Sun. May 22nd, 2022

အလုပ် Interview ဖြေတော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့ အရာများ

 

အလုပ်ရဖို့ခက်ခဲတဲ့ယနေ့ခေတ်ထဲမှာ အလုပ်ရဖို့အတွက် အရည်အချင်းရှိနေဖို့လည်း လိုအပ်သလို အင်တာဗျူးဖြေတက်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီနေ့တော့ Interview ဖြေမယ်ဆိုရင် သိထားရမယ့်အချက်တွေကိုပြောပြပေးချင်ပါတယ်။

အချိန်မီသွားပါ

အင်တာဗျူးဖြေရမယ့်နေရာကို နောက်ကျပြီးမှ သွားတာ (သို့) အချိန်ကပ်ပြီးရောက်သွားတာမျိုး မဖြစ်ပါစေနဲ့။ သတ်မှတ်ထားတဲ့ အချိန်ထက် (၁၅) မိနစ် သို့ (၂၀) မိနစ်ခန့် စောရောက်အောင်သွားပါ။ အင်တာဗျူးအခန်းထဲကိုဝင်တာနဲ့ တစ်ပြိုက်နက် တန်းမထိုင်ပါနဲ့ခွင့်တောင်းပါ။ ခွင့်ပြုချက်ရမှသာ ထိုင်ပါ။ ခွင့်တောင်းတတ်တဲ့ အမူအကျင့်ဟာ သင့်ရဲ့ ပင်ကိုယ်အရည်အချင်းကို အဆုံးအဖြတ်ပေးရာမှာ အမှတ်ပိုရရှိစေနိုင်ပါတယ်။

ကုမ္ပဏီအကြောင်း လေ့လာထားပါ

ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီအကြောင်းကိုတော့ မသိမဖြစ်သိထားရပါမယ်။ ဘယ်ခုနှစ်က စတင်တည်ထောင်တယ်၊ ဘယ်လိုထုတ်ကုန်မျိုးတွေ အဓိကထားပြီး ဖန်တီးထုတ်လုပ်တယ် (သို့) ဘယ်လို ဝန်ဆောင်မှုတွေပေးနေလဲ စသဖြင့် အင်တာဗျူးမဖြေခင် ကြိုတင်လေ့လာစုဆောင်းပြီးမှ သွားဖြေတာ သင့်အတွက် အများကြီး အထောက်အကူပြုစေမှာပါ။ ပြီးတော့ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ၊ ပညာအရည်အချင်းစသဖြင့် လိုအပ်တဲ့ စာရွတ်စာတမ်းတွေ ယူသွားဖို့ကိုလည်း မမေ့ပါနဲ့။

ရိုးသားပါ


အင်တာဗျူးဖြေတဲ့အခါမှာ အရေးကြီးတာတခုက ရိုးသားဖို့ပါ။ မေးသမျှမေးခွန်းတွေကို ရိုးရိုးသားသားဖြေဖို့ လိုအပ်ပါတယ်။ တစ်ချို့အလုပ်တွေက သင့်ရဲ့နောက်ကြောင်း ရာဇဝင်လိုက်ပါတယ်။ ပြီးတော့ တချို့အင်တာဗျူးတဲ့လူတွေက အများအားဖြင့် အတွေ့ကြုံရှိသူများဖြစ်တဲ့အတွက် သင်မဟုတ်တာ၊ မမှန်တာပြောနေမှန်းကို ချက်ချင်းသိရှိနိုင်ပါတယ်။ ဒီအတွက်ကြောင့် မေးမြန်းသမျှကို ဟုတ်မှန်တဲ့အတိုင်းပဲ ဖြေလိုက်ပါ။

စိတ်မလှုပ်ရှားပါနဲ့

အင်တာဗျူးဖြေတဲ့အခါမှာ စိတ်လှုပ်ရှားမှုမရှိဘဲ အေးဆေးတည်ငြိမ်စွာ မေးခွန်းတွေကို ဖြေနိုင်အောင်ကြိုးစားပါ။ ကိုယ်နေဟန်ထားကိုလည်း ဂရုစိုက်ပါ။ လက်တွေငြိမ်သက်မှုမရှိတာ၊ စကားပြောတဲ့အခါ အင်တာဗျူးသူကို မကြည့်ဘဲ တခြားတစ်နေရာကို ကြည့်ရှုနေတာတွေဟာ သင့်ကို ယုံကြည်မှုနည်းပါးသူတစ်ယောက်အဖြစ် မှတ်ယူသွားစေနိုင်ပါတယ်။

Zawgyi

အလုပ္ Interview ေျဖေတာ့မယ္ဆိုရင္ မျဖစ္မေနသိထားသင့္တဲ့ အရာမ်ား

 

