Fri. May 27th, 2022

အိပ်မက်ကဇာတ်ရုံထဲက အမှောင်နေ့စွဲတွေကိုဘရူနိုဖာနန်ဒက်စ် ကျော်ဖြတ်နိုင်ပါ့မလား?

မန်ချက်စတာယူနိုက်တက်ဂျာစီကို ဝတ်ဆင်ပြီးကတည်းက ဘရူနိုဖာနန်ဒက်ဇ်ဟာ မှော်ဝင်အခိုက်အတန့်ပေါင်းများစွာကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်ကို စီရော်နယ်ဒို စတင်ရောက်ရှိလာတဲ့အချိန်ကနေစလို့ ပေါ်တူဂီကွင်းလယ်မာစတာဟာ အိပ်မက်ကဇာတ်ရုံထဲမှာ ပရိသတ်တွေ ကျေနပ်လောက်အောင် အသုံးတော်ခံနိုင်ခြင်း မရှိတော့ပါဘူး။ နည်းဗျူဟာပိုင်းဆိုင်ရာ ဉာဏ်ရည်မြင့်မားသူ ၊ ပင်နယ်တီစပယ်ရှယ်လစ် ၊ သွင်းဂိုးတွေကို ထုတ်လုပ်ပေးနိုင်သူ စတဲ့ဂုဏ်ပုဒ်တွေကို တစ်သီတစ်တန်း ပိုင်ဆိုင်ထားသူ ဘရူနိုဖာနန်ဒက်စ်ဇ်က အသင်းအတွက်နောက်ဆုံးပြိုင်ပွဲစုံ ပွဲ(၂၀)မှာ ၄ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ ဘာ့ကြောင့် ဒီလောက်ထိ စွမ်းဆောင်ရည်ကျဆင်းသွားခဲ့ရတာပါလဲ?

မန်ချက်စတာယူနိုက်တက်အတွက် နှစ်နှစ်နီးပါး တောက်ပခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းမှာ ဂန္ထဝင်ကစားသမားတစ်ယောက် ဖြစ်လာမယ်လို့ ထင်ကြေးပေးခံရသူပါ။ ဒါ့အပြင် လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူလို့ တင်စားနိုင်တဲ့ ဒီဘရိုင်း ၊ ကွင်းလယ်လူတစ်ယောက်အဖြစ်နဲ့ စံချိန်တင်သွင်းဂိုးတွေ ရယူထားနိုင်တဲ့ ဖရန့်လမ်းပတ် အစရှိတဲ့ ကစားသမားတွေနဲ့လည်း နှိုင်ယှဉ်ခံခဲ့ရပါတယ်။ အဲ့လိုခိုင်းနှိုင်းခံရလောက်အောင်လည်း ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုး၂၈ဂိုးအထိ ရယူနိုင်ခဲ့တာပါ။ 

ဘရူနိုဖာနန်ဒက်စ်ရဲ့ အားသာချက်က ဂိုးသွင်းမှတ်တမ်းတစ်ခုတည်း မဟုတ်ပါဘူး။ key passတွေ ၊ အခွင့်အရေးဖန်တီးမှုတွေနဲ့ ဂိုးရဖို့ ပံ့ပိုးမှုစတဲ့ အချက်အလက်တွေအားလုံးမှာ ဘရူနိုဖာနန်ဒက်စ်က မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူက မန်ချက်စတာယူနိုက်တက်ရဲ့ ကယ်တင်ရှင်ဟီးရိုးတစ်ယောက်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာမှာ ရပ်တည်စေနိုင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ ဘရူနိုဖာနန်ဒက်စ်က ပြိုင်ပွဲစုံ ၅၈ပွဲကစားပြီး သွင်းဂိုး ၂၈ဂိုး ၊ ဖန်တီးမှု၁၇ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကာ အသင်းရဲ့ အရေးပါဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ 

ဒီရာသီမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့်၂ရပြီးသား အသင်းကိုမှ ဗာရန်း ၊ ဆန်ချိုတို့ကို ထပ်မံခေါ်ယူနိုင်ခဲ့သလို ထာဝရအကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုလို ကစားသမားမျိုးကိုတောင် အိုးထရက်ဖို့ဒ်ထံ ပြန်လည်ပူးပေါင်းအောင် ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီရာသီမှာ ယူနိုက်တက်ကို ဆုဖလားအောင်မြင်မှုတွေ ၊ တရစပ်နိုင်ပွဲတွေ နဲ့ မြင်တွေ့ရတော့မယ်လို့ ယူဆခဲ့ကြပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ရာသီအစက မြို့ခံပြိုင်ဘက် မန်စီးတီးကို အဓိကစိန်ခေါ်နိုင်မယ့်အသင်းအဖြစ်တောင် ထင်မှတ်ခဲ့ကြပေမယ့် စီရော်နယ်ဒိုရောက်လာချိန်မှာတော့ အရာအားလုံး ပြောင်းလဲခဲ့ပါတယ်။ 

