Fri. May 27th, 2022

မန်ချက်စတာယူနိုက်တက်ကို ပြိုင်ဘက်ပရိသတ်တွေ မုန်းတီးနေရတဲ့ အကြောင်းရင်းများ

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို ဥရောပမှာလည်း အရှိန်အဝါကြီးမားတဲ့အသင်းတစ်သင်းပါ။ ဂန္ထဝင်နည်းပြကြီး ဆာလဲလက်ဖာဂူဆန်လက်ထက်မှာ ယူနိုက်တက်ဟာ

ပြိုင်ဘက်တိုင်း ဖိတ်ဖိတ်တုန်အောင်ကြောက်ရတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ကွင်းပြင်ပမှာလည်း ယူနိုက်တက်ရဲ့ အောင်မြင်မှုက ကြီးမားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ယူနိုက်တက်ပရိသတ်တွေများစွာ

ထွက်ပေါ်လာခဲ့ပါတယ်။ယူနိုက်တက်ဟာ ပရိသတ်အင်အားကြီးသလို တစ်ဖက်မှာလည်း မုန်တီးသူတွေများစွာ ခံနေရတဲ့အသင်းတစ်သင်းပါ။ ပြိုင်ဘက်တွေ မနာလိုချင်စရာကောင်းတဲ့ အောင်မြင်မှုမျိုး ပိုင်ဆိုင်ထားတဲ့

ယူနိုက်တက်ဟာ အောက်မှာဖော်ပြမဲ့အချက်တွေကြောင့် ပြိုင်ဘက်ပရိသတ်တွေရဲ့ အမုန်းကိုခံနေရတယ်ဆိုရင်လည်း မမှားပါဘူး ။

ပြိုင်ဘက်ကစားသမားတွေကို ခေါ်ယူခြင်း

မန်ချက်စတာယူနိုက်တက်ဟာ တစ်ခေတ်တစ်ခါတုန်းက အင်္ဂလန်ရဲ့အင်အားအကြီးဆုံးအသင်းဖြစ်တာနဲ့အညီ သူတို့အသင်းကို လာချင်တဲ့ ကစားသမားတွေက များပြားလှပါတယ်။ ပြိုင်ဘက်အသင်းက

ကစားသမားတွေကတောင် ယူနိုက်တက်က ခေါ်ချင်တယ်ဆိုတာနဲ့ အပြေးလာချင်နေခဲ့ကြတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်ဟာ ပြိုင်ဘက်အသင်းက ကောင်းလှပါတယ်ဆိုတဲ့ထိပ်တန်း

ကစားသမားတွေကို ခေါ်ယူပြီး အညွှန့်ချွေသလိုချွေခဲ့ပါတယ်။ စပါးကနေ ဘာဘာတော့ဗ်၊ နယူးကာဆယ်ကနေ အန်ဒီကိုးစ်၊ အက်စတွန်ဗီလာကနေ ဒါယော့ခ်၊ အဲဗာတန်ကနေ ရွန်းနီနဲ့ အာဆင်နယ်ကနေ ဗန်ပါစီတို့ကို

ယူနိုက်တက်တို့ ခေါ်ယူခဲ့တာပါ။ အဲဒီလိုမျိုး သူတို့အသင်းရဲ့ အဓိက ကစားသမားတွေကို ခေါ်ယူခဲ့တာကလည်း ယူနိုက်တက်ကို ပြိုင်ဘက်တွေ မုန်းတီးခဲ့ကြတဲ့အကြောင်းရင်းတွေထဲကတစ်ခုပါပဲ။

ကစားသမားကောင်းတွေရဲ့ဘဝကို နစ်မွန်းစေခဲ့ခြင်း

ယူနိုက်တက်ဟာ ထိပ်တန်းကစားသမားတွေကို ငွေပုံအောပေးပြီး ခေါ်ယူခဲ့ပေမဲ့လည်း ခေါ်လိုက်တဲ့ ကစားသမားတိုင်းက အသင်းမှာ အံ့ဝင်ပြီး ခြေစွမ်းပြနိုင်ခဲ့တာချည်းတော့ မရှိပါဘူး။ ယူနိုက်တက်ကို မရောက်ခင်က

