MMA Sports ကို ကျွန်တော်တို့ နိုင်ငံမှာ လူကြိုက်များလာတာ နှစ်သိပ်မကြာလှသေးပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကမှ စပြီး ခေတ်စားလာခဲ့တာ ဖြစ်လို့ ဘက်စုံကိုယ်ခံတိုက်ခိုက်ရေးပညာ MMA အကြောင်း ပြောစရာတွေက အများကြီးပါပဲ။ ဒီလို ပြောစရာတွေထဲကမှ ဒီတစ်ခေါက်မှာ လက်ရှိ MMA အားကစားသမားတွေထဲကမှ အချမ်းသာဆုံး ဖိုက်တာ ၅ ယောက်အကြောင်း မျှဝေပေးလိုက်ပါတယ်။
(၁) Cornor McGregor
အိုင်ယာလန် MMA ဖိုက်တာ ကော်နာမက်ဂရီဂေါ်ကတော့ မိတ်ဆက်စရာလိုမယ် မထင်ပါဘူး။ UFC ဖယ်သာဝိတ်နဲ့ လိုက်ဝိတ်ချန်ပီယံရှစ်တွေမှာ သူ့ရဲ့ MMA အောင်မြင်မှုကို အထင်းသား တွေ့မြင်ရမှာပါ။ နာမည်ကျော် ရှုံးပွဲမရှိလက်ဝှေ့ကျော် ဖလွိုက်မေဝဲလ်သာနဲ့ပါ ထိုးသတ်ခဲ့ဖူးတဲ့ UFC က ငစွာဖိုက်တာဟာ ဒီနှစ် ၂၀၂၁ မှာ ဒေါ်လာသန်း ၁၂၀ ခန့် ချမ်းသာပြီး အချမ်းသာဆုံး MMA ဖိုက်တာအဖြစ် သတ်မှတ်ခံထားရပါတယ်။
(၂) Rorion Gracie
ရိုရီယွန် ဂရာစီဟာ ဘရာဇီး-အမေရိကန်လူမျိုး ဂျူဂျစ်ဆု ဂရန်းမာစတာတစ်ယောက် ဖြစ်သလို စာရေးဆရာ ၊ ထုတ်လုပ်သူ ၊ သင်တန်းဆရာနဲ့ UFC (Ultimate Fighting Championship) ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။ ဘရာဇီးသား ဂျူဂျစ်ဆုထဲမှာ ၉ ဆင့်မြောက် ခါးပတ်နီရထားပြီး ဒီလိုခါးပတ်ပိုင်ရှင်မျိုးက ကမ္ဘာပေါ်မှာ သိပ်များများစားစား မရှိပါဘူး။ ဂရာစီဟာ MMA ဖိုက်တာတွေထဲမှာ အချမ်းသာဆုံးစာရင်းဝင်သူဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၅၀ ပိုင်ဆိုင်ထားပါတယ်။
(၃) Khabib Nurmagomedov

၂၀၂၀ မှာ MMA လောက ကနေ အနားယူသွားပြီ ဖြစ်တဲ့ ခါဘစ်ဟာ UFC ရဲ့ သက်တမ်းအရှည်လျားဆုံး လိုက်ဝိတ်ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။ ရုရှားလူမျိုး MMA ဖိုက်တာ အကျော်အမော်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အားကစားသမိုင်းမှာ ၂၉ ပွဲထိုးသတ်- ရှုံးပွဲမရှိမှတ်တမ်းစံချိန်ကို ပိုင်ဆိုင်ထားတာပါ။ MMA လောကမှာ သူ့ရဲ့ အောင်မြင်မှုကို အားလုံးက လေးစားရပါတယ်။ အခုတော့ သူဟာ ရုရှား MMA အဖွဲ့အစည်း Eagle Fighting Championships တစ်ခုကို တည်ထောင်ထားပါတယ်။ MMA သမားတွေထဲမှာ တတိယအချမ်းသာဆုံးဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာပါတယ်။