အရင်က ကွင်းလယ်ကနေ သွင်းဂိုးတွေအတွက် တာဝန်ယူထားရတဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ အရာအားလုံးကို စီရော်နယ်ဒိုက ယူဆောင်သွားခဲ့တာပါ။ ပင်နယ်တီကန်သွင်းခွင့်တွေ ၊ သွင်းဂိုးအတွက် တာဝန်ယူရမှုတွေကို စီရော်နယ်ဒိုထံ လွှဲပြောင်းပေးလိုက်ရတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးသွင်းမှတ်တမ်းတွေ တဖြည်းဖြည်း ကျဆင်းလာခဲ့တယ်။ ဒီရာသီ ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုး၈ဂိုးမှာ အဖွင့်ပွဲစဉ်တုန်းက ရရှိခဲ့တဲ့ ဟက်ထရစ်တစ်ကြိမ်သာ ပြောစရာရှိပြီး ကျန်တဲ့အချိန် သွင်းယူခဲ့တဲ့ သွင်းဂိုးတွေမှာ အသင်းဟာ ရလဒ်ပိုင်းတွေ ကျဆင်းနေခဲ့ပြီ ဖြစ်ပါတယ်။ 

 

နောက်ထပ် ထောက်ပြရမယ့် အဓိကအချက်တစ်ခုက နည်းပြအပြောင်းအလဲပါပဲ။ ယူနိုက်တက်ဘုတ်အဖွဲ့ဟာ နည်းပြဟောင်းဆိုးလ်ရှားရဲ့နေရာမှာ ဂျာမန်နည်းစနစ်ဂုရုကြီး ရန်းနစ်ကို ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့တယ်။ သူ့ရဲ့ မူပိုင် ၄-၂-၂-၂ ကစားကွက်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ အကောင်းဆုံးခြေစွမ်း ပြသနိုင်မယ့် နေရာတစ်နေရာ လက်ရှိအချိန်ထိ ရှာမတွေ့သေးပါဘူး။ ဒါဟာ သူ့အတွက် ပွဲထွက်ခွင့်၁၁ယောက်ထဲ ပါဝင်ဖို့တောင် ခက်ခဲလာတဲ့ အခြေအနေတစ်ရပ် ဖြစ်နေပါတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို စီရော်နယ်ဒိုထံ ပေးအပ်လိုက်ရချိန်မှာ နည်းပြဖြစ်သူကလည်း သူ့ရဲ့အကောင်းဆုံးနေရာတစ်နေရာကို မပေးနိုင်တဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ 

အောင်မြင်နေချိန်မှာ လက်ခုပ်သံတွေ ပိုင်ဆိုင်ခဲ့ရပေမယ့် ကျရှုံးနေတဲ့အချိန်မှာတော့ ဝေဖန်သံတွေ မြင့်တက်လာတာ လူ့လောကရဲ့ ဓမ္မတာပါ။ ဒီအခြေအနေကို ဘရူနိုဖာနန်ဒက်စ်တစ်ယောက် အကောင်းဆုံးကျော်လွှားပြီး တောက်ပတဲ့ရွှေရောင်နေ့စွဲတွေဆီ အရောက်ပြန်သွားနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလွန်းနေပါတယ်။

 

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Zawgyi

အိပ္မက္ကဇာတ္႐ုံထဲက အေမွာင္ေန႔စြဲေတြကို ဘ႐ူႏိုဖာနန္ဒက္စ္ ေက်ာ္ျဖတ္ႏိုင္ပါ့မလား?

