Sun. May 22nd, 2022

ပိုက်ဆံသိပ်မရှိတဲ့အချိန်နဲ့ ပိုက်ဆံများများစားစား ရှိလာတဲ့အချိန် ဘာကွာသလဲဆိုတာ ပြောဖို့လွယ်ပါတယ်။ အများကြီး ပိုသုံးဖြစ်ခြင်းပါပဲ။ ငွေမှာ ပြဿနာနှစ်ခု ရှိပါတယ်။ တစ်ခုက ရှာရခက်ပြီး တစ်ခုက ထိန်းသိမ်းဖို့ခက်တာ ဖြစ်ပါတယ်။ တပင်တပန်းစုထားတဲ့ ငွေကလေးတွေ အလေအလွင့်မဖြစ်စေဖို့ ဒီလိုပစ္စည်းတွေ ဝယ်တာကို တတ်နိုင်မျှ ချုပ်တီးသင့်ပါတယ်။

အဝတ်အစား

တံဆိပ်ကလေး ကြည့်ပြီး တီရှပ်တစ်ထည်ကို ၃-၄ သောင်း ပေးဝတ်တာဟာ ပိုက်ရှိရှိတဲ့ သူတွေအတွက်ပဲ အဆင်ပြေပါတယ်။ ငွေစုနေတုန်းမှာ စားချင်တာလည်း မစားဖြစ်အောင် ရှောင်ရသလို ဝတ်ချင်တာလည်း မဝတ်ချင်အောင် ထိန်းရပါတယ်။ တကယ်လို့ တီရှပ်ဝယ်ချင်တယ်ဆိုရင်လည်း ဈေးသင့်ပြီး အသားအနားကောင်းတဲ့ တီရှပ်ကို တစ်ခါတည်းနဲ့ တစ်ဒါဇင်လောက် ဝယ်ထားတာ ပိုအဆင်ပြေပါတယ်။ အလားတူပဲ အတွင်းခံ ဘောင်းဘီနဲ့ ခြေအိတ်ကအစ အဝတ်အစားကြောင့် ငွေသုံးမများရအောင် ဂရုစိုက်သင့်ပါတယ်။

အီလက်ထရောနစ်ပစ္စည်း

ဖုန်းလိုမျိုး နေ့စဉ်သုံး အီလက်ထရောနစ် ပစ္စည်းတောင်မှပဲ တန်ဖိုးကြီးတာတွေ ဝယ်တာဟာ ပိုက်ဆံစုတဲ့ အလေ့အထကို ဖျက်ရာရောက်ပါတယ်။ အခုခေတ်မှာ ၂ သိန်းခွဲ ၃ သိန်းလောက်ဆိုရင်ကိုပဲ အတော်လေးအဆင်ပြေတဲ့ စမတ်ဖုန်းတွေ ဝယ်နိုင်ပြီဖြစ်လို့ တန်ဖိုးကြီး Flagship ဖုန်းတွေကို စိတ်ရောက်နေတာကို ဖျောက်ပစ်ဖို့ လိုပါတယ်။ နောက်တစ်ခုက ဖုန်းဆိုတာမျိုးက နေ့တိုင်း ငွေတောင်းနေတဲ့ ပစ္စည်းဖြစ်ပြီး သူ့ကို ကောင်းကောင်း အသုံးမချနိုင်ရင် ကိုယ်ပဲ ရှုံးပါတယ်။ ဖုန်းနဲ့ အလုပ်လုပ်တဲ့ သူမျိုး ၊ ဖုန်းကြောင့် ငွေရနေတာမျိုးမှာတောင် အလုပ်ဖြစ်တဲ့ Mid-Range ဖုန်းလောက်ပဲ ဝယ်သုံးသင့်ပါတယ်။

အစားအသောက်

အမျိုးသားတော်တော်များများကတော့ အစားထက် အသောက်ကို ပိုမက်ကြတာ များပါတယ်။ ဒါကလည်း မွဲဆေးဖော်နေသလိုပဲ။ တော်ရုံ သောကြာနေ့မျိုးလောက် သူငယ်ချင်းတွေနဲ့စုပြီး ဘီယာသောက်တာ ပြဿနာမရှိပေမယ့် နေ့စဉ်နဲ့ရက်ဆက်ဆိုသလို ဖြစ်လာရင်တော့ စီးပွားပျက်ကိန်းပါ ဆိုက်နိုင်ပါတယ်။ ဖြစ်နိုင်ရင် အပြင်စာ စားတာကို လျှော့ပြီး ငွေပိုထွက်လာအောင် လုပ်သင့်ပါတယ်။

တစ်ခါသုံး ပစ္စည်းများ

တစ်ခါသုံး ခွက် ၊ တစ်ခါသုံး မုတ်ဆိတ်ရိတ်ဓါး စတဲ့ ပစ္စည်းလေးတွေဟာ ကိုယ်စုထားတဲ့ ငွေလေးတွေကို မသိမသာ နှိုက်ထုတ်တတ်ပါတယ်။ ရေသန့်ဗူး ဝယ်သောက်တာတို့၊ မသုံးဖြစ်တဲ့ ခရစ်ဒစ်ကဒ်အတွက် အတိုးပေးဆပ်နေရတာတို့ဟာ အတော်လေး အထိနာပါတယ်။ ဒီအချက်ကလေးတွေကို ပြင်မယ်ဆိုရင် ငွေယိုပေါက်နည်းသွားမှာပါ။

 

 