(၄) Georges St-Pierre
ကနေဒါလူမျိုး MMA အားကစားသမား ဂျော့ချ် ပီယာရဲဟာ UFC ဝယ်လ်သာဝိတ်ချန်ပီယံ ၃ ကြိမ်ရထားတဲ့ ဖိုက်တာ ဖြစ်ပါတယ်။ MMA ဖိုက်တာတွေထဲမှာ အကြီးကျယ်ဆုံးဖိုက်တာစာရင်းဝင်သူ ဖြစ်ပါတယ်။ ပီယာရဲဟာ UFC မှာတုန်းက မစ်ဒယ်ဝိတ်ရော ဝယ်သာဝိတ်ချန်ပီယံအဖြစ်ပါ စံချိန်တင်ခဲ့ပြီး ဒီနှစ်အတိုင်းအတာနဲ့ သူ့ရဲ့ အသားတင် ပိုင်ဆိုင်မှုဟာ ဒေါ်လာသန်း ၃၀ ခန့် ရှိပါတယ်။
(၅) Brock Lesnar
အမေရိကန်ပရော်ဖက်ရှင်နယ် နပန်းသမားနဲ့ MMA ကစားသမားဟောင်းတစ်ဦး ဖြစ်တဲ့ ဘရော့ခ် လက်စ်နာတစ်ယောက်ကို MMA ထက် နပန်းကြိုးဝိုင်းမှာပဲ ပိုလူသိများပါတယ်။ ဒါပေမယ့်လည်း MMA လောကမှာ လက်စ်နာဟာ ၂၀၀၈ ခုနှစ်က UFC Heavyweight Championship ကို အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ နပန်းလောကမှာ အကြီးအကျယ်အောင်မြင်မှုရခဲ့သလို UFC မှာပါ အောင်မြင်ခဲ့တဲ့ တစ်ဦးတည်းသော ဖိုက်တာပါပဲ။ ဘရော့ခ် လက်စ်နာရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၅ သန်း ခန့် ဖြစ်ပါတယ်။
zawgyi
MMA Sports ကို ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ လူႀကိဳက္မ်ားလာတာ ႏွစ္သိပ္မၾကာလွေသးပါဘူး။ ၿပီးခဲ့တဲ့ ၅ ႏွစ္ ၆ ႏွစ္ေလာက္ကမွ စၿပီး ေခတ္စားလာခဲ့တာ ျဖစ္လို႔ ဘက္စုံကိုယ္ခံတိုက္ခိုက္ေရးပညာ MMA အေၾကာင္း ေျပာစရာေတြက အမ်ားႀကီးပါပဲ။ ဒီလို ေျပာစရာေတြထဲကမွ ဒီတစ္ေခါက္မွာ လက္ရွိ MMA အားကစားသမားေတြထဲကမွ အခ်မ္းသာဆုံး ဖိုက္တာ ၅ ေယာက္အေၾကာင္း မွ်ေဝေပးလိုက္ပါတယ္။
(၁) Cornor McGregor
အိုင္ယာလန္ MMA ဖိုက္တာ ေကာ္နာမက္ဂရီေဂၚကေတာ့ မိတ္ဆက္စရာလိုမယ္ မထင္ပါဘူး။ UFC ဖယ္သာဝိတ္နဲ႔ လိုက္ဝိတ္ခ်န္ပီယံရွစ္ေတြမွာ သူ႔ရဲ႕ MMA ေအာင္ျမင္မႈကို အထင္းသား ေတြ႕ျမင္ရမွာပါ။ နာမည္ေက်ာ္ ရႈံးပြဲမရွိလက္ေဝွ႔ေက်ာ္ ဖလြိဳက္ေမဝဲလ္သာနဲ႔ပါ ထိုးသတ္ခဲ့ဖူးတဲ့ UFC က ငစြာဖိုက္တာဟာ ဒီႏွစ္ ၂၀၂၁ မွာ ေဒၚလာသန္း ၁၂၀ ခန႔္ ခ်မ္းသာၿပီး အခ်မ္းသာဆုံး MMA ဖိုက္တာအျဖစ္ သတ္မွတ္ခံထားရပါတယ္။
(၂) Rorion Gracie
Photo: Twitter
