Mon. May 23rd, 2022

သင့်အနေနဲ့ နေ့စဉ်ဘဝရဲ့ ပြဿနာတွေကြားထဲမှာ နေရတာ အဆင်မပြေဘဲ စိတ်ဖိစီးမှုတွေဖြစ်လာပြီလား။ ပြဿနာတွေ အထွေးလိုက်ကြီးထဲမှာ ကိုယ်က ပါဝင်ပတ်သက်နေရသူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ တစ်နေ့တစ်နေ့ဘဝကို ဖြတ်သန်းရတဲ့နေရာမှာ အချိန်တိုင်း စိတ်ရှုပ်နေရမှာပါ။ ဒီလို ပြဿနာတွေထဲကနေ ဘယ်လို ရုန်းထွက်ကြမလဲ။

အမှားတွေကို ချက်ချင်း ပြင်ဆင်ပါ

ပြဿနာဖြစ်တယ်ဆိုတာ တကယ်တော့ အမှားကို လုပ်ခဲ့လို့ပါ။ ကိုယ်လုပ်ခဲ့တဲ့ အမှားကြောင့် ဖြစ်ရတဲ့ ပြဿနာဖြစ်တဲ့အတွက် အဲဒီအမှားကို အချိန်မီ ပြင်ဆင်ရပါမယ်။ အချိန်မီဆိုတာ ချက်ချင်း လုပ်ဆောင်ဖို့ ပြောတာပါ။ လူ့ဘဝမှာ အမှားကို ပြင်ဆင်ဖို့အတွက် အချိန်မမီတော့ဘူးဆိုတာ မရှိပါဘူး။ အမှားတွေကို ချက်ချင်းပြင်ဆင်ပါ။

လက်တွေ့ကျကျ တွေးခေါ်ဆောင်ရွက်ပါ

ပြဿနာတစ်ခုပေါ်လာတဲ့အခါမှာ ဖြေရှင်းဖို့အတွက် လက်တွေ့ကျကျ တွေးခေါ်ဆောင်ရွက်ဖို့ကလည်း အရေးကြီးပါတယ်။ အထက်ကပြောခဲ့သလို ပြဿနာရဲ့ ရင်းမြစ်ကို ရှာတွေ့ပြီဆိုရင်တော့ လက်တွေ့ကျတဲ့ အဖြစ်နိုင်ဆုံး အဖြေကို ရှာရမှာပါ။ မဖြစ်နိုင်တာတွေကို လျှောက်တွေးမနေပါနဲ့။ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိပါတယ်။

ပြဿနာတွေကို ရှောင်ပြေးဖို့ မစဉ်းစားပါနဲ့

ပြဿနာတွေကို ရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတာ နည်းလမ်းမှန် အဖြေမှန်တော့ မဟုတ်ပါဘူး။ ကံကောင်းထောက်မလို့ ပြဿနာတစ်ခုဆီက ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တယ်ဆိုရင်တော့ နောက်ထပ်ပြဿနာတွေနဲ့ သင်ကြုံတွေ့နေရဦးမှာပါပဲ။ ဒီတော့ ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ပါ။ ပြဿနာတွေရဲ့ ရင်းမြစ်ကို သေချာရှာပါ

ဆုံးရှုံးမှုတွေထဲက သင်ခန်းစာယူပါ

ပြဿနာတွေ အမှားတွေ တွေ့ကြုံပြီးချိန်မှာတော့ ဘယ်လိုဖြေရှင်းနိုင်ပါစေ၊ ဘယ်လိုပဲ အမှားတွေ ပြင်ဆင်လိုက်ပါစေ ဆုံးရှုံးမှုကတော့ ကြုံရစမြဲပါပဲ။ ဆုံးရှုံးမှု များတာနဲ့ နည်းတာပဲ ကွာပါတယ်။ ဆုံးရံှုးရပြီဆိုမှတော့ ကိုယ့်ဘက်က ပေးလိုက်ရတာချည်းပါပဲ။ ဒီတော့ ကိုယ့်ရဲ့ ဆုံးရှုံးမှုတွေကတဆင့် နောက်ပြဿနာတွေ၊ အမှားတွေ ထပ်မကြုံအောင် သင်ခန်းစာယူပါ။

 

 

Zawgyi

သင့္အေနနဲ႔ ေန႔စဥ္ဘဝရဲ႕ ျပႆနာေတြၾကားထဲမွာ ေနရတာ အဆင္မေျပဘဲ စိတ္ဖိစီးမႈေတြျဖစ္လာၿပီလား။ ျပႆနာေတြ အေထြးလိုက္ႀကီးထဲမွာ ကိုယ္က ပါဝင္ပတ္သက္ေနရသူ တစ္ေယာက္ျဖစ္ေနၿပီဆိုရင္ေတာ့ တစ္ေန႔တစ္ေန႔ဘဝကို ျဖတ္သန္းရတဲ့ေနရာမွာ အခ်ိန္တိုင္း စိတ္ရႈပ္ေနရမွာပါ။ ဒီလို ျပႆနာေတြထဲကေန ဘယ္လို ႐ုန္းထြက္ၾကမလဲ။

