Sun. May 22nd, 2022

ရုပ်ရှင်ဒါရိုက်တာအများစုကတော့ အနုပညာဖန်တီးချင်စိတ် ရှေးရှုပြီး ရုပ်ရှင်တွေ ရိုက်ကူးခဲ့တာပါ။ ငွေကြေးအောင်မြင်မှုဆိုတာ သူတို့ရဲ့ စိုက်ထည့်လိုက်တဲ့ လုပ်အားနဲ့ သူတို့ရဲ့ အနုပညာစွမ်းရည်နောက်မှာ တကောက်ကောက်လိုက်လာတဲ့ သဘောပါပဲ။ ထိပ်တန်းအောင်မြင်ကျော်ကြားတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။
အနုပညာအရရော ငွေကြေးအရရော အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ဆိုတာ ပိုလို့တောင် ခက်ခဲနိုင်ပါတယ်။ ဒီလို ဒါရိုက်တာတွေထဲကမှ သူတို့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ ဆိုရအောင် အောင်မြင်ချမ်းသာတဲ့ ဟောလီဝုဒ်မှ အချမ်းသာဆုံး ဒါရိုက်တာတချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၅) Peter Jackson

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ထိပ်ထိပ်ကြဲ ပေါက်သွားတဲ့ ရုပ်ရှင်ကားတွေ အများကြီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ပီတာဂျက်ခ်ဆန်ကတော့ ဟောလီဝုဒ်ရဲ့ အချမ်းသာဆုံးဒါရိုက်တာစာရင်းမှာ နံပါတ် ၅ နေရာက ရှိပါတယ်။ Wealthy Gorilla ရဲ့ အချက်အလက်တွေအရ The Lord of The Rings သုံးကားတွဲကို ရိုက်ကူးချိန်မှာ ဂျက်ခ်ဆင်ဟာ ဒေါ်လာသန်း ၁၈၀ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒီရုပ်ရှင်တွေအပြင် King Kong ကားမှာလည်း အနုပညာကြေး ဒေါ်လာသန်း ၂၀ နဲ့ ရုံတင်ခံရငွေအရပ်ရပ်ရဲ့ ၂၀% ကိုလည်း ရခဲ့တာပါ။ ဒီရုပ်ရှင်အပြင် သူရိုက်ကူး ၊ ထုတ်လုပ်စီစဉ်တဲ့ Hobbit ကားတွေကနေလည်း အောင်မြင်မှုတွေ တသီကြီး ရရှိခဲ့ပါတယ်။ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၅၀၀ ရှိပါတယ်။

(၄) James Cameron

The Terminator 1,2 ၊ Titanic နဲ့ Avatar စတဲ့စတဲ့ ကမ္ဘာကျော်ရုပ်ရှင်ကြီးတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းက ဒေါ်လာသန်း ၇၀၀ နဲ့ ဟောလီဝုဒ်မှာ စတုတ္ထမြောက် အချမ်းသာဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒီဒါရိုက်တာကြီးဟာ Titanic ရုပ်ရှင် ကုန်ကျစရိတ်ထက်ပိုပြီး ဝင်ငွေရလာချိန်မှာ သူရမယ့် လုပ်ခ ဒေါ်လာ ၈ သန်းကို အဆုံးခံပြီး ရုံတင်ကြေးခိုင်နှုန်းယူခဲ့တယ်လို့ ဆိုပါတယ်။
Titanic ဟာ ဝင်ငွေ ‌ဒေါ်လာ ဘီလျံချီရခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံး ရခဲ့တဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၇ မှာ 3D Version နဲ့ပြန် ထုတ်လွှင့်ခဲ့ချိန်မှာ မြောက်အမေရိကမှာ ဒေါ်လာ ၆၅၉.၄ သန်းနဲ့ တခြားနိုင်ငံတွေမှာ ဒေါ်လာ ၁.၈၁၂ ဘီလျံ စုစုပေါင်း ‌ဒေါ်လာ ၂.၁၉၅ ဘီလျံရခဲ့ပါတယ်။ စုစုပေါင်း Titanic ကနေ ရခဲ့တဲ့ ဝင်ငွေဟာ ဒေါ်လာ ၃.၁ ဘီလျံအထိ ရှိခဲ့ပါတယ်။
ဂျိမ်းစ်ကင်မရွန်းလည်း အော်စကာ ၁၁ ဆုအထိ စံချိန်တင်ရခဲ့တဲ့ Titanic ကနေ ဒေါ်လာ သန်း ၆၅၀ အထိ ရခဲ့သလို Avatar ကနေလည်း အနည်းဆုံး ဒေါ်လာသန်း ၃၅၀ ရခဲ့တာပါ။

