချမ်းသာတဲ့ သူဌေးသူကြွယ်တစ်ယောက် ဖြစ်ချင်ရင်တော့ သူများတွေထက်ပိုပြီး ကြိုးစားအားထုတ်မှုတွေလုပ်ရမှာ အမှန်ပါ။ သင်ဟာ လက်ရှိအသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်တစ်ယောက်ဖြစ်ပြီး နောက်လာမယ့်အနာဂတ်မှာငွေရေးကြေး ရေး မကြောင့်မကျနဲ့ ကြွယ်ဝချမ်းသာသူ တစ်ယောက်ဖြစ်ချင်ရင်တော့ အခုပြောမယ့်အချက်တွေကို လိုက်နာဖို့လိုပါလိမ့်မယ်။

(၁) အပိုဝင်ငွေလမ်းကြောင်းရှာပါ

 

လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ လူငယ်အရွယ်မှာ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းကိုပဲ မှီခိုအားထားတာမျိုးမလုပ်သင့် ပါဘူး။ အပိုဝင်ငွေရနိုင်မယ့် အခြားသော အချိန်ပိုင်းအလုပ်တွေကိုလည်း တွဲဖက်လုပ်ကိုင်သင့်ပါတယ်။ သင့်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း အားအင်တွေကို သင့်ဘဝရဲ့အလုပ်ထဲမှာ မြုပ်နှံထားပြီး ဝင်ငွေလမ်းကြောင်းကိုအမြဲ အာရုံ စိုက်ထားသင့်ပါတယ်။

(၂) ရင်းနှီးမြုပ်နှံပါ

လူငယ်ဘဝမှာ ငွေကုန်စရာကိစ္စတွေက ခပ်များများရယ်ပါ။ သို့သော် ကိုယ်ရှာလို့ရတဲ့ဝင်ငွေကို သုံးပစ်တာထက် စုနိုင်သလောက်စုတာ ၊ ပြန်လည်ရင်းနှီးမြုပ်နှံတာမျိုးတွေ ပိုလုပ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ငွေပေါ်ငွေ ဆင့်ပြီး တိုးပွားလာစေမယ့် ရင်းနှီးမြုပ်နှံခြင်းဆိုင်ရာလုပ်ငန်းတွေမှာ ငွေကိုထည့်ထားတာ ကောင်းပါတယ်။

(၃) တိုးတက်အောင်လုပ်ပါ

 

ဝင်ငွေကို ရင်းနှီးမြုပ်နှံသလို ကိုယ့်ကိုယ်ကို တိုးတက်အောင်လည်း ရင်းနှီးမြုပ်နှံသင့်ပါတယ်။ အလုပ်ကို ကြိုးကြိုး စားစားလုပ်ကိုင်ပြီး အားလပ်ချိန်ရတိုင်းမှာ အသိပညာဗဟုသုတ တိုးစေမယ့်အရာတွေ ကိုယ့်အရည်အချင်းကို တိုး တက်လာစေမယ့်အရာတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ တိုးတက်မှုကို အမြဲရှာဖွေလုပ်ဆောင်နေသူအတွက် အောင်မြင်မှုဆိုတာ မဝေးတော့တဲ့ အနာဂတ်တစ်ခုပါပဲ။

(၄) အပေါင်းအသင်းကောင်းတွေရှာပါ

ဘဝမှာ အောင်မြင်ချမ်းသာဖို့ အပေါင်းအသင်းကဏ္ဍကလည်း အရေးပါပါတယ်။ အဓိကအားဖြင့် ကြိုးစားချင် စိတ်ရှိသူတွေ အောင်မြင်ချမ်းသာလိုစိတ်ရှိသူတွေနဲ့ အချိန်များများ ကုန်ဆုံးသင့်ပါတယ်။ အတွေ့အကြုံရင့်သန်ပြီး အထိုက်အလျောက်အောင်မြင်ထွန်းပေါက်နေသူတွေနဲ့ မိတ်ဆွေဖွဲ့ထားတာဟာ ကိုယ့်အတွက် အကြံဉာဏ်ကောင်း တွေ၊ အခွင့်အလမ်းကောင်းတွေလည်း ရစေမှာပါ။

