Mon. May 23rd, 2022

လီဗာပူးရဲ့လစာငွေပေါ်လစီနဲ့ ဆာလတ်ရဲ့စာချုပ်ပြဿနာ

ဘောလုံးလောကမှာ ငွေကြေးရဲ့ အခန်းကဏ္ဍက ကြီးမားကျယ်ပြန့်လာခဲ့တာ နစ်အတော်အတန် ကြာမြင့်ခဲ့ပါပြီ။ ကလပ်အသင်းနဲ့ ကစားသမားတွေအကြား စာချုပ်ကိစ္စ အငြင်းပွားမှုတွေဟာလည်း အချိန်တိုင်းလိုလို ဖြစ်ပျက်နေတာပါ။ အဲ့ဒီ့ထဲမှာမှ လီဗာပူးအသင်းနဲ့ တောင်ပံကစားသမား ဆာလတ်တို့ရဲ့ စာချုပ်အခြေအနေကလည်း တစ်ခုအပါအဝင်ပါပဲ။

မိုဟာမက်ဆာလတ်က ပြီးခဲ့တဲ့နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးပြီး နောက်ပိုင်းမှာလည်း ဘာမှကြီးကြီးမားမား မတောင်းဆိုဘဲ လီဗာပူးအသင်းမှာ ဆက်နေလိုကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးအသင်းဘက်ကတော့ ဆာလတ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ဆောင်ရွက်ခြင်းမရှိသေးတာကတော့ အံ့အားသင့်စရာ ဖြစ်နေပါတယ်။

ဆာလတ်ရဲ့ စာချုပ်ကိစ္စမှာ ရှုပ်ထွေးမှုတွေရှိနေပြီး ဒီအရာကို အဓိကလုပ်ဆောင်နေသူက အေးဂျင့်ဖြစ်တဲ့ ရမ်မီအဘတ်စ် ပါ။ သူက မကြာခင်သေးမီကမှ လီဗာပူးရဲ့ လေ့ကျင့်ရေးကွင်းဟောင်းဖြစ်တဲ့ မဲဝုဒ်မှာ ဆာလတ်တစ်ယောက် အားရပါးရ ရယ်မောနေတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။ ဒီပို့စ်ကို ကြည့်ပြီးတော့ လီဗာပူးပရိသတ်တွေက ဆာလတ်ရဲ့ စာချုပ်အခြေအနေနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာ ပြဿနာရှိနေပြီဆိုတာ သတိပြုမိခဲ့ကြပါတယ်။

လီဗာပူးအသင်းဘက်ကနေ စာချုပ်သစ်ကို မဖြစ်စလောက် လစာငွေလေးနဲ့ ကမ်းလှမ်းခဲ့တာကြောင့် ဆာလတ်နဲ့ သူ့အေးဂျင့်တို့ ဟားတိုက်ရယ်မောနေတာဖြစ်တယ်ဆိုပြီး ပရိသတ်တွေက စိုးရိမ်နေခဲ့ကြတာပါ။ ပရိသတ်ယူဆချက်တွေ အမှန်မဟုတ်သည့်တိုင်အောင် လီဗာပူးနဲ့ ဆာလတ်တို့ရဲ့ စာချုပ်သစ်အခြေအနေဟာ အမှားယွင်းမခံတဲ့ အဆင့်တစ်ခုကို ရောက်ရှိနေခဲ့ပါပြီ။ ဆာလတ်ဟာ လီဗာပူးမှာ ဆက်နေခွင့်ရဖို့ ထူးထူးခြားခြား အခွင့်အရေးတွေ တောင်းဆိုခြင်း ပြုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် သူက စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင်၄သိန်း အလိုရှိနေပါတယ်။

