Mon. May 23rd, 2022

စိတ်က လူကို ဦးဆောင်နေတယ်လို့ ပြောကြပါတယ်။ စိတ်သရုပ်ခွဲတွေကလည်း ပြောမပြတတ်အောင် အများသား။ တက်ကြွပြီး ထက်ထက်သန်သန် ယုံကြည်နိုးကြားနေတဲ့ စိတ်ဖြစ်နေတတ်သလို ထိုင်းမှိုင်း ညှိုးခွေပြီး ဝေခွဲမရ သောကတောက်လောင်နေတဲ့ စိတ်တွေလည်း ရှိတတ်တာပါပဲ။

စိတ်နဲ့ ပတ်သတ်လာရင် အထိန်းအချုပ်ရှိဖို့က အရေးကြီးဆုံးပါပဲ။ အခုခေတ်မှာ စိတ်ပူစရာ ၊ စိတ်ရှုပ်စရာတွေ သိပ်များပါတယ်။ ဒါကိုပဲ ပညာတတ်တွေက Age of Anxiety ဖြစ်နေတဲ့ခေတ်လို့ သုံးနှုန်းကြတာ ဖြစ်ပါတယ်။ Anxiety လို့ ခေါ်တဲ့ စိုးရိမ်သောကများနေတဲ့စိတ် ဖြစ်လာရင် ဒီစိတ်ကို အနိုင်ယူနိုင်မယ့်နည်းကို သိဖို့ လိုပါတယ်။

(၁) ကိုယ်ခန္ဓာကို စပြီး ထိန်းချုပ်ပါ

Anxiety ကို အနိုင်ယူဖို့ အရင်ဆုံး သင့်ရဲ့ Body နဲ့ စတင်ပါမယ်။ စိတ်နဲ့ခန္ဓာဟာ တိုက်ရိုက်ချိတ်ဆက်နေတာ ဖြစ်လို့ စိတ်ကို အနိုင်ယူဖို့ ခန္ဓာကိုယ်ကို အရင် ထိန်းချုပ်မှုက စတင်ကြည့်ပါ။ ခန္ဓာကိုယ်ကို ထိန်းချုပ်တယ်ဆိုတာ အားကစားလုပ်လိုက်တာပါပဲ။ အများကြီးမဟုတ်ပါဘူး။ Gym ရုံသွားပြီး တစ်ပတ် ၆ ရက် ဝိတ်မပါ။ တစ်ပတ်ကို ၄ ရက် ပြေးပါ။ အပြေးစက်နဲ့ပဲ ပြေးပြေး သစ်တောထဲပဲ ပြေးပေးရပါတယ်။ ပြေးနေကျလည်း မဟုတ်ဘူး ၊ ပြေးလည်း မပြေးချင်ဘူးဆိုရင် လမ်းလျှောက်ပါ။ ကလေးတွေ ရှိရင် ကလေးတွေနဲ့ ကစားပါ။ လေ့လာမှုတွေအရ ၄၅ မိနစ်လောက် လမ်းလျှောက်ပေးတာနဲ့ကို Anxiety ဖြစ်တာ သက်သာသွားတယ်လို့ ဆိုပါတယ်။

(၂) Diet လုပ်ပါ

တစ်နေ့တစ်နေ့ သင်စားလိုက်တဲ့ အစားအသောက်ကလည်း သင့်ရဲ့ စိတ်ခံစားချက်ပေါ် သက်ရောက်မှုရှိပါတယ်။ အူနဲ့ ဦးနှောက်ဟာ တိုက်ရိုက်ချက်ဆက်နေတယ်လို့တောင် ပြောရမှာပါ။ ဒီတော့ တစ်ရက်တစ်ရက် Anxiety တက်မလာအောင် အစားအသောက်လည်း ပြောင်းပေးနိုင်ပါတယ်။ အဓိက အချက်က ရေကို ပိုပြီး သောက်ပါ။ ရေဟာ ဦးနှောက်ကျန်းမာရေးအတွက် သိပ်အရေးပါတဲ့ သောက်စရာဖြစ်ပါတယ်။
ရေဓါတ်ပြည့်တင်းနေတာဟာ တစ်ကိုယ်လုံးအတွက် ကောင်းပါတယ်။ ရေဓါတ်ခမ်းခြောက်လာရင် စိတ်ရှုပ်ထွေးခြင်း ၊ သောကများခြင်းနဲ့ စိတ်ဓါတ်ကျဆင်းခြင်းကို ပိုပြီး ဆိုးရွားလာစေနိုင်ပါတယ်။ မနက်အိပ်ရာက ထထချင်း လူတွေဟာ ရေဓါတ်ခမ်းခြောက်တတ်ပါတယ်။

