Sun. May 22nd, 2022

ရူဒီဂါရဲ့ နေရာကို အစားထိုးဖို့အတွက် ချဲလ်ဆီးရဲ့ ရေဒါစက်ကွင်းထဲမှာ ရှိနေတဲ့ ကစားသမား (၄) ဦး

ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချဲလ်ဆီးဟာ အပြောင်းအရွှေ့မှာ ထိပ်တန်း ကစားသမားတွေကိုခေါ်ယူဖို့အတွက ်ငွေပုံအောသုံးစွဲဖို့ လက်မနှေးတဲ့အသင်းအဖြစ် ထင်ရှားပါတယ်။ နှစ်စဉ်နှစ်တိုင်း ထိပ်တန်း 

ကစားသမားတွေကို အားဖြည့်လေ့ရှိတဲ့ ချဲလ်ဆီးတို့ လာမဲ့နွေရာသီမှာ အပူတပြင်းအားဖြည့်ရမဲ့နေရာတစ်နေရာရှိနေပြီး အဲဒါကတော့ နောက်တန်းပါပဲ။ ချဲလ်ဆီးနောက်ခံလူတွေဖြစ်ကြတဲ့ ရူဒီဂါ၊ အက်ပီကျူတာ၊ 

ခရစ္စတန်ဆန်တို့ဟာ လာမဲ့ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ သူတို့ကို သက်တမ်းတုးိမြှင့်နိုင်ခြင်း မရှိပါဘူး။ အဲဒီ ကစားသမား ၃ ဦးထဲမှာမှ ရူဒီဂါဟာ လက်ရှိချဲလ်ဆီးရဲ့ မရှိမဖြစ် 

အရေးပါတဲ့ ကစားသမားလို့ ဆိုရမှာဖြစ်ပြီး သူ့လို ကစားသမားမျိုးကို လက်လွှတ်လိုက်ရရင် အင်မတန်မှ နှမြောစရာ ကောင်းလွန်းလှတယ်လို့ ဆိုရမှာပါ။ ရူဒီဂါဟာ စာချုပ်သက်တမ်းသစ်အတွက် တစ်ပတ်လုပ်ခ ပေါင် ၂ 

သိန်းတောင်းဆိုထားခဲ့ပြီး ချဲလ်ဆီးက အဲဒီပမာဏကို ပေးချေဖို့ လက်တွန့်နေတာပါ။ ဒါကြောင့် တကယ်လို့ လာမဲ့နွေရာသီမှာ ရူဒီဂါသာ ထွက်သွားခဲ့ရင် ချဲလ်ဆီးအနေနဲ့ ဘယ်လိုမျိုးထိပ်တန်း ကစားသမားတွေနဲ့ 

ပြန်အစားထိုးမလဲဆိုတာ ရှုစား လိုက်ကြရအောင်။ 

ပေါတောရက်စ်  – ဗီလာရီးရဲ

စပိန်လက်ရွေးစင်နောက်ခံလူ ပေါတောရက်စ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဗီလာရီးရဲနဲ့အတူ တောက်ပလာခဲ့သူ ဖြစ်ပါတယ်။ ပေါတောရက်စ်ဟာ ဗီလာရီးရဲမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသပြီး 

ဥရောပထိပ်သီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံလာခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချဲလ်ဆီးကလည်း ပေါတောရက်စ်ကို အနီးကပ်စောင့်ကြည့်လျက်ရှိနေတာပါ။ ပေါတောရက်စ်ဟာ ဘယ်ခြေအားသန် 

နောက်ခံလူဖြစ်ပြီး ဘောလုံးကိုင်ကစားရာမှာလည်း တည်ငြိမ်သူ ဖြစ်ပါတယ်။ အမြင့်ဘောတွေ ပေးပို့မှုလည်း ကောင်းမွန်လှပြီး ချဲလ်ဆီးနည်းပြတူချယ်ရဲ့ ကစားကွက်နဲ့ လိုက်ဖက်မဲ့သူဆိုရင် မမှားပါဘူး ။ ဒါပေမဲ့ 