ဆာလတ်လို ကစားသမားမျိုးအတွက်တော့ ဒီလိုတောင်းဆိုမှုဟာ သိပ်ကိုတရားမျှတမှုရှိပါတယ်။ သူဟာ လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေမှာ ၈၀ရာခိုင်နှုန်းအထိ ပါဝင်ပတ်သတ်ပေးထားသူပါ။ ဘာစီလိုနာမှာ ဒဏ်ရာတွေနဲ့နပန်းလုံးနေရတဲ့ ဒမ်ဘီလီလို ကစားသမားမျိုးက တစ်ပတ်လုပ်ခ ယူရို၇သိန်းလောက် တောင်းနေချိန်မှာ ဆာလတ်ရဲ့ တောင်းဆိုမှုက များပြားတယ်လို့ မဆိုနိုင်ပါဘူး။ ဆာလတ်က လီဗာပူးအသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုလိုနေတာဖြစ်ပြီး သူက ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားတစ်ယောက် အဖြစ်ကို တက်လှမ်းလိုနေတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်ကလည်း လာမယ့်နှစ်မှာ စာချုပ်သက်တမ်းတွေ ကုန်ဆုံးတော့မယ့် ဆာလတ်နဲ့မာနေးတို့ထဲက တစ်ယောက်ကို လက်လွှတ်သွားဖို့ ရှိနေပါတယ်။ ဒီ့အတွက်ကြောင့် မာနေးနေရာ အစားထိုးဖို့ ဂျိုတာလိုကစားသမားမျိုးကို ကြိုတင်ခေါ်ယူထားခဲ့သလို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းကလည်း ဆာလတ်ရဲ့နေရာအတွက် လူးဝစ်ဒီးယက်ဇ်ကို ခေါ်ယူအားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။

ဆာလတ်ရဲ့ စာချုပ်သက်တမ်းက လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးအသင်းက ဆာလတ်ကို အန်ဖီးမှာ ဆက်ရှိစေချင်တယ်ဆိုရင် လစာငွေပေးတဲ့စနစ်ကို ပြောင်းလဲပစ်ဖို့ လိုအပ်နေပါတယ်။ တစ်ဖက်မှာလည်း ဆာလတ်ရဲ့အေးဂျင့် အဘတ်စ်က သူ့ရဲ့ ကစားသမားကို အန်းဖီးလ်မှာ ဆက်မရှိစေချင်တော့ပါဘူး။ အဘတ်စ်ဟာ နည်းပြကြီး ကလော့ပ်နဲ့လည်း မကြာခဏ ကတောက်ကဆ ဖြစ်ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ချယ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နည်းပြကလော့ပ်ဟာ ဆာလတ်ကို အံ့အားသင့်ဖွယ် လူစားလဲခဲ့တာပါ။ အဲ့ဒီ့ပွဲအပြီး ဆာလတ်ရဲ့အေးဂျင့်က ကလော့ပ်ရဲ့လုပ်ရပ်ကို နားမလည်နိုင်တဲ့အကြောင်း တွစ်တာကနေတစ်ဆင့် ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

အဘတ်စ်ရဲ့ တွစ်တာပေါ်က ရေးသားမှုတွေဟာ ပရိသတ်တွေ၊ ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ အသင်းရဲ့ ဘုတ်အဖွဲ့အပေါ်မှာ ဖိအားတွေ သက်ရောက်စေခဲ့ပါတယ်။ သူ့ရဲ့ကစားသမားကို တောင်းဆိုတဲ့ လစာငွေမပေးရင် အသင်းပြောင်းရွှေ့ဖို့လည်း အဘတ်စ်က အဆင်သင့်ပြင်ဆင်ထားပြီးသား ဖြစ်နေပါတယ်။ ဆာလတ်ဟာ လီဗာပူးကိုရောက်ရှိပြီးမှာ ကမ္ဘာကျော်ကစားသမား ဖြစ်လာခဲ့သလို ကွင်းပြင်ပမှာလည်း adidas ၊ pepsi အစရှိတဲ့ နာမည်ကျော် ဘရန်းတွေနဲ့ လက်တွဲပြီး အောင်မြင်ကျော်ကြားမှုတွေ ပိုင်ဆိုင်လာခဲ့တာပါ။ ဒါ့ကြောင့် လီဗာပူးအနေနဲ့ ဆာလတ်ကို ဆက်ထိန်းထားနိုင်ဖို့ တောင်းဆိုတဲ့ လစာငွေပမာဏကို လိုက်လျောပေးဖို့ လိုအပ်နေပါတယ်။

 

Zawgyi

လီဗာပူးရဲ႕လစာေငြေပၚလစီနဲ႔ ဆာလတ္ရဲ႕စာခ်ဳပ္ျပႆနာ

ေဘာလုံးေလာကမွာ ေငြေၾကးရဲ႕ အခန္းက႑က ႀကီးမားက်ယ္ျပန႔္လာခဲ့တာ နစ္အေတာ္အတန္ ၾကာျမင့္ခဲ့ပါၿပီ။ ကလပ္အသင္းနဲ႔ ကစားသမားေတြအၾကား စာခ်ဳပ္ကိစၥ အျငင္းပြားမႈေတြဟာလည္း အခ်ိန္တိုင္းလိုလို ျဖစ္ပ်က္ေနတာပါ။ အဲ့ဒီ့ထဲမွာမွ လီဗာပူးအသင္းနဲ႔ ေတာင္ပံကစားသမား ဆာလတ္တို႔ရဲ႕ စာခ်ဳပ္အေျခအေနကလည္း တစ္ခုအပါအဝင္ပါပဲ။