(၃) Tyler Perry

တိုင်လာပယ်ရီဟာ အမေရိကန်လူမျိုး ဘီလျံနာဒါရိုက်တာကြီးဖြစ်ပြီး ကိုယ်ပိုင် ထုတ်လုပ်ရေးတွေကြောင့် အခုလို ဟောလီဝုဒ်ရဲ့ တတိယအချမ်းသာဆုံး ဒါရိုက်တာ ဖြစ်လာတာပါ။ အဘွားကြီးစရိုက် Madea ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရာမှာ လူသိများတဲ့သူဟာ ၂၀၁၀-၁၁ တစ်နှစ်အတွင်း ဒေါ်လာသန်း ၁၃၀ အထိ ဝင်ခဲ့ပြီး Forbes မဂ္ဂဇင်းရဲ့ ဖျော်ဖြေရေးလောကမှ ဝင်ငွေအမြင့်ဆုံးအမျိုးသားအဖြစ် ဖော်ပြခံခဲ့ရပါတယ်။
ရုပ်ရှင်သမိုင်းမှာ ငါးနှစ်အတွင်း Box Office ရဲ့ နံပါတ်တစ် ရုပ်ရှင် ၅ ကားကို ထုတ်လုပ်ခဲ့တဲ့ တစ်ဦးတည်းသော ရုပ်ရှင်ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ အသက် ၅၁ နှစ်အရွယ် တိုင်လာပယ်ရီရဲ့ ၂၀၂၁ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁ ဘီလျံရှိမယ်လို့ Forbes က ခန့်မှန်းထားပါတယ်။

(၂) Steven Spielberg

အကျော်ကြားဆုံး ပါရမီရှင် ဒါရိုက်တာတွေအကြောင်း ပြောရင် Jaws , Indiana Jones စတဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘာ့ဂ်ကို ချန်ထားလို့ မဖြစ်ပါဘူး။ ဟောလီးဝုဒ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲက တချို့ဖြစ်တဲ့ E.T ၊ Jurassic Park နဲ့ Saving Private Ryan စတဲ့ကားတွေကိုလည်း ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီးဟာ နှစ် ၄၀ ကျော် အနုပညာသမိုင်းကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။
သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ကားတွေအကြောင်းကို အပြည့်အစုံ စာရင်းကောက်ရင် စာရှည်ရုံပဲ ရှိမှာပါ။ ၂၀၂၁ မှာ အသက် ၇၄ နှစ်ရှိပြီ ဖြစ်တဲ့ ဒါရိုက်တာကြီးရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃.၇ ဘီလျံ ရှိမယ်လို့ Forbes က ဆိုပါတယ်။

(၁) George Lucas

 

 

အမေရိကန်ရုပ်ရှင်ဒါရိုက်တာကြီး ‌ဂျော့ချ်လူးကပ်စ်ကို Star Wars နဲ့ Indiana Jones ရုပ်ရှင် ဇာတ်ကားတွေနဲ့ လူသိများပါတယ်။ တကယ်တော့ သူဟာ Lucasflim ၊ LucasArts နဲ့ Industrial Light & Magic စတဲ့ အနုပညာထုတ်လုပ်ရေးတွေလည်း ပိုင်ဆိုင်ားသူ ဖြစ်ပါတယ်။ ရုပ်ရှင်သမိုင်းမှာ ငွေကြေးအရ အအောင်မြင်ဆုံး ပုဂ္ဂိုလ်အဖြစ် သူ့ကို အသိအမှတ်ပြုထားကြပါတယ်။
Star Wars နဲ့ Indiana Jones ရုပ်ရှင်ကားတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုပ်ရှင်လက်မှတ်ဖိုး ဒေါ်လာ ၁၂ ဘီလျံလောက် ရခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်လို့ သူ့ကို ကမ္ဘာ့အချမ်းသာဆုံးဒါရိုက်တာအဖြစ်ကို ရောက်စေတာပါ။ ၂၀၁၂ မှာ သူဟာ Star Wars လုပ်ငန်းမူပိုင်ခွင့်ကို Disney ဆီ ရောင်းရာမှာ ငွေသားဒေါ်လာ ၂.၂၁ ဘီလျံနဲ့ ရှယ်ယာ ၃၇ သန်း ရခဲ့ပါတယ်။ Disney ကို မူပိုင်ခွင့်ရောင်းပြီးတဲ့အချိန်ကစလို့ သူ့အိတ်ကတ်ထဲ ဒေါ်လာဘီလျံနဲ့ ချီတဲ့ ငွေတွေ စီးဝင်လာတာ ဖြစ်ပါတယ်။
လက်ရှိ ၂၀၂၁မှာ သူ့ရဲ့ အသားတင် ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၇.၂ ဘီလျံခန့် ရှိပါတယ်။