ဒီတော့ အိပ်ရာက နိုးတာနဲ့ ရေတစ်ဖန်ခွက်ကောင်းကောင်း သောက်ပေးဖို့ မမေ့ပါနဲ့။ တစ်နေ့လုံးမှာလည်း ရေကို မပြတ်သောက်ပေးဖို့ လိုပါတယ်။ကော်ဖီနဲ့ ပတ်သက်လို့ ပြောရရင် အများကြီးသောက်ရင် ကဖိန်းဓါတ်က စိတ်ဂနာမငြိမ်တာကို ပိုဆိုးစေပါတယ်။ သောကပိုများစေပါတယ်။ စိတ်စွမ်းအင်တက်ပြီး နိုးကြားချင်တယ်ဆိုရင် ပုံမှန်ထက်တစ်ဝက်လျှော့သောက်ပါ။ ကော်ဖီမသောက်ဘဲ နေနိုင်ရင် ကော်ဖီအစား Green Tea သောက်ပါ။ ဒိန်ချဉ်သောက်ပါ။ Dark Chocolate စားပါ။ ဆယ်လ်မွန်ငါးတွေ စားပါ။ အရက်သေစာ ရှောင်ပါ။

(၃) စိတ်ကို လေ့ကျင့်ပါ

စိတ်နဲ့ဆိုင်တဲ့ပြဿနာတွေကို ရင်ဆိုင်ရာမှာ စိတ်ကို အလေ့အကျင့်လုပ်ထားသူက အပင်ပန်းသက်သာပါတယ်။ စိတ်ရဲ့ ဒဏ်ကနေ သက်သာရာပိုရပါတယ်။ စိတ်ကို အလေ့အကျင့်လုပ်ထားခြင်းဆိုတာ ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်ထိန်းကျောင်းပေးမယ့် မေတ္တာပို့ခြင်း ၊ မန္တန်ရွတ်ခြင်း ၊ စိတ်ကို Autosuggestion နည်းနဲ့ ထိန်းချုပ်ခြင်းတွေ ပါဝင်ပါတယ်။

Screen သုံးတာ ရပ်ထားပြီး သဘာဝထဲ နေထိုင်ခြင်း ၊ စိတ်ကို တိတ်ဆိတ်ငြိမ်သက်ဖို့ အချိန်ပေးခြင်း ၊ ပုံမှန် တရားထိုင်တဲ့အကျင့်လုပ်ခြင်းတွေလည်း လုပ်နိုင်ပါတယ်။ စိတ်ရှုပ်တဲ့ဒဏ်ပိုဆိုးလာရင်တော့ စိတ်ရောဂါပိုင်း ကျွမ်းကျင်သူဆရာဝန်တစ်ဦးဦးနဲ့ ပြသကြည့်သင့်ပါတယ်။

(၄) ဝါသနာတစ်ခုခု မွေးယူပါ

ဝါသနာကောင်းတစ်ခုရှိတာ ဘယ်တော့မှ မပျင်းရပါဘူး။ စိတ်ကိုလည်း ရွှင်မြူးကြည်နူးစေတဲ့အရာလည်း ဖြစ်ပါတယ်။ ဥပမာ- ဓါတ်ပုံရိုက်တဲ့ ဝါသနာပါသူတွေဆိုရင် ကိုယ့်လက်ရာဓါတ်ပုံလေးတွေကို ကြည့်ရတာ ၊ ဓါတ်ပုံကောင်းတစ်ခု ရဖို့ ကြိုးစားရတာကိုက အရသာပါပဲ။ တချိန်ချိန်မှာ ကိုယ့်လက်ရာဓါတ်ပုံလေးတွေက အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရပစ္စည်းလေးတွေ ဖြစ်လာမှာပါ။

 

 

Zawgyi

စိတ္က လူကို ဦးေဆာင္ေနတယ္လို႔ ေျပာၾကပါတယ္။ စိတ္သ႐ုပ္ခြဲေတြကလည္း ေျပာမျပတတ္ေအာင္ အမ်ားသား။ တက္ႂကြၿပီး ထက္ထက္သန္သန္ ယုံၾကည္ႏိုးၾကားေနတဲ့ စိတ္ျဖစ္ေနတတ္သလို ထိုင္းမႈိင္း ညႇိဳးေခြၿပီး ေဝခြဲမရ ေသာကေတာက္ေလာင္ေနတဲ့ စိတ္ေတြလည္း ရွိတတ္တာပါပဲ။