(၅) ကျရှုံးမှာ မကြောက်ပါနဲ့

 

ဘဝဟာအမြဲတမ်း အဆင်ပြေချောမွေ့နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျရှုံးမှုတွေနဲ့လည်း ကြုံလာနိုင်ပါတယ်။ ဒါပေမယ့် လူငယ်တစ်ယောက်အတွက် ကျရှုံးမှုဆိုတာ တွန်းအားတစ်ခုပါပဲ။ ကျရှုံးမှုတွေကနေ အကောင်းဆုံး သင်ခန်းစာယူပြီး နောက်ထပ်တစ်ကြိမ် ကြိုးစားရမှာပါ။ ဒါမှလည်း ကိုယ်ရည်မှန်းထားတဲ့ အနာဂတ်ပန်းတိုင်ကို သေချာပေါက်ရောက်နိုင်မှာပါ။

 

 

zawgyi

အသက္ ၃၀ မွာ ႂကြယ္ဝခ်မ္းသာသူတစ္ေယာက္ျဖစ္ဖို႔ လိုက္နာရမယ့္ အခ်က္မ်ား

လူတိုင္းကေတာ့ ဘဝမွာႂကြယ္ဝခ်မ္းသာခ်င္ၾကတဲ့ သူေတြခ်ည္းပါပဲ။ ဘဝမွာေအာင္ျမင္ၿပီး ခ်မ္းသာႂကြယ္ဝဖို႔ အသက္အ႐ြယ္အကန႔္အသတ္မရွိတာမွန္ေပမယ့္ အသက္ငယ္ငယ္နဲ႔ ခ်မ္းသာတဲ့ သူေဌးသူႂကြယ္တစ္ေယာက္ ျဖစ္ခ်င္ရင္ေတာ့ သူမ်ားေတြထက္ပိုၿပီး ႀကိဳးစားအားထုတ္မႈေတြလုပ္ရမွာ အမွန္ပါ။ သင္ဟာ လက္ရွိအသက္ ၂၀ ဝန္းက်င္ လူငယ္လူ႐ြယ္တစ္ေယာက္ျဖစ္ၿပီး ေနာက္လာမယ့္အနာဂတ္မွာေငြေရးေၾကး ေရး မေၾကာင့္မက်နဲ႔ ႂကြယ္ဝခ်မ္းသာသူ တစ္ေယာက္ျဖစ္ခ်င္ရင္ေတာ့ အခုေျပာမယ့္အခ်က္ေတြကို လိုက္နာဖို႔လိုပါလိမ့္မယ္။

(၁) အပိုဝင္ေငြလမ္းေၾကာင္းရွာပါ

 

 

လုပ္ႏိုင္ကိုင္ႏိုင္စြမ္းရွိတဲ့ လူငယ္အ႐ြယ္မွာ ဝင္ေငြလမ္းေၾကာင္းတစ္ခုတည္းကိုပဲ မွီခိုအားထားတာမ်ိဳးမလုပ္သင့္ ပါဘူး။ အပိုဝင္ေငြရႏိုင္မယ့္ အျခားေသာ အခ်ိန္ပိုင္းအလုပ္ေတြကိုလည္း တြဲဖက္လုပ္ကိုင္သင့္ပါတယ္။ သင့္ရဲ႕ ကိုယ္စြမ္းဉာဏ္စြမ္း အားအင္ေတြကို သင့္ဘဝရဲ႕အလုပ္ထဲမွာ ျမဳပ္ႏွံထားၿပီး ဝင္ေငြလမ္းေၾကာင္းကိုအၿမဲ အာ႐ုံ စိုက္ထားသင့္ပါတယ္။

(၂) ရင္းႏွီးျမဳပ္ႏွံပါ

 

