Sun. May 22nd, 2022

ဘာကြောင့် ကျွန်တော်တို့ မပျော်နိုင်ကြတာလဲ

 

လူအများစုဟာ မပျော်ရွှင်ခြင်းနဲ့ အသားကျနေတယ်လို့ ဆိုပါတယ်။ ချီကာဂို တက္ကသိုလ်မှာ ရှိတဲ့ အမျိုးသား အတွေးအမြင်သုတေသနစင်တာ NORC ရဲ့ သုတေသနတစ်ခုအရ အရွယ်ရောက် အမေရိကန်တွေရဲ့ ၁၄% ပဲ ပျော်ရွှင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ၁၉၇၂ ခုနှစ် စစ်တမ်းနောက်ပိုင်းမှာ ပျော်ရွှင်မှုအတိုင်းအတာ အနိမ့်ဆုံး ရောက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် မပျော်ရွှင်နိုင်ကြတာလဲ။ တစ်ခါတစ်လေမှာ မပျော်မရွှင်ဖြစ်ခြင်းဟာ ငွေကြေးအခက်အခဲနဲ့ အလုပ်အကိုင် အဆင်မပြေတာကြောင့်ချည်း သက်သက်တော့ မဟုတ်ပါဘူး။ ဒီလို အကြောင်းရင်းတွေကြောင့်လည်း မပျော်နိုင် ဖြစ်လေ့ ရှိကြပါတယ်။

(၁) ကိုယ်တကယ်လုပ်ချင်တဲ့ အရာတွေ မလုပ်ရလို့

ငယ်တုန်းရွယ်တုန်း ၊ ဘဝကို အားနဲ့ မာန်နဲ့ ဖြတ်သန်းကျော်လွှားနိုင်တုန်းမှာ ကိုယ်လုပ်ချင်ခဲ့တဲ့ စွန့်စားမှုတွေ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် သင့်လက်ကျန်ဘဝတာမှာ မပျော်မရွှင် ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ်။

(၂) တစ်ခြားသူတွေနဲ့ ပြိုင်ဆိုင်နေရလို့

ပုခုံးချင်းယှဉ်ရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲမှာ မမောကြသေးဘူးလား။ ဘယ်သူ့ထက် ဘယ်လောက် သာရမယ်ဆိုတဲ့ ပြိုင်ဆိုင်လိုစိတ်ဟာ အတိုင်းအတာတစ်ခုအထိ ကောင်းပါတယ်။ စိတ်လက်ပျော်ရွှင်ဖို့အတွက်ဆိုရင် တစ်ချို့အရာတွေ လွှတ်ချထားဖို့ လိုမှာပါ။

(၃) ကိုယ့်ကိုယ်ကိုယ် မချစ်လို့

ကိုယ့်စိတ်နဲ့ ကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားတာဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တာကြောင့်လို့ပဲ ပြောချင်ပါတယ်။ ကျန်းမာရေး ထိခိုက်စေမယ့် အလုပ်တွေ လုပ်နေတယ် ၊ အဆင်အခြင်မရှိနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မချစ်ဘူးလို့ပဲ ပြောရမှာပါ။ အကျိုးဆက်ကတော့ ကိုယ်မလိုချင်တဲ့ ပုံစံကို တစ်ချိန်ချိန် ကိုယ့်ဆီမှာ မြင်လာရပါလိမ့်မယ်။

(၄) အတိတ်ကနေ မခွာနိုင်လို့

အတိတ်ဆိုတာ ခက်ခဲနာကျင်စရာ အတွေ့အကြုံတွေပဲ များပါတယ်။ ပျော်စရာမကောင်းတဲ့ အတိတ်အကြောင်း ပြန်ပြောင်းတွေးတောနေတာဟာ ကိုယ့်ရဲ့ လက်ရှိရထားတဲ့ ပျော်စရာအခိုက်အတန့်တွေကို ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။

(၅) ပျော်စရာကောင်းသူတွေနဲ့ မပေါင်းလို့

ကိုယ်ပေါင်းတဲ့ လူတွေရဲ့ စရိုက်နဲ့ အလေ့အထတွေကလည်း ကိုယ့်အပေါ် လွှမ်းမိုးမှု ရှိပါတယ်။ ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရွှင်မြူးသူတွေအကြား နေသူဟာ အနည်းဆုံးတော့ ခဏခဏ ပြုံးနေမိပါလိမ့်မယ်။

 

Zawgyi

ဘာေၾကာင့္ ကြၽန္ေတာ္တို႔ မေပ်ာ္ႏိုင္ၾကတာလဲ

 