အောင်မြင်တဲ့ ထိပ်တန်း ကစားသမားတွေအဖြစ် ရပ်တည်နေပေမဲ့ ယူနိုက်တက်ကို ရောက်မှ အခြေအနေမလှဘဲ ကစားသမားဘ၀ နစ်မွန်းသွားခဲ့သူတွေလည်း အများအပြားရှိနေပါတယ်။ အဲဒီအထဲကမှ

နယ်သာလန်ကြယ်ပွင့် ဗန်ဒီဘတ်ချ်ကတော့ ယူနိုက်တက်ရောက်မှ ကစားသမားဘ၀ ပျက်စီးသွားခဲ့ရတဲ့ နောက်ဆုံးသားကောင်ဖြစ်ခဲ့ရပြီး အလက်ဆစ်ဆန်းချက်ဇ်၊ ရှဝိုင်းစတိုင်ဂါ၊ ဖယ်လ်ကာအို၊ ဂျာနူဇိုက်၊ ဒီပေး၊

လူကာကူ အစရှိတဲ့ ကစားသမားတွေဟာ ယူနိုက်တက်ရောက်မှ ခြေစွမ်းခြေစကောင်းတွေ မှေးမှိန်သွားခဲ့ရပါတယ်။ ဂျက်ဆီလင်ဂတ်တောင်မှ ဝက်စ်ဟမ်းမှာ အငှားနဲ့ သွားကစားတဲ့အခါ တောက်ပခဲ့ပေမဲ့ ယူနိုက်တက်ကို

ပြန်ရောက်တဲ့အခါ ဒုံရင်းက ဒုံရင်းပြန်ဖြစ်သွားခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။

ကစားသမားတွေ ပြဿနာရှာလွန်းခြင်း

မီဒီယာအားကောင်းတဲ့ အင်္ဂလန်မြေမှာ မန်ချက်စတာယူနိုက်တက် ကစားသမားတွေရဲ့ ကွင်းပြင်ပပြဿနာကိစ္စတွေလည်း အမြဲတမ်း ကြားသိနေခဲ့ရတာပါ။ ယူနိုက်တက်ဂန္ထဝင်တွေဖြစ်ကြတဲ့ ဝိန်းရွန်းနီ၊ ရွိုင်ယန်ဂစ်တို့ဟာ

မိန်းမကိစ္စနဲ့ ပတ်သက်ပြီး အရှုပ်တော်ပုံတွေ ရှိခဲ့ကြပြီး ကစားသမားဘ၀ အမဲစက်စွန်းထင်ခဲ့ကြဖူးတွေ ဖြစ်ပါတယ်။ ရွန်နီးဟာ ဇနီးသည်ကောလင်းအပေါ် ဖောက်ပြန်မှုတွေ ပြုလုပ်ခဲ့သလို ရွိုင်ယန်ဂစ်ကလည်း

ခယ်မဖြစ်သူနဲ့ နှစ်ကာလတော်တော်ကြာ ညှိစွန်းခဲ့ကြတာပါ။ အခုနောက်ဆုံး လူငယ်ကြယ်ပွင့်လေး ဂရင်းဝုဒ်ကလည်း နောင်တော်ကြီးတွေရဲ့ ခြေရာကို လိုက်နင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး မိန်းမကိစ္စနဲ့ အသင်းကနေ

ထုတ်ပယ်ခြင်း ခံထားရသလို ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကိုပါ ခံနေရတာ ဖြစ်ပါတယ်။

ဖာဂီ Time

ဂန္ထဝင်နည်းပြကြီး ဆာလဲလက်ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်အတွက်သာမက ဘောလုံးနယ်ပယ်ရဲ့ အခမ်းနားဆုံးဂန္ထဝင်တစ်ဦးဖြစ်ပါတယ်။ ဖာဂူဆန်နဲ့ပတ်သက်ပြီး ပြောရရင် ဘောလုံးပရိသတ်တွေအကြား