လူငယ္ဘဝမွာ ေငြကုန္စရာကိစၥေတြက ခပ္မ်ားမ်ားရယ္ပါ။ သို႔ေသာ္ ကိုယ္ရွာလို႔ရတဲ့ဝင္ေငြကို သုံးပစ္တာထက္ စုႏိုင္သေလာက္စုတာ ၊ ျပန္လည္ရင္းႏွီးျမဳပ္ႏွံတာမ်ိဳးေတြ ပိုလုပ္သင့္ပါတယ္။ အေကာင္းဆုံးကေတာ့ ေငြေပၚေငြ ဆင့္ၿပီး တိုးပြားလာေစမယ့္ ရင္းႏွီးျမဳပ္ႏွံျခင္းဆိုင္ရာလုပ္ငန္းေတြမွာ ေငြကိုထည့္ထားတာ ေကာင္းပါတယ္။

(၃) တိုးတက္ေအာင္လုပ္ပါ

 

 

ဝင္ေငြကို ရင္းႏွီးျမဳပ္ႏွံသလို ကိုယ့္ကိုယ္ကို တိုးတက္ေအာင္လည္း ရင္းႏွီးျမဳပ္ႏွံသင့္ပါတယ္။ အလုပ္ကို ႀကိဳးႀကိဳး စားစားလုပ္ကိုင္ၿပီး အားလပ္ခ်ိန္ရတိုင္းမွာ အသိပညာဗဟုသုတ တိုးေစမယ့္အရာေတြ ကိုယ့္အရည္အခ်င္းကို တိုး တက္လာေစမယ့္အရာေတြ လုပ္ေဆာင္ေပးဖို႔ လိုပါတယ္။ တိုးတက္မႈကို အၿမဲရွာေဖြလုပ္ေဆာင္ေနသူအတြက္ ေအာင္ျမင္မႈဆိုတာ မေဝးေတာ့တဲ့ အနာဂတ္တစ္ခုပါပဲ။

(၄) အေပါင္းအသင္းေကာင္းေတြရွာပါ

 

ဘဝမွာ ေအာင္ျမင္ခ်မ္းသာဖို႔ အေပါင္းအသင္းက႑ကလည္း အေရးပါပါတယ္။ အဓိကအားျဖင့္ ႀကိဳးစားခ်င္ စိတ္ရွိသူေတြ ေအာင္ျမင္ခ်မ္းသာလိုစိတ္ရွိသူေတြနဲ႔ အခ်ိန္မ်ားမ်ား ကုန္ဆုံးသင့္ပါတယ္။ အေတြ႕အႀကဳံရင့္သန္ၿပီး အထိုက္အေလ်ာက္ေအာင္ျမင္ထြန္းေပါက္ေနသူေတြနဲ႔ မိတ္ေဆြဖြဲ႕ထားတာဟာ ကိုယ့္အတြက္ အႀကံဉာဏ္ေကာင္း ေတြ၊ အခြင့္အလမ္းေကာင္းေတြလည္း ရေစမွာပါ။

(၅) က်ရႈံးမွာ မေၾကာက္ပါနဲ႔

 

ဘဝဟာအၿမဲတမ္း အဆင္ေျပေခ်ာေမြ႕ေနဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ က်ရႈံးမႈေတြနဲ႔လည္း ႀကဳံလာႏိုင္ပါတယ္။ ဒါေပမယ့္ လူငယ္တစ္ေယာက္အတြက္ က်ရႈံးမႈဆိုတာ တြန္းအားတစ္ခုပါပဲ။ က်ရႈံးမႈေတြကေန အေကာင္းဆုံး သင္ခန္းစာယူၿပီး ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးစားရမွာပါ။ ဒါမွလည္း ကိုယ္ရည္မွန္းထားတဲ့ အနာဂတ္ပန္းတိုင္ကို ေသခ်ာေပါက္ေရာက္ႏိုင္မွာပါ။

 

Leave a Reply

Your email address will not be published.