လူချမ်းသားတွေ ပြုလုပ်လေ့ရှိတဲ့ သူတို့ကို အောင်မြင်စေတဲ့ နည်းလမ်းများ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ဘီလျံနာအရေအတွက်က 2021 ခုနှစ်မှာ လူပေါင်း 2,755 ဦးအထိ တိုးလာခဲ့ပါတယ်။ သူတို့တွေအောင်မြင်အောင် ဘယ်လိုများ လုပ်ခဲ့ကြပါလိမ့်။ အားကျမနေပါနဲ့ နည်းလမ်းတွေရှိပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ လူချမ်းသားတွေ ပြုလုပ်လေ့ရှိတဲ့ သူတို့ကို အောင်မြင်စေတဲ့ နည်းလမ်းတွေကို ပြောပြပေးသွားပါမယ်။
(၁) ကျန်းမာတဲ့ အစာတွေကို စားပါတယ်
“သန်းကြွယ်သူဌေးတွေက သူတို့ရဲ့ ကျန်းမာရေးကို ဦးစားပေးသည်” ဟု Rich Habits- The Daily Success Habits of Wealthy Individuals စာရေးဆရာ Tom Corley ကဆိုပါတယ်။ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအစာေတွက ဦးနှောက်လုပ်ဆောင်ချက်အပါအဝင် ကျန်းမာရေးကို များစွာထိခိုက်စေပါတယ်။ လုံလောက်တဲ့ စွမ်းအင်မရရှိတဲ့ ဦးနှောက်ဟာ တွေးခေါ်မှု နှေးကွေးပြီး အလုပ်တွေကို အာရုံစူးစိုက်မှု နည်းပါးစေနိုင်ပါတယ်။
(၂) အင်တာနက် ဒါမှမဟုတ် ဖန်သားပြင်မှာ အချိန်မဖြုန်းပါဘူး
အချည်းနှီး နဲ့ အသုံးမဝင်တဲ့ အားလပ်ချိန်တွေအစား အောင်မြင်သူတွေဟာ သူတို့ရဲ့ အားလပ်ချိန်တွေကို ပိုပြီး အကျိုးရှိရှိ အသုံးချကြပါတယ်။ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု၊ စေတနာ့ဝန်ထမ်းလုပ်ဆောင်မှု၊ ဆက်သွယ်ရေး၊ အပိုဝင်ငွေအရင်းအမြစ်များကို ရှာဖွေခြင်း ဒါမှမဟုတ် အနာဂတ်မှာ သူတို့အတွက် အသုံးဝင်နိုင်သည့် အခြားအရာတစ်ခုခုအတွက် အချိန်ပိုသုံးကြပါတယ်။
(၃) စာအုပ်တွေ ဖတ်ပါတယ်
စာဖတ်ခြင်းက မှတ်ဉာဏ်ကို တိုးတက်စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးပြီး အသက်ကြီးလာတဲ့အခါ စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း သက်သေပြထားပါတယ်။ ပုံမှန်စာဖတ်ခြင်းက သင့်ဉာဏ်ရည်ကို တိုးစေနိုင်ပါတယ်။ စာဖတ်တာက ဦးနှောက်လုပ်ဆောင်ချက်ကို ထိန်းသိမ်းရုံသာမက မိမိကိုယ်ကို တိုးတက်မှုအတွက် အဆက်မပြတ်လုပ်ဆောင်နိုင်စေပါတယ်။
(၄)သူတို့ကိုယ်ပိုင်ခံယူချက်တွေ ရှိပါတယ်
ချမ်းသာသူတွေဟာ သူတို့ရဲ့ ၀င်ငွေကို သိကြပြီး ဘယ်လောက်သုံးနိုင်သလဲ၊ ဘယ်လောက် ချွေတာသင့်တယ်ဆိုတာ နားလည်ကြပါတယ်။ ငွေကြေးအခက်အခဲမရှိဘဲ ချမ်းသာသူေတွကို အသက်ရှည်စေတဲ့ နည်းလမ်း(၂) ခုကတော့ ငွေစုနိုင်မှုနှင့် စုစုပေါင်းဘတ်ဂျက်အပေါ်အခြေခံပြီး အသုံးစရိတ်စာရင်းကို ဖန်တီးနိုင်မှုတို့ပဲ ဖြစ်ပါတယ်။