ဖာဂီ Time ဆိုတဲ့စကားကလည်း နာမည်ကျော်လှပါတယ်။ ဖာဂူဆန်လက်ထက်မှာ ယူနိုက်တက်တို့ဟာ နောက်ကျဂိုးတွေနဲ့ ပြိုင်ဘက်ကို အမြဲတမ်း ထိုးနှက်ပြီး အသာရလေ့ရှိပါတယ်။ ယူနိုက်တက်ရဲ့ ပွဲစဉ်တွေမှာ

နာကျင်အချိန်ပိုပေးတဲ့အပေါ် ဖာဂူဆန်က ဒိုင်လူကြီးတွေအပေါ် လွှမ်းမိုးမှုရှိတယ်ဆိုပြီး ပြိုင်ဘက်နည်းပြတွေက စွပ်စွဲခဲ့ကြတာပါ။သူ့ရဲ့လက်ပတ်နာရီကို ဒေါသတကြီးထိုးပြတတ်တဲ့ ဖာဂူဆန်ရဲ့ပုံရိပ်တွေက

ဒိုင်လူကြီးတွေအပေါ် လွှမ်းမိုးမှု ရှိခဲ့ပုံပေါ်ပြီး ယူနိုက်တက်တို့ ဂိုးလိုအပ်နေတဲ့အချိန်မျိုးမှာ ဒိုင်တွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်ထက် နာကျင်အချိန်ပို ပိုပေးလေ့ရှိတာ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ

ပြိုင်ဘက်တွေအတွက်တော့ ခံရခက်တဲ့အရာဖြစ်စေပြီး ယူနိုက်တက်ကိုပိုပြီး အမုန်းပိုစေခဲ့တဲ့အရာတစ်ခုဆိုရင်လည်း မမှားပါဘူး။

မီဒီယာတွေရဲ့ မြှောက်ပင့်ရေးသားလွန်းခြင်း

မီဒီယာတွေအနေနဲ့ ယူနိုက်တက်တို့နဲ့ ပတ်သက်ရင် အရာရာမြှောက်ပင့်ရေးသားလွန်းတယ်လို့ ပြိုင်ဘက်ပရိသတ်တွေက ယူဆထားလျက်ရှိပါတယ်။ ယူနိုက်တက်တို့ သာမန်ပွဲစဉ်တစ်ပွဲမျိုးကို အနိုင်ရတဲ့အခါမျိုးမှာတောင်

ဆုဖလားအောင်မြင်မှုရသလို အင်္ဂလန်မီဒီယာတွေက ရေးသားတတ်ပြီး တခြားအသင်းတွေနဲ့ယှဉ်ရင် ယူနိုက်တက်အကြောင်းကိုဇောင်းပေးဖော်ပြတတ်တာ များပါတယ်။ ဒါကလည်း ယူနိုက်တက်ရဲ့ အစဉ်အလာ၊

အောင်မြင်မှုတွေနဲ့ တိုက်ရိုက်အချိုးကျနေတာဖြစ်ပေမဲ့ မီဒီယာတွေ့ မြှောက်ပင့်ပေးမှုက ပြိုင်ဘက်ပရိသတ်တွေရဲ့အမြင်မှာ ယူနိုက်တက်ကို ပိုပြီးအမုန်းပွားစေတဲ့ အကြောင်ရင်းပဲ ဖြစ်ပါတယ်။

 

Zawgyi

 

မန္ခ်က္စတာယူႏိုက္တက္ကို ၿပိဳင္ဘက္ပရိသတ္ေတြ မုန္းတီးေနရတဲ့ အေၾကာင္းရင္းမ်ား

မန္ခ်က္စတာယူႏိုက္တက္ဟာ အဂၤလန္ရဲ႕ အေအာင္ျမင္ဆုံးအသင္းျဖစ္သလို ဥေရာပမွာလည္း အရွိန္အဝါႀကီးမားတဲ့အသင္းတစ္သင္းပါ။ ဂႏၴဝင္နည္းျပႀကီး ဆာလဲလက္ဖာဂူဆန္လက္ထက္မွာ ယူႏိုက္တက္ဟာ