မိုဟာမက္ဆာလတ္က ၿပီးခဲ့တဲ့ႏွစ္အတြင္း ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ သူဟာ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး ေနာက္ပိုင္းမွာလည္း ဘာမွႀကီးႀကီးမားမား မေတာင္းဆိုဘဲ လီဗာပူးအသင္းမွာ ဆက္ေနလိုေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးအသင္းဘက္ကေတာ့ ဆာလတ္ကို သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ေဆာင္႐ြက္ျခင္းမရွိေသးတာကေတာ့ အံ့အားသင့္စရာ ျဖစ္ေနပါတယ္။

ဆာလတ္ရဲ႕ စာခ်ဳပ္ကိစၥမွာ ရႈပ္ေထြးမႈေတြရွိေနၿပီး ဒီအရာကို အဓိကလုပ္ေဆာင္ေနသူက ေအးဂ်င့္ျဖစ္တဲ့ ရမ္မီအဘတ္စ္ ပါ။ သူက မၾကာခင္ေသးမီကမွ လီဗာပူးရဲ႕ ေလ့က်င့္ေရးကြင္းေဟာင္းျဖစ္တဲ့ မဲဝုဒ္မွာ ဆာလတ္တစ္ေယာက္ အားရပါးရ ရယ္ေမာေနတဲ့ ဓာတ္ပုံတစ္ပုံကို လူမႈကြန္ရက္ေပၚမွာ တင္ခဲ့ပါတယ္။ ဒီပို႔စ္ကို ၾကည့္ၿပီးေတာ့ လီဗာပူးပရိသတ္ေတြက ဆာလတ္ရဲ႕ စာခ်ဳပ္အေျခအေနနဲ႔ ပတ္သတ္ၿပီး တစ္စုံတစ္ရာ ျပႆနာရွိေနၿပီဆိုတာ သတိျပဳမိခဲ့ၾကပါတယ္။

လီဗာပူးအသင္းဘက္ကေန စာခ်ဳပ္သစ္ကို မျဖစ္စေလာက္ လစာေငြေလးနဲ႔ ကမ္းလွမ္းခဲ့တာေၾကာင့္ ဆာလတ္နဲ႔ သူ႔ေအးဂ်င့္တို႔ ဟားတိုက္ရယ္ေမာေနတာျဖစ္တယ္ဆိုၿပီး ပရိသတ္ေတြက စိုးရိမ္ေနခဲ့ၾကတာပါ။ ပရိသတ္ယူဆခ်က္ေတြ အမွန္မဟုတ္သည့္တိုင္ေအာင္ လီဗာပူးနဲ႔ ဆာလတ္တို႔ရဲ႕ စာခ်ဳပ္သစ္အေျခအေနဟာ အမွားယြင္းမခံတဲ့ အဆင့္တစ္ခုကို ေရာက္ရွိေနခဲ့ပါၿပီ။ ဆာလတ္ဟာ လီဗာပူးမွာ ဆက္ေနခြင့္ရဖို႔ ထူးထူးျခားျခား အခြင့္အေရးေတြ ေတာင္းဆိုျခင္း ျပဳမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္ သူက စာခ်ဳပ္သစ္မွာ တစ္ပတ္လုပ္ခ ေပါင္၄သိန္း အလိုရွိေနပါတယ္။

