Mon. May 23rd, 2022

အောင်မြင်မှုကို ရယူပိုင်ဆိုင်ချင်တဲ့ ယောကျာ်းများအတွက် အဓိက လိုအပ်တဲ့ လျှို့ဝှက်ချက် (၅) ခုရှိပါတယ်။ ထိုလျှို့ဝှက်ချက် (၅) ခုကို မိမိလက်ထဲမှာ အရယူထားနိုင်မှသာ အောင်မြင်မှုအသီးအပွင့်ကို ခံစားနိုင်မှာဖြစ်ပါတယ်။

ထိုလျှို့ဝှက်ချက် (၅) ခုက ဘာဖြစ်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

စိတ်ဆုံးဖြတ်ချက်

မိမိရဲ့ရည်ရွယ်ချက် ဆုံးဖြတ်ချက်က ပြတ်သားခိုင်မာဖို့ လိုအပ်ပါတယ်။ အတားအဆီးများ၊ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရပေမယ့် လက်မလျော့ဘဲ အဆုံးအထိ မရပ်မနား သွားမှသာလျှင် ကိုယ့်ရဲ့ပန်းတိုင်ဆီသို့ ချီတက်နိုင်မှာဖြစ်ပါတယ်။

အရည်အချင်း

ဆုံးဖြတ်ချက် ပြတ်သားခြင်းနှင့် အရည်အချင်း ပြည့်မှီခြင်းတို့က ဒွန်တွဲနေကြပါတယ်။ မိမိရဲ့အချိန်နှင့် ခွန်အား စိုက်ထုတ်မှုမရှိဘဲ အရည်အချင်းများ တိုးတက်လာမှာမဟုတ်ပါဘူး။ အလုပ်တစ်ခု (သို့) နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်တတ်မြောက်ဖို့ရန်အတွက် နာရီပေါင်း တစ်သောင်းခန့် လိုအပ်တယ်လို့ Malcolm Gladwell က ပြောကြားထားပါတယ်။

စိတ်ပါဝင်စားမှုရှိခြင်း

 


အလုပ်တစ်ခုမှာ နာရီပေါင်းများစွာ စိတ်နှစ်ထားနိုင်ဖို့ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် လေ့ကျင့်နိုင်ဖို့အတွက်ဆိုရင် ထိုအလုပ်မှာ သင့်ရဲ့စိတ်ဝါသနာကို မြှုပ်နှံထားဖို့လိုအပ်ပါတယ်။ မိမိ ဝါသနာပါမှသာလျှင် ထိုအလုပ်ကို ပျော်ပျော်ရွှင်ရွှင်နှင့် စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်မှာပါ။

စည်းကမ်းရှိခြင်း

သင့်မှာ ဘယ်လောက်မှာ စိတ်ပါဝင်စားမှုရှိနေပါစေ တခါတရံမှာ ပျင်းရိတတ်တဲ့စိတ်ကလေး စွဲကပ်တတ်ပါတယ်။ ထိုပျင်းရိစိတ်ကို နေရာပေးလိုက်လို့မရပါဘူး။ စိတ်အား ထက်သန်မယ့်အချိန်ကို စောင့်နေမယ်ဆိုရင် အချိန်ကုန်တာပဲအဖတ်တင်သွားပါလိမ့်မယ်။ ဒီနေ့ရဲ့ ရုန်းကန်မှုသည် မနက်ဖြန်အတွက် ခွန်အားတွေဖြစ်လာနိုင်တယ်ဆိုတာကို သတိရလိုက်ပါ။

ကံကောင်းခြင်း

အအောင်မြင်ဆုံးလူတွေကို မေးခွန်းမေးကြည့်လိုက်ပါ။ သူတို့ ကံကောင်းလို့သာ အောင်မြင်လာတာဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ ဖြေဆိုတတ်ကြပါတယ်။ တချို့ကျတော့ သူတို့ရဲ့ပျင်းရိမှုကို မဝန်ခံကြဘဲ ကံမကောင်းသေးလို့ပါဆိုပြီး ဆင်ခြေပေးတတ်ကြပါတယ်။ ကံကောင်းခြင်းသည် နည်းလမ်းအမျိုးမျိုးဖြင့် လာတတ်ပါတယ်။ မျိုးရိုးကြောင့်၊ လူမှုဆက်ဆံရေး ကောင်းခြင်းကြောင့်၊ အချိန်ကိုက် ဖြစ်ပေါ်မှုကြောင့် စသည့်ပုံစံအမျိုးမျိုးရှိကြပါတယ်။

သင့်ကိုယ်သင် ကံကောင်းတယ်လို့ ယူဆရင် ထိုကံကောင်းခြင်းအတွက် ကျေးဇူးတင်လိုက်ပါ။ အလုပ်ကို အရင်ကထက် ပိုပြီး ကြိုးစားလိုက်ပါ။ ဒါဆိုရင်တော့ အောင်မြင်ခြင်းသည် သင့်အတွက်ပါပဲ။

 

 

Zawgyi

ေအာင္ျမင္မႈကို ရယူပိုင္ဆိုင္ခ်င္တဲ့ ေယာက်ာ္းမ်ားအတြက္ အဓိက လိုအပ္တဲ့ လွ်ိဳ႕ဝွက္ခ်က္ (၅) ခုရွိပါတယ္။ ထိုလွ်ိဳ႕ဝွက္ခ်က္ (၅) ခုကို မိမိလက္ထဲမွာ အရယူထားႏိုင္မွသာ ေအာင္ျမင္မႈအသီးအပြင့္ကို ခံစားႏိုင္မွာျဖစ္ပါတယ္။