ၿပိဳင္ဘက္တိုင္း ဖိတ္ဖိတ္တုန္ေအာင္ေၾကာက္ရတဲ့ အသင္းတစ္သင္းအျဖစ္ ရပ္တည္ခဲ့ပါတယ္။ကြင္းျပင္ပမွာလည္း ယူႏိုက္တက္ရဲ႕ ေအာင္ျမင္မႈက ႀကီးမားခဲ့ၿပီး ကမာၻတစ္ဝွမ္းမွာ ယူႏိုက္တက္ပရိသတ္ေတြမ်ားစြာ

ထြက္ေပၚလာခဲ့ပါတယ္။ယူႏိုက္တက္ဟာ ပရိသတ္အင္အားႀကီးသလို တစ္ဖက္မွာလည္း မုန္တီးသူေတြမ်ားစြာ ခံေနရတဲ့အသင္းတစ္သင္းပါ။ ၿပိဳင္ဘက္ေတြ မနာလိုခ်င္စရာေကာင္းတဲ့ ေအာင္ျမင္မႈမ်ိဳး ပိုင္ဆိုင္ထားတဲ့

ယူႏိုက္တက္ဟာ ေအာက္မွာေဖာ္ျပမဲ့အခ်က္ေတြေၾကာင့္ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ အမုန္းကိုခံေနရတယ္ဆိုရင္လည္း မမွားပါဘူး ။

ၿပိဳင္ဘက္ကစားသမားေတြကို ေခၚယူျခင္း

မန္ခ်က္စတာယူႏိုက္တက္ဟာ တစ္ေခတ္တစ္ခါတုန္းက အဂၤလန္ရဲ႕အင္အားအႀကီးဆုံးအသင္းျဖစ္တာနဲ႔အညီ သူတို႔အသင္းကို လာခ်င္တဲ့ ကစားသမားေတြက မ်ားျပားလွပါတယ္။ ၿပိဳင္ဘက္အသင္းက

ကစားသမားေတြကေတာင္ ယူႏိုက္တက္က ေခၚခ်င္တယ္ဆိုတာနဲ႔ အေျပးလာခ်င္ေနခဲ့ၾကတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ ယူႏိုက္တက္ဟာ ၿပိဳင္ဘက္အသင္းက ေကာင္းလွပါတယ္ဆိုတဲ့ထိပ္တန္း

ကစားသမားေတြကို ေခၚယူၿပီး အၫႊန႔္ေခြၽသလိုေခြၽခဲ့ပါတယ္။ စပါးကေန ဘာဘာေတာ့ဗ္၊ နယူးကာဆယ္ကေန အန္ဒီကိုးစ္၊ အက္စတြန္ဗီလာကေန ဒါေယာ့ခ္၊ အဲဗာတန္ကေန ႐ြန္းနီနဲ႔ အာဆင္နယ္ကေန ဗန္ပါစီတို႔ကို

ယူႏိုက္တက္တို႔ ေခၚယူခဲ့တာပါ။ အဲဒီလိုမ်ိဳး သူတို႔အသင္းရဲ႕ အဓိက ကစားသမားေတြကို ေခၚယူခဲ့တာကလည္း ယူႏိုက္တက္ကို ၿပိဳင္ဘက္ေတြ မုန္းတီးခဲ့ၾကတဲ့အေၾကာင္းရင္းေတြထဲကတစ္ခုပါပဲ။

ကစားသမားေကာင္းေတြရဲ႕ဘဝကို နစ္မြန္းေစခဲ့ျခင္း

ယူႏိုက္တက္ဟာ ထိပ္တန္းကစားသမားေတြကို ေငြပုံေအာေပးၿပီး ေခၚယူခဲ့ေပမဲ့လည္း ေခၚလိုက္တဲ့ ကစားသမားတိုင္းက အသင္းမွာ အံ့ဝင္ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာခ်ည္းေတာ့ မရွိပါဘူး။ ယူႏိုက္တက္ကို မေရာက္ခင္က