မန္ခ်က္စတာယူႏိုက္တက္ဂ်ာစီကို ဝတ္ဆင္ၿပီးကတည္းက ဘ႐ူႏိုဖာနန္ဒက္ဇ္ဟာ ေမွာ္ဝင္အခိုက္အတန႔္ေပါင္းမ်ားစြာကို ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အိုးထရက္ဖို႔ဒ္ကို စီေရာ္နယ္ဒို စတင္ေရာက္ရွိလာတဲ့အခ်ိန္ကေနစလို႔ ေပၚတူဂီကြင္းလယ္မာစတာဟာ အိပ္မက္ကဇာတ္႐ုံထဲမွာ ပရိသတ္ေတြ ေက်နပ္ေလာက္ေအာင္ အသုံးေတာ္ခံႏိုင္ျခင္း မရွိေတာ့ပါဘူး။ နည္းဗ်ဴဟာပိုင္းဆိုင္ရာ ဉာဏ္ရည္ျမင့္မားသူ ၊ ပင္နယ္တီစပယ္ရွယ္လစ္ ၊ သြင္းဂိုးေတြကို ထုတ္လုပ္ေပးႏိုင္သူ စတဲ့ဂုဏ္ပုဒ္ေတြကို တစ္သီတစ္တန္း ပိုင္ဆိုင္ထားသူ ဘ႐ူႏိုဖာနန္ဒက္စ္ဇ္က အသင္းအတြက္ေနာက္ဆုံးၿပိဳင္ပြဲစုံ ပြဲ(၂၀)မွာ ၄ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။ ဘာ့ေၾကာင့္ ဒီေလာက္ထိ စြမ္းေဆာင္ရည္က်ဆင္းသြားခဲ့ရတာပါလဲ?

မန္ခ်က္စတာယူႏိုက္တက္အတြက္ ႏွစ္ႏွစ္နီးပါး ေတာက္ပခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းမွာ ဂႏၴဝင္ကစားသမားတစ္ေယာက္ ျဖစ္လာမယ္လို႔ ထင္ေၾကးေပးခံရသူပါ။ ဒါ့အျပင္ လက္ရွိပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္လူလို႔ တင္စားႏိုင္တဲ့ ဒီဘ႐ိုင္း ၊ ကြင္းလယ္လူတစ္ေယာက္အျဖစ္နဲ႔ စံခ်ိန္တင္သြင္းဂိုးေတြ ရယူထားႏိုင္တဲ့ ဖရန႔္လမ္းပတ္ အစရွိတဲ့ ကစားသမားေတြနဲ႔လည္း ႏႈိင္ယွဥ္ခံခဲ့ရပါတယ္။ အဲ့လိုခိုင္းႏႈိင္းခံရေလာက္ေအာင္လည္း ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက သြင္းဂိုး၂၈ဂိုးအထိ ရယူႏိုင္ခဲ့တာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အားသာခ်က္က ဂိုးသြင္းမွတ္တမ္းတစ္ခုတည္း မဟုတ္ပါဘူး။ key passေတြ ၊ အခြင့္အေရးဖန္တီးမႈေတြနဲ႔ ဂိုးရဖို႔ ပံ့ပိုးမႈစတဲ့ အခ်က္အလက္ေတြအားလုံးမွာ ဘ႐ူႏိုဖာနန္ဒက္စ္က မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ သူက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကယ္တင္ရွင္ဟီး႐ိုးတစ္ေယာက္ျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္၂ေနရာမွာ ရပ္တည္ေစႏိုင္ခဲ့သလို ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့တစ္ရာသီလုံးမွာ ဘ႐ူႏိုဖာနန္ဒက္စ္က ၿပိဳင္ပြဲစုံ ၅၈ပြဲကစားၿပီး သြင္းဂိုး ၂၈ဂိုး ၊ ဖန္တီးမႈ၁၇ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ကာ အသင္းရဲ႕ အေရးပါဆုံး ကစားသမားတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။

ဒီရာသီမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဆင့္၂ရၿပီးသား အသင္းကိုမွ ဗာရန္း ၊ ဆန္ခ်ိဳတို႔ကို ထပ္မံေခၚယူႏိုင္ခဲ့သလို ထာဝရအေကာင္းဆုံးေဘာလုံးသမားတစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုလို ကစားသမားမ်ိဳးကိုေတာင္ အိုးထရက္ဖို႔ဒ္ထံ ျပန္လည္ပူးေပါင္းေအာင္ ေခၚေဆာင္ႏိုင္ခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ ဒီရာသီမွာ ယူႏိုက္တက္ကို ဆုဖလားေအာင္ျမင္မႈေတြ ၊ တရစပ္ႏိုင္ပြဲေတြ နဲ႔ ျမင္ေတြ႕ရေတာ့မယ္လို႔ ယူဆခဲ့ၾကေပမယ့္ ထင္သလို ျဖစ္မလာခဲ့ပါဘူး။ ရာသီအစက ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို အဓိကစိန္ေခၚႏိုင္မယ့္အသင္းအျဖစ္ေတာင္ ထင္မွတ္ခဲ့ၾကေပမယ့္ စီေရာ္နယ္ဒိုေရာက္လာခ်ိန္မွာေတာ့ အရာအားလုံး ေျပာင္းလဲခဲ့ပါတယ္။