Zawgyi

ပိုက္ဆံသိပ္မရွိတဲ့အခ်ိန္နဲ႔ ပိုက္ဆံမ်ားမ်ားစားစား ရွိလာတဲ့အခ်ိန္ ဘာကြာသလဲဆိုတာ ေျပာဖို႔လြယ္ပါတယ္။ အမ်ားႀကီး ပိုသုံးျဖစ္ျခင္းပါပဲ။ ေငြမွာ ျပႆနာႏွစ္ခု ရွိပါတယ္။ တစ္ခုက ရွာရခက္ၿပီး တစ္ခုက ထိန္းသိမ္းဖို႔ခက္တာ ျဖစ္ပါတယ္။ တပင္တပန္းစုထားတဲ့ ေငြကေလးေတြ အေလအလြင့္မျဖစ္ေစဖို႔ ဒီလိုပစၥည္းေတြ ဝယ္တာကို တတ္ႏိုင္မွ် ခ်ဳပ္တီးသင့္ပါတယ္။

အဝတ္အစား

 

တံဆိပ္ကေလး ၾကည့္ၿပီး တီရွပ္တစ္ထည္ကို ၃-၄ ေသာင္း ေပးဝတ္တာဟာ ပိုက္ရွိရွိတဲ့ သူေတြအတြက္ပဲ အဆင္ေျပပါတယ္။ ေငြစုေနတုန္းမွာ စားခ်င္တာလည္း မစားျဖစ္ေအာင္ ေရွာင္ရသလို ဝတ္ခ်င္တာလည္း မဝတ္ခ်င္ေအာင္ ထိန္းရပါတယ္။ တကယ္လို႔ တီရွပ္ဝယ္ခ်င္တယ္ဆိုရင္လည္း ေဈးသင့္ၿပီး အသားအနားေကာင္းတဲ့ တီရွပ္ကို တစ္ခါတည္းနဲ႔ တစ္ဒါဇင္ေလာက္ ဝယ္ထားတာ ပိုအဆင္ေျပပါတယ္။ အလားတူပဲ အတြင္းခံ ေဘာင္းဘီနဲ႔ ေျခအိတ္ကအစ အဝတ္အစားေၾကာင့္ ေငြသုံးမမ်ားရေအာင္ ဂ႐ုစိုက္သင့္ပါတယ္။

အီလက္ထေရာနစ္ပစၥည္း

 

ဖုန္းလိုမ်ိဳး ေန႔စဥ္သုံး အီလက္ထေရာနစ္ ပစၥည္းေတာင္မွပဲ တန္ဖိုးႀကီးတာေတြ ဝယ္တာဟာ ပိုက္ဆံစုတဲ့ အေလ့အထကို ဖ်က္ရာေရာက္ပါတယ္။ အခုေခတ္မွာ ၂ သိန္းခြဲ ၃ သိန္းေလာက္ဆိုရင္ကိုပဲ အေတာ္ေလးအဆင္ေျပတဲ့ စမတ္ဖုန္းေတြ ဝယ္ႏိုင္ၿပီျဖစ္လို႔ တန္ဖိုးႀကီး Flagship ဖုန္းေတြကို စိတ္ေရာက္ေနတာကို ေဖ်ာက္ပစ္ဖို႔ လိုပါတယ္။ ေနာက္တစ္ခုက ဖုန္းဆိုတာမ်ိဳးက ေန႔တိုင္း ေငြေတာင္းေနတဲ့ ပစၥည္းျဖစ္ၿပီး သူ႔ကို ေကာင္းေကာင္း အသုံးမခ်ႏိုင္ရင္ ကိုယ္ပဲ ရႈံးပါတယ္။ ဖုန္းနဲ႔ အလုပ္လုပ္တဲ့ သူမ်ိဳး ၊ ဖုန္းေၾကာင့္ ေငြရေနတာမ်ိဳးမွာေတာင္ အလုပ္ျဖစ္တဲ့ Mid-Range ဖုန္းေလာက္ပဲ ဝယ္သုံးသင့္ပါတယ္။

အစားအေသာက္

 

အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားကေတာ့ အစားထက္ အေသာက္ကို ပိုမက္ၾကတာ မ်ားပါတယ္။ ဒါကလည္း မြဲေဆးေဖာ္ေနသလိုပဲ။ ေတာ္႐ုံ ေသာၾကာေန႔မ်ိဳးေလာက္ သူငယ္ခ်င္းေတြနဲ႔စုၿပီး ဘီယာေသာက္တာ ျပႆနာမရွိေပမယ့္ ေန႔စဥ္နဲ႔ရက္ဆက္ဆိုသလို ျဖစ္လာရင္ေတာ့ စီးပြားပ်က္ကိန္းပါ ဆိုက္ႏိုင္ပါတယ္။ ျဖစ္ႏိုင္ရင္ အျပင္စာ စားတာကို ေလွ်ာ့ၿပီး ေငြပိုထြက္လာေအာင္ လုပ္သင့္ပါတယ္။

တစ္ခါသုံး ပစၥည္းမ်ား

 

တစ္ခါသုံး ခြက္ ၊ တစ္ခါသုံး မုတ္ဆိတ္ရိတ္ဓါး စတဲ့ ပစၥည္းေလးေတြဟာ ကိုယ္စုထားတဲ့ ေငြေလးေတြကို မသိမသာ ႏႈိက္ထုတ္တတ္ပါတယ္။ ေရသန႔္ဗူး ဝယ္ေသာက္တာတို႔၊ မသုံးျဖစ္တဲ့ ခရစ္ဒစ္ကဒ္အတြက္ အတိုးေပးဆပ္ေနရတာတို႔ဟာ အေတာ္ေလး အထိနာပါတယ္။ ဒီအခ်က္ကေလးေတြကို ျပင္မယ္ဆိုရင္ ေငြယိုေပါက္နည္းသြားမွာပါ။

 

 

Leave a Reply

Your email address will not be published.