Sun. May 22nd, 2022

သင့်အနေနဲ့ ဂုဏ်သတင်းမွှေးပျံ့ဖို့ ကြိုးစားနေသူ ပုံရိပ်ကောင်းတစ်ခု ရရှိဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဆိုရင်တော့ လူအများရဲ့အထင်ကြီးလေးစားမှု၊ အာရုံစိုက်မှုကို အရင်ဆုံးရရှိပိုင်ဆိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီလိုလူအများရဲ့အထင်ကြီးလေးစားမှုကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ တော်ရုံအရည်အချင်းနဲ့ မရပါဘူး။

မိမိကိုယ်တိုင်က မွန်မြတ်တဲ့စိတ်ထား ထားရှိဖို့လိုအပ်သလို ယောကျာ်းပီသတဲ့ တကယ့်ယောကျာ်းဖြစ်ဖို့လည်း လိုအပ်ပါတယ်။ မွန်မြတ်တဲ့ တကယ့်ယောကျာ်းကောင်းဖြစ်ဖို့ ခက်ခဲတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ သင် နေ့စဉ်ပြုလုပ်တဲ့အရာတွေထဲမှာ အခုဖော်ပြမယ့် သွင်ပြင်လက္ခဏာများကို ဖြည်းဖြည်းချင်း လိုက်နာကျင့်သုံးသွားမယ်ဆိုရင်တော့ သင်သည် ယောကျာ်းပီသတဲ့ တကယ့်ယောကျာ်းကောင်းဖြစ်မှာပါ။

ခေါင်းဆောင်နိုင်ရပါမယ်

မိမိရဲ့လူမှုပတ်ဝန်းကျင်မှာသာမက လုပ်ငန်းခွင်မှာ၊ ဘယ်လိုအခြေအနေမျိုးပဲရောက်နေပါစေ လူအများကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်းမျိုး ရှိဖို့လိုအပ်ပါတယ်။ ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေမယ့်အစား ပြတ်သားမှတ်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ရပါမယ်။ ကိုယ့်အဖွဲ့သားများအပေါ် ကိုယ်ချင်းစာစိတ်ထားတတ်ဖို့လည်း လိုပါတယ်။

သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်ရပါမယ်

လူအများရှေ့မှာသာမကဘဲ လူအများရဲ့နောက်ကွယ်မှာလည်းပဲ သန့်ရှင်းသပ်ရပ်စွာနေထိုင်နိုင်ရပါမယ်။ ဖက်ရှင်ကျပြီး သန့်ရှင်းသပ်ရပ်စွာ ဝတ်စားတတ်မှ လူအများရဲ့အာရုံစိုက်ခြင်းကို ခံရမှာဖြစ်ပြီး ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးနိုင်မှာပါ။

ကတိတည်ရပါမယ်

 

 

လူမှာ ကတိ မင်းမှာ သစ္စာ ဆိုတဲ့စကားအတိုင်းပဲ ကတိမတည်တဲ့သူအဖို့ ဂုဏ်သတင်းမွှေးပျံ့ဖို့ အင်မတန်ခက်ခဲပါတယ်။ တကယ့်ယောကျာ်းကောင်း ယောကျာ်းမြတ်တစ်ယောက်က သူပေးထားတဲ့ ကတိကို ဘယ်အခြေအနေမျိုးမှာမဆို တည်တံ့ဖို့ ကြိုးစားတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါက သူ့ဘဝအတွက် သူကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းဖြစ်လို့ပါပဲ။

တည်ငြိမ်ရင့်ကျင့်မှုရှိခြင်း

သူနဲ့ သဘောထာားမတိုက်ဆိုင်တဲ့လူတွေရဲ့စော်ကားဆန့်ကျင်မှုတွေ ခံစားနေရသည့်တိုင်အောင် တကယ့်ယောကျာ်းကောင်းက ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ အေးဆေးတည်ငြိမ်စွာနဲ့ ပြဿနာကို ဖြေရှင်းတတ်ကြပါတယ်။ ပြဿနာတစ်ခုကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်ဘဲ ခေါင်းအေးအေးဖြင့် ရင်ဆိုင်ဖြေရှင်းခြင်းကသာလျှင် မှန်ကန်သောဖြေရှင်းနည်းဖြစ်ပါတယ်။