လူအမ်ားစုဟာ မေပ်ာ္႐ႊင္ျခင္းနဲ႔ အသားက်ေနတယ္လို႔ ဆိုပါတယ္။ ခ်ီကာဂို တကၠသိုလ္မွာ ရွိတဲ့ အမ်ိဳးသား အေတြးအျမင္သုေတသနစင္တာ NORC ရဲ႕ သုေတသနတစ္ခုအရ အ႐ြယ္ေရာက္ အေမရိကန္ေတြရဲ႕ ၁၄% ပဲ ေပ်ာ္႐ႊင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါဟာ ၁၉၇၂ ခုႏွစ္ စစ္တမ္းေနာက္ပိုင္းမွာ ေပ်ာ္႐ႊင္မႈအတိုင္းအတာ အနိမ့္ဆုံး ေရာက္ေနတာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ဘာေၾကာင့္ မေပ်ာ္႐ႊင္ႏိုင္ၾကတာလဲ။ တစ္ခါတစ္ေလမွာ မေပ်ာ္မ႐ႊင္ျဖစ္ျခင္းဟာ ေငြေၾကးအခက္အခဲနဲ႔ အလုပ္အကိုင္ အဆင္မေျပတာေၾကာင့္ခ်ည္း သက္သက္ေတာ့ မဟုတ္ပါဘူး။ ဒီလို အေၾကာင္းရင္းေတြေၾကာင့္လည္း မေပ်ာ္ႏိုင္ ျဖစ္ေလ့ ရွိၾကပါတယ္။

(၁) ကိုယ္တကယ္လုပ္ခ်င္တဲ့ အရာေတြ မလုပ္ရလို႔

 

ငယ္တုန္း႐ြယ္တုန္း ၊ ဘဝကို အားနဲ႔ မာန္နဲ႔ ျဖတ္သန္းေက်ာ္လႊားႏိုင္တုန္းမွာ ကိုယ္လုပ္ခ်င္ခဲ့တဲ့ စြန႔္စားမႈေတြ မလုပ္ျဖစ္ခဲ့ဘူးဆိုရင္ သင့္လက္က်န္ဘဝတာမွာ မေပ်ာ္မ႐ႊင္ ျဖစ္ဖို႔ အခြင့္အလမ္း ပိုမ်ားပါလိမ့္မယ္။

(၂) တစ္ျခားသူေတြနဲ႔ ၿပိဳင္ဆိုင္ေနရလို႔

 

ပုခုံးခ်င္းယွဥ္ရတဲ့ ေျပးတမ္းလိုက္တမ္း ကစားပြဲမွာ မေမာၾကေသးဘူးလား။ ဘယ္သူ႔ထက္ ဘယ္ေလာက္ သာရမယ္ဆိုတဲ့ ၿပိဳင္ဆိုင္လိုစိတ္ဟာ အတိုင္းအတာတစ္ခုအထိ ေကာင္းပါတယ္။ စိတ္လက္ေပ်ာ္႐ႊင္ဖို႔အတြက္ဆိုရင္ တစ္ခ်ိဳ႕အရာေတြ လႊတ္ခ်ထားဖို႔ လိုမွာပါ။

(၃) ကိုယ့္ကိုယ္ကိုယ္ မခ်စ္လို႔

 

ကိုယ့္စိတ္နဲ႔ ကိုယ္ကို ဂ႐ုမစိုက္ဘဲ ပစ္ထားတာဟာ ကိုယ့္ကိုယ္ကိုယ္ မခ်စ္တာေၾကာင့္လို႔ပဲ ေျပာခ်င္ပါတယ္။ က်န္းမာေရး ထိခိုက္ေစမယ့္ အလုပ္ေတြ လုပ္ေနတယ္ ၊ အဆင္အျခင္မရွိေနမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ မခ်စ္ဘူးလို႔ပဲ ေျပာရမွာပါ။ အက်ိဳးဆက္ကေတာ့ ကိုယ္မလိုခ်င္တဲ့ ပုံစံကို တစ္ခ်ိန္ခ်ိန္ ကိုယ့္ဆီမွာ ျမင္လာရပါလိမ့္မယ္။

(၄) အတိတ္ကေန မခြာႏိုင္လို႔

 

အတိတ္ဆိုတာ ခက္ခဲနာက်င္စရာ အေတြ႕အႀကဳံေတြပဲ မ်ားပါတယ္။ ေပ်ာ္စရာမေကာင္းတဲ့ အတိတ္အေၾကာင္း ျပန္ေျပာင္းေတြးေတာေနတာဟာ ကိုယ့္ရဲ႕ လက္ရွိရထားတဲ့ ေပ်ာ္စရာအခိုက္အတန႔္ေတြကို ဖ်က္ဆီးေနတာပဲ ျဖစ္ပါတယ္။

(၅) ေပ်ာ္စရာေကာင္းသူေတြနဲ႔ မေပါင္းလို႔

 

ကိုယ္ေပါင္းတဲ့ လူေတြရဲ႕ စ႐ိုက္နဲ႔ အေလ့အထေတြကလည္း ကိုယ့္အေပၚ လႊမ္းမိုးမႈ ရွိပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဟာသဉာဏ္႐ႊင္ျမဴးသူေတြအၾကား ေနသူဟာ အနည္းဆုံးေတာ့ ခဏခဏ ၿပဳံးေနမိပါလိမ့္မယ္။

 

 

Leave a Reply

Your email address will not be published.