႐ိုရီယြန္ ဂရာစီဟာ ဘရာဇီး-အေမရိကန္လူမ်ိဳး ဂ်ဴဂ်စ္ဆု ဂရန္းမာစတာတစ္ေယာက္ ျဖစ္သလို စာေရးဆရာ ၊ ထုတ္လုပ္သူ ၊ သင္တန္းဆရာနဲ႔ UFC (Ultimate Fighting Championship) ပူးတြဲတည္ေထာင္သူလည္း ျဖစ္ပါတယ္။ ဘရာဇီးသား ဂ်ဴဂ်စ္ဆုထဲမွာ ၉ ဆင့္ေျမာက္ ခါးပတ္နီရထားၿပီး ဒီလိုခါးပတ္ပိုင္ရွင္မ်ိဳးက ကမာၻေပၚမွာ သိပ္မ်ားမ်ားစားစား မရွိပါဘူး။ ဂရာစီဟာ MMA ဖိုက္တာေတြထဲမွာ အခ်မ္းသာဆုံးစာရင္းဝင္သူျဖစ္ၿပီး အသားတင္ ေဒၚလာသန္း ၅၀ ပိုင္ဆိုင္ထားပါတယ္။
(၃) Khabib Nurmagomedov
၂၀၂၀ မွာ MMA ေလာက ကေန အနားယူသြားၿပီ ျဖစ္တဲ့ ခါဘစ္ဟာ UFC ရဲ႕ သက္တမ္းအရွည္လ်ားဆုံး လိုက္ဝိတ္ခ်န္ပီယံတစ္ဦး ျဖစ္ပါတယ္။ ႐ုရွားလူမ်ိဳး MMA ဖိုက္တာ အေက်ာ္အေမာ္ဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အားကစားသမိုင္းမွာ ၂၉ ပြဲထိုးသတ္- ရႈံးပြဲမရွိမွတ္တမ္းစံခ်ိန္ကို ပိုင္ဆိုင္ထားတာပါ။ MMA ေလာကမွာ သူ႔ရဲ႕ ေအာင္ျမင္မႈကို အားလုံးက ေလးစားရပါတယ္။ အခုေတာ့ သူဟာ ႐ုရွား MMA အဖြဲ႕အစည္း Eagle Fighting Championships တစ္ခုကို တည္ေထာင္ထားပါတယ္။ MMA သမားေတြထဲမွာ တတိယအခ်မ္းသာဆုံးျဖစ္ၿပီး အသားတင္ ေဒၚလာသန္း ၄၀ ခန႔္ ခ်မ္းသာပါတယ္။
(၄) Georges St-Pierre
ကေနဒါလူမ်ိဳး MMA အားကစားသမား ေဂ်ာ့ခ်္ ပီယာရဲဟာ UFC ဝယ္လ္သာဝိတ္ခ်န္ပီယံ ၃ ႀကိမ္ရထားတဲ့ ဖိုက္တာ ျဖစ္ပါတယ္။ MMA ဖိုက္တာေတြထဲမွာ အႀကီးက်ယ္ဆုံးဖိုက္တာစာရင္းဝင္သူ ျဖစ္ပါတယ္။ ပီယာရဲဟာ UFC မွာတုန္းက မစ္ဒယ္ဝိတ္ေရာ ဝယ္သာဝိတ္ခ်န္ပီယံအျဖစ္ပါ စံခ်ိန္တင္ခဲ့ၿပီး ဒီႏွစ္အတိုင္းအတာနဲ႔ သူ႔ရဲ႕ အသားတင္ ပိုင္ဆိုင္မႈဟာ ေဒၚလာသန္း ၃၀ ခန႔္ ရွိပါတယ္။
(၅) Brock Lesnar
အေမရိကန္ပေရာ္ဖက္ရွင္နယ္ နပန္းသမားနဲ႔ MMA ကစားသမားေဟာင္းတစ္ဦး ျဖစ္တဲ့ ဘေရာ့ခ္ လက္စ္နာတစ္ေယာက္ကို MMA ထက္ နပန္းႀကိဳးဝိုင္းမွာပဲ ပိုလူသိမ်ားပါတယ္။ ဒါေပမယ့္လည္း MMA ေလာကမွာ လက္စ္နာဟာ ၂၀၀၈ ခုႏွစ္က UFC Heavyweight Championship ကို အႏိုင္ရခဲ့သူ ျဖစ္ပါတယ္။ နပန္းေလာကမွာ အႀကီးအက်ယ္ေအာင္ျမင္မႈရခဲ့သလို UFC မွာပါ ေအာင္ျမင္ခဲ့တဲ့ တစ္ဦးတည္းေသာ ဖိုက္တာပါပဲ။ ဘေရာ့ခ္ လက္စ္နာရဲ႕ အသားတင္ပိုင္ဆိုင္မႈဟာ ေဒၚလာ ၂၅ သန္း ခန႔္ ျဖစ္ပါတယ္။