ထိုလွ်ိဳ႕ဝွက္ခ်က္ (၅) ခုက ဘာျဖစ္မလဲဆိုတာကို အတူတူေလ့လာၾကည့္လိုက္ရေအာင္။

စိတ္ဆုံးျဖတ္ခ်က္

မိမိရဲ႕ရည္႐ြယ္ခ်က္ ဆုံးျဖတ္ခ်က္က ျပတ္သားခိုင္မာဖို႔ လိုအပ္ပါတယ္။ အတားအဆီးမ်ား၊ အခက္အခဲမ်ား ရင္ဆိုင္ႀကဳံေတြ႕ရေပမယ့္ လက္မေလ်ာ့ဘဲ အဆုံးအထိ မရပ္မနား သြားမွသာလွ်င္ ကိုယ့္ရဲ႕ပန္းတိုင္ဆီသို႔ ခ်ီတက္ႏိုင္မွာျဖစ္ပါတယ္။

အရည္အခ်င္း

ဆုံးျဖတ္ခ်က္ ျပတ္သားျခင္းႏွင့္ အရည္အခ်င္း ျပည့္မွီျခင္းတို႔က ဒြန္တြဲေနၾကပါတယ္။ မိမိရဲ႕အခ်ိန္ႏွင့္ ခြန္အား စိုက္ထုတ္မႈမရွိဘဲ အရည္အခ်င္းမ်ား တိုးတက္လာမွာမဟုတ္ပါဘူး။ အလုပ္တစ္ခု (သို႔) နယ္ပယ္တစ္ခုမွာ ကြၽမ္းက်င္တတ္ေျမာက္ဖို႔ရန္အတြက္ နာရီေပါင္း တစ္ေသာင္းခန႔္ လိုအပ္တယ္လို႔ Malcolm Gladwell က ေျပာၾကားထားပါတယ္။

စိတ္ပါဝင္စားမႈရွိျခင္း

အလုပ္တစ္ခုမွာ နာရီေပါင္းမ်ားစြာ စိတ္ႏွစ္ထားႏိုင္ဖို႔ ေန႔စဥ္၊ လစဥ္၊ ႏွစ္စဥ္ ေလ့က်င့္ႏိုင္ဖို႔အတြက္ဆိုရင္ ထိုအလုပ္မွာ သင့္ရဲ႕စိတ္ဝါသနာကို ျမႇဳပ္ႏွံထားဖို႔လိုအပ္ပါတယ္။ မိမိ ဝါသနာပါမွသာလွ်င္ ထိုအလုပ္ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ စိတ္ေအးခ်မ္းသာစြာ လုပ္ေဆာင္ႏိုင္မွာပါ။

စည္းကမ္းရွိျခင္း

သင့္မွာ ဘယ္ေလာက္မွာ စိတ္ပါဝင္စားမႈရွိေနပါေစ တခါတရံမွာ ပ်င္းရိတတ္တဲ့စိတ္ကေလး စြဲကပ္တတ္ပါတယ္။ ထိုပ်င္းရိစိတ္ကို ေနရာေပးလိုက္လို႔မရပါဘူး။ စိတ္အား ထက္သန္မယ့္အခ်ိန္ကို ေစာင့္ေနမယ္ဆိုရင္ အခ်ိန္ကုန္တာပဲအဖတ္တင္သြားပါလိမ့္မယ္။ ဒီေန႔ရဲ႕ ႐ုန္းကန္မႈသည္ မနက္ျဖန္အတြက္ ခြန္အားေတြျဖစ္လာႏိုင္တယ္ဆိုတာကို သတိရလိုက္ပါ။

ကံေကာင္းျခင္း

အေအာင္ျမင္ဆုံးလူေတြကို ေမးခြန္းေမးၾကည့္လိုက္ပါ။ သူတို႔ ကံေကာင္းလို႔သာ ေအာင္ျမင္လာတာဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ကာ ေျဖဆိုတတ္ၾကပါတယ္။ တခ်ိဳ႕က်ေတာ့ သူတို႔ရဲ႕ပ်င္းရိမႈကို မဝန္ခံၾကဘဲ ကံမေကာင္းေသးလို႔ပါဆိုၿပီး ဆင္ေျခေပးတတ္ၾကပါတယ္။ ကံေကာင္းျခင္းသည္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ လာတတ္ပါတယ္။ မ်ိဳး႐ိုးေၾကာင့္၊ လူမႈဆက္ဆံေရး ေကာင္းျခင္းေၾကာင့္၊ အခ်ိန္ကိုက္ ျဖစ္ေပၚမႈေၾကာင့္ စသည့္ပုံစံအမ်ိဳးမ်ိဳးရွိၾကပါတယ္။

သင့္ကိုယ္သင္ ကံေကာင္းတယ္လို႔ ယူဆရင္ ထိုကံေကာင္းျခင္းအတြက္ ေက်းဇူးတင္လိုက္ပါ။ အလုပ္ကို အရင္ကထက္ ပိုၿပီး ႀကိဳးစားလိုက္ပါ။ ဒါဆိုရင္ေတာ့ ေအာင္ျမင္ျခင္းသည္ သင့္အတြက္ပါပဲ။

 

Leave a Reply

Your email address will not be published.