ဆာလတ္လို ကစားသမားမ်ိဳးအတြက္ေတာ့ ဒီလိုေတာင္းဆိုမႈဟာ သိပ္ကိုတရားမွ်တမႈရွိပါတယ္။ သူဟာ လီဗာပူးအသင္းရဲ႕ သြင္းဂိုးေတြမွာ ၈၀ရာခိုင္ႏႈန္းအထိ ပါဝင္ပတ္သတ္ေပးထားသူပါ။ ဘာစီလိုနာမွာ ဒဏ္ရာေတြနဲ႔နပန္းလုံးေနရတဲ့ ဒမ္ဘီလီလို ကစားသမားမ်ိဳးက တစ္ပတ္လုပ္ခ ယူ႐ို၇သိန္းေလာက္ ေတာင္းေနခ်ိန္မွာ ဆာလတ္ရဲ႕ ေတာင္းဆိုမႈက မ်ားျပားတယ္လို႔ မဆိုႏိုင္ပါဘူး။ ဆာလတ္က လီဗာပူးအသင္းနဲ႔ ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုေနတာျဖစ္ၿပီး သူက ပရီးမီးယားလိဂ္ရဲ႕ လစာအမ်ားဆုံး ကစားသမားတစ္ေယာက္ အျဖစ္ကို တက္လွမ္းလိုေနတာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဘက္ကလည္း လာမယ့္ႏွစ္မွာ စာခ်ဳပ္သက္တမ္းေတြ ကုန္ဆုံးေတာ့မယ့္ ဆာလတ္နဲ႔မာေနးတို႔ထဲက တစ္ေယာက္ကို လက္လႊတ္သြားဖို႔ ရွိေနပါတယ္။ ဒီ့အတြက္ေၾကာင့္ မာေနးေနရာ အစားထိုးဖို႔ ဂ်ိဳတာလိုကစားသမားမ်ိဳးကို ႀကိဳတင္ေခၚယူထားခဲ့သလို ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕တုန္းကလည္း ဆာလတ္ရဲ႕ေနရာအတြက္ လူးဝစ္ဒီးယက္ဇ္ကို ေခၚယူအားျဖည့္ထားခဲ့တာ ျဖစ္ပါတယ္။

ဆာလတ္ရဲ႕ စာခ်ဳပ္သက္တမ္းက လာမယ့္ႏွစ္မွာ ကုန္ဆုံးမွာျဖစ္ၿပီး လီဗာပူးအသင္းက ဆာလတ္ကို အန္ဖီးမွာ ဆက္ရွိေစခ်င္တယ္ဆိုရင္ လစာေငြေပးတဲ့စနစ္ကို ေျပာင္းလဲပစ္ဖို႔ လိုအပ္ေနပါတယ္။ တစ္ဖက္မွာလည္း ဆာလတ္ရဲ႕ေအးဂ်င့္ အဘတ္စ္က သူ႔ရဲ႕ ကစားသမားကို အန္းဖီးလ္မွာ ဆက္မရွိေစခ်င္ေတာ့ပါဘူး။ အဘတ္စ္ဟာ နည္းျပႀကီး ကေလာ့ပ္နဲ႔လည္း မၾကာခဏ ကေတာက္ကဆ ျဖစ္ဖူးပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ မတ္လတုန္းက ခ်ယ္ဆီးကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ နည္းျပကေလာ့ပ္ဟာ ဆာလတ္ကို အံ့အားသင့္ဖြယ္ လူစားလဲခဲ့တာပါ။ အဲ့ဒီ့ပြဲအၿပီး ဆာလတ္ရဲ႕ေအးဂ်င့္က ကေလာ့ပ္ရဲ႕လုပ္ရပ္ကို နားမလည္ႏိုင္တဲ့အေၾကာင္း တြစ္တာကေနတစ္ဆင့္ ပို႔စ္တင္ခဲ့တာ ျဖစ္ပါတယ္။

အဘတ္စ္ရဲ႕ တြစ္တာေပၚက ေရးသားမႈေတြဟာ ပရိသတ္ေတြ၊ ေဘာလုံးေဝဖန္သုံးသပ္သူေတြနဲ႔ အသင္းရဲ႕ ဘုတ္အဖြဲ႕အေပၚမွာ ဖိအားေတြ သက္ေရာက္ေစခဲ့ပါတယ္။ သူ႔ရဲ႕ကစားသမားကို ေတာင္းဆိုတဲ့ လစာေငြမေပးရင္ အသင္းေျပာင္းေ႐ႊ႕ဖို႔လည္း အဘတ္စ္က အဆင္သင့္ျပင္ဆင္ထားၿပီးသား ျဖစ္ေနပါတယ္။ ဆာလတ္ဟာ လီဗာပူးကိုေရာက္ရွိၿပီးမွာ ကမာၻေက်ာ္ကစားသမား ျဖစ္လာခဲ့သလို ကြင္းျပင္ပမွာလည္း adidas ၊ pepsi အစရွိတဲ့ နာမည္ေက်ာ္ ဘရန္းေတြနဲ႔ လက္တြဲၿပီး ေအာင္ျမင္ေက်ာ္ၾကားမႈေတြ ပိုင္ဆိုင္လာခဲ့တာပါ။ ဒါ့ေၾကာင့္ လီဗာပူးအေနနဲ႔ ဆာလတ္ကို ဆက္ထိန္းထားႏိုင္ဖို႔ ေတာင္းဆိုတဲ့ လစာေငြပမာဏကို လိုက္ေလ်ာေပးဖို႔ လိုအပ္ေနပါတယ္။

 

Leave a Reply

Your email address will not be published.