အမွားေတြကို ခ်က္ခ်င္း ျပင္ဆင္ပါ

 

ျပႆနာျဖစ္တယ္ဆိုတာ တကယ္ေတာ့ အမွားကို လုပ္ခဲ့လို႔ပါ။ ကိုယ္လုပ္ခဲ့တဲ့ အမွားေၾကာင့္ ျဖစ္ရတဲ့ ျပႆနာျဖစ္တဲ့အတြက္ အဲဒီအမွားကို အခ်ိန္မီ ျပင္ဆင္ရပါမယ္။ အခ်ိန္မီဆိုတာ ခ်က္ခ်င္း လုပ္ေဆာင္ဖို႔ ေျပာတာပါ။ လူ႔ဘဝမွာ အမွားကို ျပင္ဆင္ဖို႔အတြက္ အခ်ိန္မမီေတာ့ဘူးဆိုတာ မရွိပါဘူး။ အမွားေတြကို ခ်က္ခ်င္းျပင္ဆင္ပါ။

လက္ေတြ႕က်က် ေတြးေခၚေဆာင္႐ြက္ပါ

 

ျပႆနာတစ္ခုေပၚလာတဲ့အခါမွာ ေျဖရွင္းဖို႔အတြက္ လက္ေတြ႕က်က် ေတြးေခၚေဆာင္႐ြက္ဖို႔ကလည္း အေရးႀကီးပါတယ္။ အထက္ကေျပာခဲ့သလို ျပႆနာရဲ႕ ရင္းျမစ္ကို ရွာေတြ႕ၿပီဆိုရင္ေတာ့ လက္ေတြ႕က်တဲ့ အျဖစ္ႏိုင္ဆုံး အေျဖကို ရွာရမွာပါ။ မျဖစ္ႏိုင္တာေတြကို ေလွ်ာက္ေတြးမေနပါနဲ႔။ ျပႆနာကို ဘယ္လိုေျဖရွင္းရမယ္ဆိုတာ သင္ကိုယ္တိုင္ ရွင္းရွင္းလင္းလင္း သိပါတယ္။

ျပႆနာေတြကို ေရွာင္ေျပးဖို႔ မစဥ္းစားပါနဲ႔

 

ျပႆနာေတြကို ရင္မဆိုင္ဘဲ ထြက္ေျပးတိမ္းေရွာင္ေနတယ္ဆိုတာ နည္းလမ္းမွန္ အေျဖမွန္ေတာ့ မဟုတ္ပါဘူး။ ကံေကာင္းေထာက္မလို႔ ျပႆနာတစ္ခုဆီက ထြက္ေျပးတိမ္းေရွာင္ႏိုင္ခဲ့တယ္ဆိုရင္ေတာ့ ေနာက္ထပ္ျပႆနာေတြနဲ႔ သင္ႀကဳံေတြ႕ေနရဦးမွာပါပဲ။ ဒီေတာ့ ျပႆနာေတြကို ထိပ္တိုက္ရင္ဆိုင္ပါ။ ျပႆနာေတြရဲ႕ ရင္းျမစ္ကို ေသခ်ာရွာပါ

ဆုံးရႈံးမႈေတြထဲက သင္ခန္းစာယူပါ

 

ျပႆနာေတြ အမွားေတြ ေတြ႕ႀကဳံၿပီးခ်ိန္မွာေတာ့ ဘယ္လိုေျဖရွင္းႏိုင္ပါေစ၊ ဘယ္လိုပဲ အမွားေတြ ျပင္ဆင္လိုက္ပါေစ ဆုံးရႈံးမႈကေတာ့ ႀကဳံရစၿမဲပါပဲ။ ဆုံးရႈံးမႈ မ်ားတာနဲ႔ နည္းတာပဲ ကြာပါတယ္။ ဆုံးရံႈးရၿပီဆိုမွေတာ့ ကိုယ့္ဘက္က ေပးလိုက္ရတာခ်ည္းပါပဲ။ ဒီေတာ့ ကိုယ့္ရဲ႕ ဆုံးရႈံးမႈေတြကတဆင့္ ေနာက္ျပႆနာေတြ၊ အမွားေတြ ထပ္မႀကဳံေအာင္ သင္ခန္းစာယူပါ။

 

 

 

 

 

Leave a Reply

Your email address will not be published.