အလုပ္ရဖို႔ခက္ခဲတဲ့ယေန႔ေခတ္ထဲမွာ အလုပ္ရဖို႔အတြက္ အရည္အခ်င္းရွိေနဖို႔လည္း လိုအပ္သလို အင္တာဗ်ဴးေျဖတက္ဖို႔ကလည္း အေရးႀကီးပါတယ္။ ဒီေန႔ေတာ့ Interview ေျဖမယ္ဆိုရင္ သိထားရမယ့္အခ်က္ေတြကိုေျပာျပေပးခ်င္ပါတယ္။

အခ်ိန္မီသြားပါ

 

အင္တာဗ်ဴးေျဖရမယ့္ေနရာကို ေနာက္က်ၿပီးမွ သြားတာ (သို႔) အခ်ိန္ကပ္ၿပီးေရာက္သြားတာမ်ိဳး မျဖစ္ပါေစနဲ႔။ သတ္မွတ္ထားတဲ့ အခ်ိန္ထက္ (၁၅) မိနစ္ သို႔ (၂၀) မိနစ္ခန႔္ ေစာေရာက္ေအာင္သြားပါ။ အင္တာဗ်ဴးအခန္းထဲကိုဝင္တာနဲ႔ တစ္ၿပိဳက္နက္ တန္းမထိုင္ပါနဲ႔ခြင့္ေတာင္းပါ။ ခြင့္ျပဳခ်က္ရမွသာ ထိုင္ပါ။ ခြင့္ေတာင္းတတ္တဲ့ အမူအက်င့္ဟာ သင့္ရဲ႕ ပင္ကိုယ္အရည္အခ်င္းကို အဆုံးအျဖတ္ေပးရာမွာ အမွတ္ပိုရရွိေစႏိုင္ပါတယ္။

ကုမၸဏီအေၾကာင္း ေလ့လာထားပါ

 

ကိုယ္အလုပ္ေလွ်ာက္တဲ့ ကုမၸဏီအေၾကာင္းကိုေတာ့ မသိမျဖစ္သိထားရပါမယ္။ ဘယ္ခုႏွစ္က စတင္တည္ေထာင္တယ္၊ ဘယ္လိုထုတ္ကုန္မ်ိဳးေတြ အဓိကထားၿပီး ဖန္တီးထုတ္လုပ္တယ္ (သို႔) ဘယ္လို ဝန္ေဆာင္မႈေတြေပးေနလဲ စသျဖင့္ အင္တာဗ်ဴးမေျဖခင္ ႀကိဳတင္ေလ့လာစုေဆာင္းၿပီးမွ သြားေျဖတာ သင့္အတြက္ အမ်ားႀကီး အေထာက္အကူျပဳေစမွာပါ။ ၿပီးေတာ့ ကိုယ့္ရဲ႕ အလုပ္ေလွ်ာက္လႊာ၊ ပညာအရည္အခ်င္းစသျဖင့္ လိုအပ္တဲ့ စာ႐ြတ္စာတမ္းေတြ ယူသြားဖို႔ကိုလည္း မေမ့ပါနဲ႔။

႐ိုးသားပါ

အင္တာဗ်ဴးေျဖတဲ့အခါမွာ အေရးႀကီးတာတခုက ႐ိုးသားဖို႔ပါ။ ေမးသမွ်ေမးခြန္းေတြကို ႐ိုး႐ိုးသားသားေျဖဖို႔ လိုအပ္ပါတယ္။ တစ္ခ်ိဳ႕အလုပ္ေတြက သင့္ရဲ႕ေနာက္ေၾကာင္း ရာဇဝင္လိုက္ပါတယ္။ ၿပီးေတာ့ တခ်ိဳ႕အင္တာဗ်ဴးတဲ့လူေတြက အမ်ားအားျဖင့္ အေတြ႕ႀကဳံရွိသူမ်ားျဖစ္တဲ့အတြက္ သင္မဟုတ္တာ၊ မမွန္တာေျပာေနမွန္းကို ခ်က္ခ်င္းသိရွိႏိုင္ပါတယ္။ ဒီအတြက္ေၾကာင့္ ေမးျမန္းသမွ်ကို ဟုတ္မွန္တဲ့အတိုင္းပဲ ေျဖလိုက္ပါ။

စိတ္မလႈပ္ရွားပါနဲ႔

 

အင္တာဗ်ဴးေျဖတဲ့အခါမွာ စိတ္လႈပ္ရွားမႈမရွိဘဲ ေအးေဆးတည္ၿငိမ္စြာ ေမးခြန္းေတြကို ေျဖႏိုင္ေအာင္ႀကိဳးစားပါ။ ကိုယ္ေနဟန္ထားကိုလည္း ဂ႐ုစိုက္ပါ။ လက္ေတြၿငိမ္သက္မႈမရွိတာ၊ စကားေျပာတဲ့အခါ အင္တာဗ်ဴးသူကို မၾကည့္ဘဲ တျခားတစ္ေနရာကို ၾကည့္ရႈေနတာေတြဟာ သင့္ကို ယုံၾကည္မႈနည္းပါးသူတစ္ေယာက္အျဖစ္ မွတ္ယူသြားေစႏိုင္ပါတယ္။

 

 

Leave a Reply

Your email address will not be published.