 

 

Zawgyi

႐ုပ္ရွင္ဒါ႐ိုက္တာအမ်ားစုကေတာ့ အႏုပညာဖန္တီးခ်င္စိတ္ ေရွးရႈၿပီး ႐ုပ္ရွင္ေတြ ႐ိုက္ကူးခဲ့တာပါ။ ေငြေၾကးေအာင္ျမင္မႈဆိုတာ သူတို႔ရဲ႕ စိုက္ထည့္လိုက္တဲ့ လုပ္အားနဲ႔ သူတို႔ရဲ႕ အႏုပညာစြမ္းရည္ေနာက္မွာ တေကာက္ေကာက္လိုက္လာတဲ့ သေဘာပါပဲ။ ထိပ္တန္းေအာင္ျမင္ေက်ာ္ၾကားတဲ့ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္လာဖို႔ဆိုတာ သိပ္ခက္ခဲပါတယ္။
အႏုပညာအရေရာ ေငြေၾကးအရေရာ ေအာင္ျမင္တဲ့ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္လာဖို႔ဆိုတာ ပိုလို႔ေတာင္ ခက္ခဲႏိုင္ပါတယ္။ ဒီလို ဒါ႐ိုက္တာေတြထဲကမွ သူတို႔လက္နဲ႔ထိရင္ ေ႐ႊျဖစ္တယ္လို႔ ဆိုရေအာင္ ေအာင္ျမင္ခ်မ္းသာတဲ့ ေဟာလီဝုဒ္မွ အခ်မ္းသာဆုံး ဒါ႐ိုက္တာတခ်ိဳ႕အေၾကာင္း မွ်ေဝေပးလိုက္ပါတယ္။

(၅) Peter Jackson

 

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္းမွာ ထိပ္ထိပ္ႀကဲ ေပါက္သြားတဲ့ ႐ုပ္ရွင္ကားေတြ အမ်ားႀကီး ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာႀကီး ပီတာဂ်က္ခ္ဆန္ကေတာ့ ေဟာလီဝုဒ္ရဲ႕ အခ်မ္းသာဆုံးဒါ႐ိုက္တာစာရင္းမွာ နံပါတ္ ၅ ေနရာက ရွိပါတယ္။ Wealthy Gorilla ရဲ႕ အခ်က္အလက္ေတြအရ The Lord of The Rings သုံးကားတြဲကို ႐ိုက္ကူးခ်ိန္မွာ ဂ်က္ခ္ဆင္ဟာ ေဒၚလာသန္း ၁၈၀ ရခဲ့တယ္လို႔ ဆိုပါတယ္။
ဒီ႐ုပ္ရွင္ေတြအျပင္ King Kong ကားမွာလည္း အႏုပညာေၾကး ေဒၚလာသန္း ၂၀ နဲ႔ ႐ုံတင္ခံရေငြအရပ္ရပ္ရဲ႕ ၂၀% ကိုလည္း ရခဲ့တာပါ။ ဒီ႐ုပ္ရွင္အျပင္ သူ႐ိုက္ကူး ၊ ထုတ္လုပ္စီစဥ္တဲ့ Hobbit ကားေတြကေနလည္း ေအာင္ျမင္မႈေတြ တသီႀကီး ရရွိခဲ့ပါတယ္။ သူ႔ရဲ႕ အသားတင္ပိုင္ဆိုင္မႈက ေဒၚလာ သန္း ၅၀၀ ရွိပါတယ္။

(၄) James Cameron

 