ေအာင္ျမင္တဲ့ ထိပ္တန္း ကစားသမားေတြအျဖစ္ ရပ္တည္ေနေပမဲ့ ယူႏိုက္တက္ကို ေရာက္မွ အေျခအေနမလွဘဲ ကစားသမားဘ၀ နစ္မြန္းသြားခဲ့သူေတြလည္း အမ်ားအျပားရွိေနပါတယ္။ အဲဒီအထဲကမွ

နယ္သာလန္ၾကယ္ပြင့္ ဗန္ဒီဘတ္ခ်္ကေတာ့ ယူႏိုက္တက္ေရာက္မွ ကစားသမားဘ၀ ပ်က္စီးသြားခဲ့ရတဲ့ ေနာက္ဆုံးသားေကာင္ျဖစ္ခဲ့ရၿပီး အလက္ဆစ္ဆန္းခ်က္ဇ္၊ ရွဝိုင္းစတိုင္ဂါ၊ ဖယ္လ္ကာအို၊ ဂ်ာႏူဇိုက္၊ ဒီေပး၊

လူကာကူ အစရွိတဲ့ ကစားသမားေတြဟာ ယူႏိုက္တက္ေရာက္မွ ေျခစြမ္းေျခစေကာင္းေတြ ေမွးမွိန္သြားခဲ့ရပါတယ္။ ဂ်က္ဆီလင္ဂတ္ေတာင္မွ ဝက္စ္ဟမ္းမွာ အငွားနဲ႔ သြားကစားတဲ့အခါ ေတာက္ပခဲ့ေပမဲ့ ယူႏိုက္တက္ကို

ျပန္ေရာက္တဲ့အခါ ဒုံရင္းက ဒုံရင္းျပန္ျဖစ္သြားခဲ့ၿပီး ႐ုန္းကန္ခဲ့ရပါတယ္။

ကစားသမားေတြ ျပႆနာရွာလြန္းျခင္း

မီဒီယာအားေကာင္းတဲ့ အဂၤလန္ေျမမွာ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေတြရဲ႕ ကြင္းျပင္ပျပႆနာကိစၥေတြလည္း အၿမဲတမ္း ၾကားသိေနခဲ့ရတာပါ။ ယူႏိုက္တက္ဂႏၴဝင္ေတြျဖစ္ၾကတဲ့ ဝိန္း႐ြန္းနီ၊ ႐ြိဳင္ယန္ဂစ္တို႔ဟာ

မိန္းမကိစၥနဲ႔ ပတ္သက္ၿပီး အရႈပ္ေတာ္ပုံေတြ ရွိခဲ့ၾကၿပီး ကစားသမားဘ၀ အမဲစက္စြန္းထင္ခဲ့ၾကဖူးေတြ ျဖစ္ပါတယ္။ ႐ြန္နီးဟာ ဇနီးသည္ေကာလင္းအေပၚ ေဖာက္ျပန္မႈေတြ ျပဳလုပ္ခဲ့သလို ႐ြိဳင္ယန္ဂစ္ကလည္း

ခယ္မျဖစ္သူနဲ႔ ႏွစ္ကာလေတာ္ေတာ္ၾကာ ညႇိစြန္းခဲ့ၾကတာပါ။ အခုေနာက္ဆုံး လူငယ္ၾကယ္ပြင့္ေလး ဂရင္းဝုဒ္ကလည္း ေနာင္ေတာ္ႀကီးေတြရဲ႕ ေျခရာကို လိုက္နင္းခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး မိန္းမကိစၥနဲ႔ အသင္းကေန

ထုတ္ပယ္ျခင္း ခံထားရသလို ရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးျခင္းကိုပါ ခံေနရတာ ျဖစ္ပါတယ္။

ဖာဂီ Time

ဂႏၴဝင္နည္းျပႀကီး ဆာလဲလက္ဖာဂူဆန္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္သာမက ေဘာလုံးနယ္ပယ္ရဲ႕ အခမ္းနားဆုံးဂႏၴဝင္တစ္ဦးျဖစ္ပါတယ္။ ဖာဂူဆန္နဲ႔ပတ္သက္ၿပီး ေျပာရရင္ ေဘာလုံးပရိသတ္ေတြအၾကား