(၅)အလုပ်ကြိုးစားကြပါတယ်
ချမ်းသာတဲ့သူအများစုက တကယ်စိတ်ရင်းမှန်နဲ့ အလုပ်လုပ်ကြပါတယါ။ ဘီလျံနာအများစုက အလုပ်အတွက် တစ်ပတ်လျှင် နာရီ ၆၀ ထက်မနည်း အသုံးပြုကြပါတယ်။
(၆)အကြံဉာဏ်တောင်းရမှာ မရှက်ကြပါဘူး
အောင်မြင်သူတွေက အရေးကြီးတဲ့ ခြေလှမ်းကို မလုပ်ဆောင်မီ အခြားသူေတွရဲ့ စံနမူနာတွေကနေ လေ့လာလေ့ရှိပါတယ်။ အတွေ့အကြုံပိုရှိသူရဲ့ ပံ့ပိုးကူညီမှုက မှန်ကန်တဲ့လမ်းကြောင်းကိုပြသနိုင်ပြီး ဆုံးဖြတ်ချက် မမှားစေပါဘူး။
(၇)သူတို့ပန်းတိုင်ကို ရှေ့ဆက်သွားကြပါတယ်
ဂျာမန် သုတေသနပညာရှင် Rainer Zitelmann က ချမ်းသာသူတွေဟာ အခြားသူများနှင့် မတူဘဲ ပန်းတိုင်ကို ဦးတည်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် သူတို့ပန်းတိုင်တွေက စိတ်ကူးယဉ်သက်သက်သာ မဟုတ်ဘဲ တိကျသေချာပြီး အောင်မြင်နိုင်ပါတယ်။ ဒီလူတွေဟာ သူတို့သတ်မှတ်ထားတဲ့ ပန်းတိုင်ဆီ လျှောက်လှမ်းရာမှာ အသေးစိတ်ကျကျနဲ့ လိမ္မာပါးနပ်စွာ ဂရုတစိုက်ရှိကြပါတယ်။
(၈)တစ်နေ့မှာ 7နာရီ ထက် မနည်း အိပ်ကြပြီး စောစောထကြပါတယ်
Thomas Corley ရဲ့ သုတေသနပြုချက်အရ ဘီလျံနာ ၉၃ ရာခိုင်နှုန်းဟာ တစ်ညကို ၇ နာရီထက် မနည်း အိပ်ကြပါတယ်။ ကျန်းမာစွာ အိပ်စက်ခြင်းက ခန္ဓာကိုယ် စွမ်းအင်ကို ပြန်လည်ရရှိစေပြီး ကျန်းမာရေး ကောင်းမွန်စေပါတယ်။
(၉)အချိန်မဆွဲကြပါဘူး
အောင်မြင်သူေတွက လုပ်ငန်းတာဝန်ကို ရွှေ့ဆိုင်းထားကာ ဖောက်သည်ေတွနှင့် လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ပျက်အောင် မလုပ်ကြပါဘူး။ အများစုဟာ လုပ်ရမယ့် အရာတွေကို ပစ်ထားမယ့်အစား ချက်ချင်းလုပ်ဆောင်တာကို ပိုနှစ်သက်ကြပါတယ်။
(၁၀) အရာအားလုံးကို ခေါင်းထဲမထည့်ကြပါဘူး
Thomas Corley ရဲ့ သုတေသနပြုချက်အရ ချမ်းသာသူေတွရဲ့ 81% က အဓိကအရာတွေကို အာရုံစိုက်ကြပြီး တခြားအရာတွေကို စိတ်ထဲမထားပါဘူး။ဒီနည်းလမ်းက သူတို့ လုပ်ဆောင်ရမယ့် အလုပ်ပမာဏကို ခွဲခြမ်းဖို့ ကူညီပေးပါတယ်။
(၁၁)အားကစားအတွက် အချိန်ချန်ထားကြပါတယ်
ချမ်းသာတဲ့သူတွေဟာ များသောအားဖြင့် အားကစားလုပ်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေလိုပဲ လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို စွမ်းအင်တွေ ထောက်ပံ့ပေးပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ထိန်းထားပေးပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။