စိတ္နဲ႔ ပတ္သတ္လာရင္ အထိန္းအခ်ဳပ္ရွိဖို႔က အေရးႀကီးဆုံးပါပဲ။ အခုေခတ္မွာ စိတ္ပူစရာ ၊ စိတ္ရႈပ္စရာေတြ သိပ္မ်ားပါတယ္။ ဒါကိုပဲ ပညာတတ္ေတြက Age of Anxiety ျဖစ္ေနတဲ့ေခတ္လို႔ သုံးႏႈန္းၾကတာ ျဖစ္ပါတယ္။ Anxiety လို႔ ေခၚတဲ့ စိုးရိမ္ေသာကမ်ားေနတဲ့စိတ္ ျဖစ္လာရင္ ဒီစိတ္ကို အႏိုင္ယူႏိုင္မယ့္နည္းကို သိဖို႔ လိုပါတယ္။

(၁) ကိုယ္ခႏၶာကို စၿပီး ထိန္းခ်ဳပ္ပါ

 

Anxiety ကို အႏိုင္ယူဖို႔ အရင္ဆုံး သင့္ရဲ႕ Body နဲ႔ စတင္ပါမယ္။ စိတ္နဲ႔ခႏၶာဟာ တိုက္႐ိုက္ခ်ိတ္ဆက္ေနတာ ျဖစ္လို႔ စိတ္ကို အႏိုင္ယူဖို႔ ခႏၶာကိုယ္ကို အရင္ ထိန္းခ်ဳပ္မႈက စတင္ၾကည့္ပါ။ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္တယ္ဆိုတာ အားကစားလုပ္လိုက္တာပါပဲ။ အမ်ားႀကီးမဟုတ္ပါဘူး။ Gym ႐ုံသြားၿပီး တစ္ပတ္ ၆ ရက္ ဝိတ္မပါ။ တစ္ပတ္ကို ၄ ရက္ ေျပးပါ။ အေျပးစက္နဲ႔ပဲ ေျပးေျပး သစ္ေတာထဲပဲ ေျပးေပးရပါတယ္။ ေျပးေနက်လည္း မဟုတ္ဘူး ၊ ေျပးလည္း မေျပးခ်င္ဘူးဆိုရင္ လမ္းေလွ်ာက္ပါ။ ကေလးေတြ ရွိရင္ ကေလးေတြနဲ႔ ကစားပါ။ ေလ့လာမႈေတြအရ ၄၅ မိနစ္ေလာက္ လမ္းေလွ်ာက္ေပးတာနဲ႔ကို Anxiety ျဖစ္တာ သက္သာသြားတယ္လို႔ ဆိုပါတယ္။

(၂) Diet လုပ္ပါ

 

တစ္ေန႔တစ္ေန႔ သင္စားလိုက္တဲ့ အစားအေသာက္ကလည္း သင့္ရဲ႕ စိတ္ခံစားခ်က္ေပၚ သက္ေရာက္မႈရွိပါတယ္။ အူနဲ႔ ဦးေႏွာက္ဟာ တိုက္႐ိုက္ခ်က္ဆက္ေနတယ္လို႔ေတာင္ ေျပာရမွာပါ။ ဒီေတာ့ တစ္ရက္တစ္ရက္ Anxiety တက္မလာေအာင္ အစားအေသာက္လည္း ေျပာင္းေပးႏိုင္ပါတယ္။ အဓိက အခ်က္က ေရကို ပိုၿပီး ေသာက္ပါ။ ေရဟာ ဦးေႏွာက္က်န္းမာေရးအတြက္ သိပ္အေရးပါတဲ့ ေသာက္စရာျဖစ္ပါတယ္။
ေရဓါတ္ျပည့္တင္းေနတာဟာ တစ္ကိုယ္လုံးအတြက္ ေကာင္းပါတယ္။ ေရဓါတ္ခမ္းေျခာက္လာရင္ စိတ္ရႈပ္ေထြးျခင္း ၊ ေသာကမ်ားျခင္းနဲ႔ စိတ္ဓါတ္က်ဆင္းျခင္းကို ပိုၿပီး ဆိုး႐ြားလာေစႏိုင္ပါတယ္။ မနက္အိပ္ရာက ထထခ်င္း လူေတြဟာ ေရဓါတ္ခမ္းေျခာက္တတ္ပါတယ္။