ဖာဂီ Time ဆိုတဲ့စကားကလည္း နာမည္ေက်ာ္လွပါတယ္။ ဖာဂူဆန္လက္ထက္မွာ ယူႏိုက္တက္တို႔ဟာ ေနာက္က်ဂိုးေတြနဲ႔ ၿပိဳင္ဘက္ကို အၿမဲတမ္း ထိုးႏွက္ၿပီး အသာရေလ့ရွိပါတယ္။ ယူႏိုက္တက္ရဲ႕ ပြဲစဥ္ေတြမွာ

နာက်င္အခ်ိန္ပိုေပးတဲ့အေပၚ ဖာဂူဆန္က ဒိုင္လူႀကီးေတြအေပၚ လႊမ္းမိုးမႈရွိတယ္ဆိုၿပီး ၿပိဳင္ဘက္နည္းျပေတြက စြပ္စြဲခဲ့ၾကတာပါ။သူ႔ရဲ႕လက္ပတ္နာရီကို ေဒါသတႀကီးထိုးျပတတ္တဲ့ ဖာဂူဆန္ရဲ႕ပုံရိပ္ေတြက

ဒိုင္လူႀကီးေတြအေပၚ လႊမ္းမိုးမႈ ရွိခဲ့ပုံေပၚၿပီး ယူႏိုက္တက္တို႔ ဂိုးလိုအပ္ေနတဲ့အခ်ိန္မ်ိဳးမွာ ဒိုင္ေတြအေနနဲ႔ သတ္မွတ္ထားတဲ့အခ်ိန္ထက္ နာက်င္အခ်ိန္ပို ပိုေပးေလ့ရွိတာ ေတြ႕ရွိခဲ့ပါတယ္။ ဒါဟာ

ၿပိဳင္ဘက္ေတြအတြက္ေတာ့ ခံရခက္တဲ့အရာျဖစ္ေစၿပီး ယူႏိုက္တက္ကိုပိုၿပီး အမုန္းပိုေစခဲ့တဲ့အရာတစ္ခုဆိုရင္လည္း မမွားပါဘူး။

မီဒီယာေတြရဲ႕ ေျမႇာက္ပင့္ေရးသားလြန္းျခင္း

မီဒီယာေတြအေနနဲ႔ ယူႏိုက္တက္တို႔နဲ႔ ပတ္သက္ရင္ အရာရာေျမႇာက္ပင့္ေရးသားလြန္းတယ္လို႔ ၿပိဳင္ဘက္ပရိသတ္ေတြက ယူဆထားလ်က္ရွိပါတယ္။ ယူႏိုက္တက္တို႔ သာမန္ပြဲစဥ္တစ္ပြဲမ်ိဳးကို အႏိုင္ရတဲ့အခါမ်ိဳးမွာေတာင္

ဆုဖလားေအာင္ျမင္မႈရသလို အဂၤလန္မီဒီယာေတြက ေရးသားတတ္ၿပီး တျခားအသင္းေတြနဲ႔ယွဥ္ရင္ ယူႏိုက္တက္အေၾကာင္းကိုေဇာင္းေပးေဖာ္ျပတတ္တာ မ်ားပါတယ္။ ဒါကလည္း ယူႏိုက္တက္ရဲ႕ အစဥ္အလာ၊

ေအာင္ျမင္မႈေတြနဲ႔ တိုက္႐ိုက္အခ်ိဳးက်ေနတာျဖစ္ေပမဲ့ မီဒီယာေတြ႕ ေျမႇာက္ပင့္ေပးမႈက ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕အျမင္မွာ ယူႏိုက္တက္ကို ပိုၿပီးအမုန္းပြားေစတဲ့ အေၾကာင္ရင္းပဲ ျဖစ္ပါတယ္။

 

 

Leave a Reply

Your email address will not be published.