မိမိရဲ့ပါရမီဖြည့်ဖက်အတွက်ပါ ထည့်သွင်းစဉ်းစားပေးရပါမယ်

 

 

မိမိရဲ့လက်အောက်ငယ်သားတွေအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရုံနဲ့ မပြီးသေးပါဘူး။ မိမိချစ်သူ (သို့) အိမ်သူသက်ထားအတွက်လည်း ယောကျာ်းကောင်းတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ မိမိချစ်သူ (သို့) အိမ်သူသက်ထားကို အချိန်ပေးဖို့လိုအပ်သလို လေးစားစွာ ဆက်ဆံဖို့လည်း လိုအပ်ပါတယ်။ ဒါမှ အောင်မြင်တဲ့ဘဝအပြင် ပျော်ရွှင်စရာကောင်းတဲ့ဘဝကိုပါ တစ်ချိန်တည်း တပြိုင်နက်တည်းမှာ ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

 

zawgyi

သင့္အေနနဲ႔ ဂုဏ္သတင္းေမႊးပ်ံ႕ဖို႔ ႀကိဳးစားေနသူ ပုံရိပ္ေကာင္းတစ္ခု ရရွိဖို႔ ႀကိဳးစားေနတဲ့သူတစ္ေယာက္ဆိုရင္ေတာ့ လူအမ်ားရဲ႕အထင္ႀကီးေလးစားမႈ၊ အာ႐ုံစိုက္မႈကို အရင္ဆုံးရရွိပိုင္ဆိုင္ဖို႔ ႀကိဳးစားသင့္ပါတယ္။ ဒီလိုလူအမ်ားရဲ႕အထင္ႀကီးေလးစားမႈကို ပိုင္ဆိုင္ႏိုင္ဖို႔ဆိုတာ ေတာ္႐ုံအရည္အခ်င္းနဲ႔ မရပါဘူး။

မိမိကိုယ္တိုင္က မြန္ျမတ္တဲ့စိတ္ထား ထားရွိဖို႔လိုအပ္သလို ေယာက်ာ္းပီသတဲ့ တကယ့္ေယာက်ာ္းျဖစ္ဖို႔လည္း လိုအပ္ပါတယ္။ မြန္ျမတ္တဲ့ တကယ့္ေယာက်ာ္းေကာင္းျဖစ္ဖို႔ ခက္ခဲတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမဲ့ သင္ ေန႔စဥ္ျပဳလုပ္တဲ့အရာေတြထဲမွာ အခုေဖာ္ျပမယ့္ သြင္ျပင္လကၡဏာမ်ားကို ျဖည္းျဖည္းခ်င္း လိုက္နာက်င့္သုံးသြားမယ္ဆိုရင္ေတာ့ သင္သည္ ေယာက်ာ္းပီသတဲ့ တကယ့္ေယာက်ာ္းေကာင္းျဖစ္မွာပါ။

ေခါင္းေဆာင္ႏိုင္ရပါမယ္

 

မိမိရဲ႕လူမႈပတ္ဝန္းက်င္မွာသာမက လုပ္ငန္းခြင္မွာ၊ ဘယ္လိုအေျခအေနမ်ိဳးပဲေရာက္ေနပါေစ လူအမ်ားကို ဦးေဆာင္ႏိုင္တဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ရဲ႕အရည္အခ်င္းမ်ိဳး ရွိဖို႔လိုအပ္ပါတယ္။ ဆုံးျဖတ္ခ်က္ မျပတ္မသားျဖစ္ေနမယ့္အစား ျပတ္သားမွတ္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်ႏိုင္ရပါမယ္။ ကိုယ့္အဖြဲ႕သားမ်ားအေပၚ ကိုယ္ခ်င္းစာစိတ္ထားတတ္ဖို႔လည္း လိုပါတယ္။