The Terminator 1,2 ၊ Titanic နဲ႔ Avatar စတဲ့စတဲ့ ကမာၻေက်ာ္႐ုပ္ရွင္ႀကီးေတြ ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာႀကီး ဂ်ိမ္းစ္ကင္မ႐ြန္းက ေဒၚလာသန္း ၇၀၀ နဲ႔ ေဟာလီဝုဒ္မွာ စတုတၳေျမာက္ အခ်မ္းသာဆုံးအျဖစ္ ရပ္တည္ေနပါတယ္။ ဒီဒါ႐ိုက္တာႀကီးဟာ Titanic ႐ုပ္ရွင္ ကုန္က်စရိတ္ထက္ပိုၿပီး ဝင္ေငြရလာခ်ိန္မွာ သူရမယ့္ လုပ္ခ ေဒၚလာ ၈ သန္းကို အဆုံးခံၿပီး ႐ုံတင္ေၾကးခိုင္ႏႈန္းယူခဲ့တယ္လို႔ ဆိုပါတယ္။
Titanic ဟာ ဝင္ေငြ ‌ေဒၚလာ ဘီလ်ံခ်ီရခဲ့တဲ့ ပထမဆုံး႐ုပ္ရွင္ျဖစ္ခဲ့ၿပီး ၁၉၉၈ ခုႏွစ္ရဲ႕ ဝင္ေငြအျမင့္ဆုံး ရခဲ့တဲ့ ႐ုပ္ရွင္ ျဖစ္ခဲ့ပါတယ္။ ၂၀၁၂ နဲ႔ ၂၀၁၇ မွာ 3D Version နဲ႔ျပန္ ထုတ္လႊင့္ခဲ့ခ်ိန္မွာ ေျမာက္အေမရိကမွာ ေဒၚလာ ၆၅၉.၄ သန္းနဲ႔ တျခားႏိုင္ငံေတြမွာ ေဒၚလာ ၁.၈၁၂ ဘီလ်ံ စုစုေပါင္း ‌ေဒၚလာ ၂.၁၉၅ ဘီလ်ံရခဲ့ပါတယ္။ စုစုေပါင္း Titanic ကေန ရခဲ့တဲ့ ဝင္ေငြဟာ ေဒၚလာ ၃.၁ ဘီလ်ံအထိ ရွိခဲ့ပါတယ္။
ဂ်ိမ္းစ္ကင္မ႐ြန္းလည္း ေအာ္စကာ ၁၁ ဆုအထိ စံခ်ိန္တင္ရခဲ့တဲ့ Titanic ကေန ေဒၚလာ သန္း ၆၅၀ အထိ ရခဲ့သလို Avatar ကေနလည္း အနည္းဆုံး ေဒၚလာသန္း ၃၅၀ ရခဲ့တာပါ။

(၃) Tyler Perry

 

တိုင္လာပယ္ရီဟာ အေမရိကန္လူမ်ိဳး ဘီလ်ံနာဒါ႐ိုက္တာႀကီးျဖစ္ၿပီး ကိုယ္ပိုင္ ထုတ္လုပ္ေရးေတြေၾကာင့္ အခုလို ေဟာလီဝုဒ္ရဲ႕ တတိယအခ်မ္းသာဆုံး ဒါ႐ိုက္တာ ျဖစ္လာတာပါ။ အဘြားႀကီးစ႐ိုက္ Madea ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ရာမွာ လူသိမ်ားတဲ့သူဟာ ၂၀၁၀-၁၁ တစ္ႏွစ္အတြင္း ေဒၚလာသန္း ၁၃၀ အထိ ဝင္ခဲ့ၿပီး Forbes မဂၢဇင္းရဲ႕ ေဖ်ာ္ေျဖေရးေလာကမွ ဝင္ေငြအျမင့္ဆုံးအမ်ိဳးသားအျဖစ္ ေဖာ္ျပခံခဲ့ရပါတယ္။
႐ုပ္ရွင္သမိုင္းမွာ ငါးႏွစ္အတြင္း Box Office ရဲ႕ နံပါတ္တစ္ ႐ုပ္ရွင္ ၅ ကားကို ထုတ္လုပ္ခဲ့တဲ့ တစ္ဦးတည္းေသာ ႐ုပ္ရွင္ထုတ္လုပ္သူလည္း ျဖစ္ပါတယ္။ အသက္ ၅၁ ႏွစ္အ႐ြယ္ တိုင္လာပယ္ရီရဲ႕ ၂၀၂၁ အသားတင္ပိုင္ဆိုင္မႈဟာ ေဒၚလာ ၁ ဘီလ်ံရွိမယ္လို႔ Forbes က ခန႔္မွန္းထားပါတယ္။