အရင္က ကြင္းလယ္ကေန သြင္းဂိုးေတြအတြက္ တာဝန္ယူထားရတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အရာအားလုံးကို စီေရာ္နယ္ဒိုက ယူေဆာင္သြားခဲ့တာပါ။ ပင္နယ္တီကန္သြင္းခြင့္ေတြ ၊ သြင္းဂိုးအတြက္ တာဝန္ယူရမႈေတြကို စီေရာ္နယ္ဒိုထံ လႊဲေျပာင္းေပးလိုက္ရတဲ့အတြက္ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ဂိုးသြင္းမွတ္တမ္းေတြ တျဖည္းျဖည္း က်ဆင္းလာခဲ့တယ္။ ဒီရာသီ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ သြင္းဂိုး၈ဂိုးမွာ အဖြင့္ပြဲစဥ္တုန္းက ရရွိခဲ့တဲ့ ဟက္ထရစ္တစ္ႀကိမ္သာ ေျပာစရာရွိၿပီး က်န္တဲ့အခ်ိန္ သြင္းယူခဲ့တဲ့ သြင္းဂိုးေတြမွာ အသင္းဟာ ရလဒ္ပိုင္းေတြ က်ဆင္းေနခဲ့ၿပီ ျဖစ္ပါတယ္။

ေနာက္ထပ္ ေထာက္ျပရမယ့္ အဓိကအခ်က္တစ္ခုက နည္းျပအေျပာင္းအလဲပါပဲ။ ယူႏိုက္တက္ဘုတ္အဖြဲ႕ဟာ နည္းျပေဟာင္းဆိုးလ္ရွားရဲ႕ေနရာမွာ ဂ်ာမန္နည္းစနစ္ဂု႐ုႀကီး ရန္းနစ္ကို ယာယီနည္းျပအျဖစ္ အစားထိုးခန႔္အပ္ခဲ့တယ္။ သူ႔ရဲ႕ မူပိုင္ ၄-၂-၂-၂ ကစားကြက္မွာေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အေကာင္းဆုံးေျခစြမ္း ျပသႏိုင္မယ့္ ေနရာတစ္ေနရာ လက္ရွိအခ်ိန္ထိ ရွာမေတြ႕ေသးပါဘူး။ ဒါဟာ သူ႔အတြက္ ပြဲထြက္ခြင့္၁၁ေယာက္ထဲ ပါဝင္ဖို႔ေတာင္ ခက္ခဲလာတဲ့ အေျခအေနတစ္ရပ္ ျဖစ္ေနပါတယ္။ သူ႔ရဲ႕လုပ္ပိုင္ခြင့္ေတြကို စီေရာ္နယ္ဒိုထံ ေပးအပ္လိုက္ရခ်ိန္မွာ နည္းျပျဖစ္သူကလည္း သူ႔ရဲ႕အေကာင္းဆုံးေနရာတစ္ေနရာကို မေပးႏိုင္တဲ့အခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။

ေအာင္ျမင္ေနခ်ိန္မွာ လက္ခုပ္သံေတြ ပိုင္ဆိုင္ခဲ့ရေပမယ့္ က်ရႈံးေနတဲ့အခ်ိန္မွာေတာ့ ေဝဖန္သံေတြ ျမင့္တက္လာတာ လူ႔ေလာကရဲ႕ ဓမၼတာပါ။ ဒီအေျခအေနကို ဘ႐ူႏိုဖာနန္ဒက္စ္တစ္ေယာက္ အေကာင္းဆုံးေက်ာ္လႊားၿပီး ေတာက္ပတဲ့ေ႐ႊေရာင္ေန႔စြဲေတြဆီ အေရာက္ျပန္သြားႏိုင္ပါ့မလားဆိုတာကေတာ့ စိတ္ဝင္စားစရာ ေကာင္းလြန္းေနပါတယ္။

 

 

Leave a Reply

Your email address will not be published.