သပ္သပ္ရပ္ရပ္ ဝတ္စားဆင္ယင္တတ္ရပါမယ္

 

လူအမ်ားေရွ႕မွာသာမကဘဲ လူအမ်ားရဲ႕ေနာက္ကြယ္မွာလည္းပဲ သန႔္ရွင္းသပ္ရပ္စြာေနထိုင္ႏိုင္ရပါမယ္။ ဖက္ရွင္က်ၿပီး သန႔္ရွင္းသပ္ရပ္စြာ ဝတ္စားတတ္မွ လူအမ်ားရဲ႕အာ႐ုံစိုက္ျခင္းကို ခံရမွာျဖစ္ၿပီး ပုံရိပ္ေကာင္းတစ္ခုကို ဖန္တီးႏိုင္မွာပါ။

ကတိတည္ရပါမယ္

 

 

\

လူမွာ ကတိ မင္းမွာ သစၥာ ဆိုတဲ့စကားအတိုင္းပဲ ကတိမတည္တဲ့သူအဖို႔ ဂုဏ္သတင္းေမႊးပ်ံ႕ဖို႔ အင္မတန္ခက္ခဲပါတယ္။ တကယ့္ေယာက်ာ္းေကာင္း ေယာက်ာ္းျမတ္တစ္ေယာက္က သူေပးထားတဲ့ ကတိကို ဘယ္အေျခအေနမ်ိဳးမွာမဆို တည္တံ့ဖို႔ ႀကိဳးစားတတ္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဒါက သူ႔ဘဝအတြက္ သူကိုယ္တိုင္ခ်မွတ္ထားတဲ့စည္းကမ္းျဖစ္လို႔ပါပဲ။

တည္ၿငိမ္ရင့္က်င့္မႈရွိျခင္း

 

သူနဲ႔ သေဘာထာားမတိုက္ဆိုင္တဲ့လူေတြရဲ႕ေစာ္ကားဆန႔္က်င္မႈေတြ ခံစားေနရသည့္တိုင္ေအာင္ တကယ့္ေယာက်ာ္းေကာင္းက ရန္ကိုရန္ခ်င္း မတုံ႔ႏွင္းဘဲ ေအးေဆးတည္ၿငိမ္စြာနဲ႔ ျပႆနာကို ေျဖရွင္းတတ္ၾကပါတယ္။ ျပႆနာတစ္ခုကို စိတ္လိုက္မာန္ပါ မဆုံးျဖတ္ဘဲ ေခါင္းေအးေအးျဖင့္ ရင္ဆိုင္ေျဖရွင္းျခင္းကသာလွ်င္ မွန္ကန္ေသာေျဖရွင္းနည္းျဖစ္ပါတယ္။

မိမိရဲ႕ပါရမီျဖည့္ဖက္အတြက္ပါ ထည့္သြင္းစဥ္းစားေပးရပါမယ္

 

 

မိမိရဲ႕လက္ေအာက္ငယ္သားေတြအတြက္ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္႐ုံနဲ႔ မၿပီးေသးပါဘူး။ မိမိခ်စ္သူ (သို႔) အိမ္သူသက္ထားအတြက္လည္း ေယာက်ာ္းေကာင္းတစ္ေယာက္ျဖစ္ဖို႔လိုအပ္ပါတယ္။ မိမိခ်စ္သူ (သို႔) အိမ္သူသက္ထားကို အခ်ိန္ေပးဖို႔လိုအပ္သလို ေလးစားစြာ ဆက္ဆံဖို႔လည္း လိုအပ္ပါတယ္။ ဒါမွ ေအာင္ျမင္တဲ့ဘဝအျပင္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ဘဝကိုပါ တစ္ခ်ိန္တည္း တၿပိဳင္နက္တည္းမွာ ပိုင္ဆိုင္ႏိုင္မွာပဲျဖစ္ပါတယ္။

 

 

Leave a Reply

Your email address will not be published.