ကိုယ်မသေခင်မှာ ပိုင်ဆိုင်သမျှအကုန်လှူဒါန်းတဲ့သူဟာ လက်ချိုးရေလို့ရလောက်အောင် နည်းပါးလှပါတယ်။ ဒီလို လူတွေထဲမှာမှ တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဖြစ်ခဲ့တဲ့ အင်ဒရူးကာနယ်ဂျီလည်း ပါဝင်ခဲ့ပါတယ်။ အင်ဒရူးကာနယ်ဂျီကို ၁၈၃၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မှာ စကော့တလန်နိုင်ငံ ဒန်ဖားမလင်း မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကလေးဘဝကတည်းက ဝါစက်ရုံနဲ့ ကြေးနန်းစက်ရုံတွေမှာ အလုပ်လုပ်ခဲ့တဲ့ ကာနယ်ဂျီဟာ အသက် ၂၃နှစ်အရွယ်မှာတော့ မီးရထား ဌာနခွဲတစ်ခုရဲ့ အရာရှိ ဖြစ်လာပါတယ်။
အဲ့ဒီနောက် ကိုယ်ပိုင် စီးပွားရေးတစ်ခုကို လုပ်ကိုင်ခဲ့ပြီး တဖြည်းဖြည်းကြီးပွားလာကာ နောက်ဆုံးတွင် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး နေရာကို ရယူခဲ့ပါတယ်။ ၁၉၀၁ ခုနှစ်မှာတော့ သူဌေးကြီး အင်ဒရူးရဲ့ လက်ထဲမှာ ဒေါ်လာ သန်း ၅၀၀ အထိ ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် အင်ဒရူးဟာ စီးပွားရေး လောကကနေ အနားယူပြီး သူ့ရဲ့ ပိုင်ဆိုင်မှုများကို စနစ်တကျ အသုံးပြုရန် စတင်စီစဉ်ခဲ့ပါတော့တယ်။
သူ့ရဲ့ စည်းစိမ်တွေကို လူ့လောကအတွက် အကျိုးရှိအောင် ဘယ်လိုအသုံချရမလဲဆိုတာ နက်နက်နဲနဲ စဉ်းစားပြီးနောက်ပိုင်းမှာတော့ ပညာရေးမှာ လှူဒါန်းရန် စတင်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ပထမဦးဆုံး လှူဒါန်းခဲ့တာကတော့ သူ့ရဲ့ဇာတိဖြစ်တဲ့ စကော့တလန်နိုင်ငံက တက္ကသိုလ်ကျောင်းကြီး လေးခုကို ဒေါ်လာ ၁၀သန်း လှူဒါန်းခဲ့ပါတယ်။ အဲ့နောက် အမေရိကန်နိုင်ငံရှိ ပစ္စဗတ်မြို့နှင့် ဝါရှင်တန်မြို့များတွင်လည်း ကာနက်ဂီအမည်ဖြင့် ပညာရေးမြှင့်တင်တဲ့ အဖွဲ့တွေကို တည်ထောင်ပေးခဲ့ပြီး သူမွေးဖွားတဲ့ မြို့ကလေးမှာလည်း စာသင်ကျောင်းများအတွက် ဒေါ်လာသန်းပေါင်းများစွာလှူဒါန်းခဲ့ပါတယ်။
Zawgyi
ကိုယ္မေသခင္မွာ ပိုင္ဆိုင္သမွ်အကုန္လႉဒါန္းတဲ့သူဟာ လက္ခ်ိဳးေရလို႔ရေလာက္ေအာင္ နည္းပါးလွပါတယ္။ ဒီလို လူေတြထဲမွာမွ တစ္ခ်ိန္က ကမာၻ႔အခ်မ္းသာဆုံး သူေဌးႀကီး ျဖစ္ခဲ့တဲ့ အင္ဒ႐ူးကာနယ္ဂ်ီလည္း ပါဝင္ခဲ့ပါတယ္။ အင္ဒ႐ူးကာနယ္ဂ်ီကို ၁၈၃၅ ခုႏွစ္ ႏိုဝင္ဘာလ ၂၅ ရက္ေန႔ မွာ စေကာ့တလန္ႏိုင္ငံ ဒန္ဖားမလင္း ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ကေလးဘဝကတည္းက ဝါစက္႐ုံနဲ႔ ေၾကးနန္းစက္႐ုံေတြမွာ အလုပ္လုပ္ခဲ့တဲ့ ကာနယ္ဂ်ီဟာ အသက္ ၂၃ႏွစ္အ႐ြယ္မွာေတာ့ မီးရထား ဌာနခြဲတစ္ခုရဲ႕ အရာရွိ ျဖစ္လာပါတယ္။
အဲ့ဒီေနာက္ ကိုယ္ပိုင္ စီးပြားေရးတစ္ခုကို လုပ္ကိုင္ခဲ့ၿပီး တျဖည္းျဖည္းႀကီးပြားလာကာ ေနာက္ဆုံးတြင္ ကမာၻ႔အခ်မ္းသာဆုံး သူေဌးႀကီး ေနရာကို ရယူခဲ့ပါတယ္။ ၁၉၀၁ ခုႏွစ္မွာေတာ့ သူေဌးႀကီး အင္ဒ႐ူးရဲ႕ လက္ထဲမွာ ေဒၚလာ သန္း ၅၀၀ အထိ ပိုင္ဆိုင္ေနခဲ့ၿပီ ျဖစ္ပါတယ္။ ေနာက္ပိုင္းတြင္ အင္ဒ႐ူးဟာ စီးပြားေရး ေလာကကေန အနားယူၿပီး သူ႔ရဲ႕ ပိုင္ဆိုင္မႈမ်ားကို စနစ္တက် အသုံးျပဳရန္ စတင္စီစဥ္ခဲ့ပါေတာ့တယ္။
သူ႔ရဲ႕ စည္းစိမ္ေတြကို လူ႔ေလာကအတြက္ အက်ိဳးရွိေအာင္ ဘယ္လိုအသုံခ်ရမလဲဆိုတာ နက္နက္နဲနဲ စဥ္းစားၿပီးေနာက္ပိုင္းမွာေတာ့ ပညာေရးမွာ လႉဒါန္းရန္ စတင္ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ ပထမဦးဆုံး လႉဒါန္းခဲ့တာကေတာ့ သူ႔ရဲ႕ဇာတိျဖစ္တဲ့ စေကာ့တလန္ႏိုင္ငံက တကၠသိုလ္ေက်ာင္းႀကီး ေလးခုကို ေဒၚလာ ၁၀သန္း လႉဒါန္းခဲ့ပါတယ္။ အဲ့ေနာက္ အေမရိကန္ႏိုင္ငံရွိ ပစၥဗတ္ၿမိဳ႕ႏွင့္ ဝါရွင္တန္ၿမိဳ႕မ်ားတြင္လည္း ကာနက္ဂီအမည္ျဖင့္ ပညာေရးျမႇင့္တင္တဲ့ အဖြဲ႕ေတြကို တည္ေထာင္ေပးခဲ့ၿပီး သူေမြးဖြားတဲ့ ၿမိဳ႕ကေလးမွာလည္း စာသင္ေက်ာင္းမ်ားအတြက္ ေဒၚလာသန္းေပါင္းမ်ားစြာလႉဒါန္းခဲ့ပါတယ္။