ချဲလ်ဆီးအနေနဲ့ ပေါတောရက်စ်ကို လာလီဂါထိပ်သီးကလပ ်ဘာစီလိုနာနဲ့အပြိုင်ခေါ်ရဖွယ်ရှိနေပါတယ်။ 

ဒီလိုက်ချ် – ဂျူဗင်တပ်

အသင်းပိုင်ရှင် အာဘရာမိုဗစ် လက်ထက်မှာ ချဲလ်ဆီးအသင်းရဲ့ ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေကို ခေါ်ယူစုဆောင်းခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ နောက်ခံလူ ရူဒီဂါ ထွက်ခွာသွားခဲ့ရင် ချဲလ်ဆီးအနေနဲ့ 

နောက်ထပ် ထိပ်တန်းကစားသမားတစ်ဦးနဲ့ အစားပြန်ထိုးမှာ မလွှဲဧကန်ပါပဲ။ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်ကလည်း ချဲလ်ဆီးရဲ့ ပစ်မှတ်ကစားသမားတွေထဲကတစ်ဦး အပါအဝင်ပါ။  ဒီလိုက်ချ်ရဲ့အေးဂျင့်ဖြစ်သူ 

ရွိုင်အိုလာကလည်း သူ့ကစားသမားအနေနဲ့ လာမဲ့နွေရာသီမှ ဂျူဗင်တပ်ကလည်း ထွက်ခွာမှာဖြစ်တယ်လို့ အတည်ပြု ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။၂၂ နှစ်အရွယ် ဒီလိုက်ချ်ဟာ ခေါင်းဆောင်နိုင်စွမ်း မြင့်မားသူဖြစ်ပြီး 

အသက်အရွယ်အရလည်း ချဲလ်ဆီးမှာ ဆယ်စုနှစ်တစ်စုကြာအထိ ဖြတ်သန်းနိုင်သူ ဖြစ်ပါတယ်။ 

ဝက်စတာ – ဘရိုက်တန်

ဘရိုက်တန်နောက်ခံလူ ဝက်စတာဟာ ဒီရာသီပရီးမီးယားလိဂ်မှာ တောက်ပတဲ့စွမ်းဆောင်ရည်တွေကို ပြသထားလျက် ရှိနေပါတယ်။ ဝက်စတာဟာ ခံစစ်စွမ်းဆောင်ရည်ပိုင်းမှာသာ ကောင်းမွန်တာမဟုတ်ဘဲ 

ကစားကွက်တည်ဆောက်မှုအပိုင်းမှာလည်း အားကိုးရသူ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ခဲံတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ဝက်စတာအနေနဲ့ လှပတဲ့သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီ တောက်ပတဲ့ 

စွမ်းဆောင်ရည်တွေကို ပြသထားခဲ့လို့ ဝက်စတာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာလည်း ပါဝင်နိုင်ချေရှိသူ ဖြစ်ပါတယ်။ 

ကွန်ဒီ – ဆီဗီးလ်

လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဆီဗီးလ်နောက်ခံလူကွန်ဒီဟာ ချဲလ်ဆီးရဲ့ အဓိက ပစ်မှတ်ဖြစ်လာဖို့ ရှိနေပါတယ။် ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကတည်းက ကွန်ဒီကိုခေါ်ယူဖို့ 

နောက်ဆုံးအချိန်အထိ အသည်းအသန်ကြိုးပမ်းခဲံ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဆီဗီးလ်က ကွန်ဒီအတွက် စာချုပ်ဖျက်သိမ်းကြေးကို တစ်ပြားမှ မလျှော့ခဲ့လို့ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းတော့ မရှိပါဘူး။ 

တကယ်လို့ ရူဒီဂါသာ ထွက်ခွာမယ်ဆိုရင် ချဲလ်ဆီးအနေနဲ့ ကွန်ဒီကို ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမှာပါ။ ချဲလ်ဆီးနဲ့အပြောင်းအရွှေ့ ဂယက်ကြောင့် ကွန်ဒီဟာ ရာသီအစမှာ ခြေစွမ်းအနည်းငယ် ကျဆင်းခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ 

ခြေစွမ်းကောင်းပြန်ပြလာပြီး လာလီဂါရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.