ဒီေတာ့ အိပ္ရာက ႏိုးတာနဲ႔ ေရတစ္ဖန္ခြက္ေကာင္းေကာင္း ေသာက္ေပးဖို႔ မေမ့ပါနဲ႔။ တစ္ေန႔လုံးမွာလည္း ေရကို မျပတ္ေသာက္ေပးဖို႔ လိုပါတယ္။ေကာ္ဖီနဲ႔ ပတ္သက္လို႔ ေျပာရရင္ အမ်ားႀကီးေသာက္ရင္ ကဖိန္းဓါတ္က စိတ္ဂနာမၿငိမ္တာကို ပိုဆိုးေစပါတယ္။ ေသာကပိုမ်ားေစပါတယ္။ စိတ္စြမ္းအင္တက္ၿပီး ႏိုးၾကားခ်င္တယ္ဆိုရင္ ပုံမွန္ထက္တစ္ဝက္ေလွ်ာ့ေသာက္ပါ။ ေကာ္ဖီမေသာက္ဘဲ ေနႏိုင္ရင္ ေကာ္ဖီအစား Green Tea ေသာက္ပါ။ ဒိန္ခ်ဥ္ေသာက္ပါ။ Dark Chocolate စားပါ။ ဆယ္လ္မြန္ငါးေတြ စားပါ။ အရက္ေသစာ ေရွာင္ပါ။

(၃) စိတ္ကို ေလ့က်င့္ပါ

 

စိတ္နဲ႔ဆိုင္တဲ့ျပႆနာေတြကို ရင္ဆိုင္ရာမွာ စိတ္ကို အေလ့အက်င့္လုပ္ထားသူက အပင္ပန္းသက္သာပါတယ္။ စိတ္ရဲ႕ ဒဏ္ကေန သက္သာရာပိုရပါတယ္။ စိတ္ကို အေလ့အက်င့္လုပ္ထားျခင္းဆိုတာ ကိုယ့္စိတ္ကိုယ္ကိုယ္ ျပန္ထိန္းေက်ာင္းေပးမယ့္ ေမတၱာပို႔ျခင္း ၊ မႏၲန္႐ြတ္ျခင္း ၊ စိတ္ကို Autosuggestion နည္းနဲ႔ ထိန္းခ်ဳပ္ျခင္းေတြ ပါဝင္ပါတယ္။

Screen သုံးတာ ရပ္ထားၿပီး သဘာဝထဲ ေနထိုင္ျခင္း ၊ စိတ္ကို တိတ္ဆိတ္ၿငိမ္သက္ဖို႔ အခ်ိန္ေပးျခင္း ၊ ပုံမွန္ တရားထိုင္တဲ့အက်င့္လုပ္ျခင္းေတြလည္း လုပ္ႏိုင္ပါတယ္။ စိတ္ရႈပ္တဲ့ဒဏ္ပိုဆိုးလာရင္ေတာ့ စိတ္ေရာဂါပိုင္း ကြၽမ္းက်င္သူဆရာဝန္တစ္ဦးဦးနဲ႔ ျပသၾကည့္သင့္ပါတယ္။

(၄) ဝါသနာတစ္ခုခု ေမြးယူပါ

 

ဝါသနာေကာင္းတစ္ခုရွိတာ ဘယ္ေတာ့မွ မပ်င္းရပါဘူး။ စိတ္ကိုလည္း ႐ႊင္ျမဴးၾကည္ႏူးေစတဲ့အရာလည္း ျဖစ္ပါတယ္။ ဥပမာ- ဓါတ္ပုံ႐ိုက္တဲ့ ဝါသနာပါသူေတြဆိုရင္ ကိုယ့္လက္ရာဓါတ္ပုံေလးေတြကို ၾကည့္ရတာ ၊ ဓါတ္ပုံေကာင္းတစ္ခု ရဖို႔ ႀကိဳးစားရတာကိုက အရသာပါပဲ။ တခ်ိန္ခ်ိန္မွာ ကိုယ့္လက္ရာဓါတ္ပုံေလးေတြက အဖိုးမျဖတ္ႏိုင္တဲ့ အမွတ္တရပစၥည္းေလးေတြ ျဖစ္လာမွာပါ။

 

Leave a Reply

Your email address will not be published.