(၂) Steven Spielberg

 

အေက်ာ္ၾကားဆုံး ပါရမီရွင္ ဒါ႐ိုက္တာေတြအေၾကာင္း ေျပာရင္ Jaws , Indiana Jones စတဲ့ ႐ုပ္ရွင္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးထုတ္လုပ္ခဲ့တဲ့ ဒါ႐ိုက္တာႀကီး စတီဗင္ စပီးလ္ဘာ့ဂ္ကို ခ်န္ထားလို႔ မျဖစ္ပါဘူး။ ေဟာလီးဝုဒ္ရဲ႕ အထင္ကရ႐ုပ္ရွင္ေတြထဲက တခ်ိဳ႕ျဖစ္တဲ့ E.T ၊ Jurassic Park နဲ႔ Saving Private Ryan စတဲ့ကားေတြကိုလည္း ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာႀကီးဟာ ႏွစ္ ၄၀ ေက်ာ္ အႏုပညာသမိုင္းကို ျဖတ္သန္းခဲ့ၿပီး ျဖစ္ပါတယ္။
သူ႔ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ႐ုပ္ရွင္ကားေတြအေၾကာင္းကို အျပည့္အစုံ စာရင္းေကာက္ရင္ စာရွည္႐ုံပဲ ရွိမွာပါ။ ၂၀၂၁ မွာ အသက္ ၇၄ ႏွစ္ရွိၿပီ ျဖစ္တဲ့ ဒါ႐ိုက္တာႀကီးရဲ႕ အသားတင္ပိုင္ဆိုင္မႈဟာ ေဒၚလာ ၃.၇ ဘီလ်ံ ရွိမယ္လို႔ Forbes က ဆိုပါတယ္။

(၁) George Lucas

 

အေမရိကန္႐ုပ္ရွင္ဒါ႐ိုက္တာႀကီး ‌ေဂ်ာ့ခ်္လူးကပ္စ္ကို Star Wars နဲ႔ Indiana Jones ႐ုပ္ရွင္ ဇာတ္ကားေတြနဲ႔ လူသိမ်ားပါတယ္။ တကယ္ေတာ့ သူဟာ Lucasflim ၊ LucasArts နဲ႔ Industrial Light & Magic စတဲ့ အႏုပညာထုတ္လုပ္ေရးေတြလည္း ပိုင္ဆိုင္ားသူ ျဖစ္ပါတယ္။ ႐ုပ္ရွင္သမိုင္းမွာ ေငြေၾကးအရ အေအာင္ျမင္ဆုံး ပုဂၢိဳလ္အျဖစ္ သူ႔ကို အသိအမွတ္ျပဳထားၾကပါတယ္။
Star Wars နဲ႔ Indiana Jones ႐ုပ္ရွင္ကားေတြဟာ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ႐ုပ္ရွင္လက္မွတ္ဖိုး ေဒၚလာ ၁၂ ဘီလ်ံေလာက္ ရခဲ့တဲ့ ႐ုပ္ရွင္ေတြ ျဖစ္လို႔ သူ႔ကို ကမာၻ႔အခ်မ္းသာဆုံးဒါ႐ိုက္တာအျဖစ္ကို ေရာက္ေစတာပါ။ ၂၀၁၂ မွာ သူဟာ Star Wars လုပ္ငန္းမူပိုင္ခြင့္ကို Disney ဆီ ေရာင္းရာမွာ ေငြသားေဒၚလာ ၂.၂၁ ဘီလ်ံနဲ႔ ရွယ္ယာ ၃၇ သန္း ရခဲ့ပါတယ္။ Disney ကို မူပိုင္ခြင့္ေရာင္းၿပီးတဲ့အခ်ိန္ကစလို႔ သူ႔အိတ္ကတ္ထဲ ေဒၚလာဘီလ်ံနဲ႔ ခ်ီတဲ့ ေငြေတြ စီးဝင္လာတာ ျဖစ္ပါတယ္။
လက္ရွိ ၂၀၂၁မွာ သူ႔ရဲ႕ အသားတင္ ပိုင္ဆိုင္မႈဟာ ေဒၚလာ ၇.၂ ဘီလ်ံခန႔္ ရွိပါတယ္။

 

 

 

Leave a Reply

Your email address will not be published.