Mon. May 23rd, 2022

စိတ်ဝင်စားစရာမကောင်းဘဲ ငြီးငွေ့နေတယ်လို့ ခံစားရတဲ့အချိန်တွေ ကြုံလာတဲ့အခါ ဘဝက စိတ်ပျက်စရာဆိုတာထက် ပိုလာပါတယ်။ ကျွန်တော်တို့တတွေဟာ လူပီပီ ခံစားချက်အနိမ့်အမြင့်ရှိတတ်စမြဲပါ။ ဒါကြောင့် စိတ်ပျက်ငြီးငွေ့တယ်ဆိုတာလည်း ကြုံနိုင်တဲ့ ဓမ္မတာပါပဲ။ အရေးကြီးတာက ငြီးငွေ့ပင်ပန်းတယ်လို့ ခံစားနေရရင် ကိုယ့်ကိုယ့်ကိုယ် အကောင်းဆုံးကုစားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့နည်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) စိတ်ဝင်စားစရာကောင်းတဲ့ အလေ့အကျင့်လေးတွေ လုပ်ပါ


နေ့စဉ်ဘဝက ဒါပြီးရင်း ဒါပဲဆိုရင် မငြီးငွေ့ဘဲ နေပါတော့မလား။ ဘဝကို ငြီးငွေ့ချိန်မှာ အရာအားလုံး လွှတ်ချပစ်ချင်စိတ် ဖြစ်တတ်စမြဲပါ။ အဲ့ဒီစိတ်ကို လက်ခံပါ။ နောက်ပြီး ပျင်းစရာကောင်းတဲ့ အလုပ်တွေ ခဏနားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဝါသနာသစ်တစ်ခုလောက် လုပ်ကြည့်ဖို့ ပြောချင်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုတွေမှာ အသစ်အဆန်းလုပ်စရာလေးတွေ ထည့်ထည့် လုပ်သွားကြည့်ပါ။ မရောက်ဖူးသေးတဲ့ နေရာကို သွားတာတို့ ၊ မလုပ်ဘူးသေးတဲ့ အလုပ်တစ်ခုခု လုပ်တာတို့ဟာ သင့်စိတ်ကို ငြီးငွေ့မှု နယ်ကနေ လွတ်မြောက်ဖို့ ထိရောက်တဲ့ ကုစားနည်းတွေပါပဲ။

(၂) တန်ဖိုးရှိတာလေးတွေနဲ့ အချိန်ကုန်ပါစေ

Social Media ပေါ်က ပေါပေါပဲပဲ ပို့စ်တွေ ၊ အမနာပပြောတဲ့ ဗွီဒီယိုနဲ့ ဘယ်လိုမှ စိတ်ကို မချမ်းသာစေတဲ့ သတင်းတွေ Live တွေ ကြည့်တာ ရပ်လိုက်ပါ။ ပိုပြီး အဖိုးတန်တဲ့ အလုပ်ကလေးတွေ လုပ်ပြီး တစ်နေ့တာ အချိန်တွေကို ကုန်ဆုံးကြည့်ရအောင်။ ဥပမာ- တစ်ခါလာ မဲပြပုဆိုး ရိုးအီနေတဲ့ အကြောင်းအရာတွေကို ကြည့်မယ့်အစား ကိုယ့်အတွက် ပညာရပြီး အမြင်သစ်တွေ ဖွင့်နိုင်မယ့် Documentry ကြည့်တာ ၊ စာအုပ်သစ်တစ်အုပ် ဖတ်တာမျိုး လုပ်ပါ။ ဒါမှမဟုတ် ရပ်ရေးရွာရေး ပရဟိတဖြစ်စေမယ့်အလုပ်တွေ လုပ်ပါ။ အနည်းဆုံး ကိုယ်တတ်ထားတဲ့ ပညာကို အွန်လိုင်းကနေ အခမဲ့ ပြန်သင်ပေးတာမျိုးပေါ့။

(၃) ကိုယ့်ကို Confidence တက်စေမယ့် အလေ့အထတွေ မွေးပါ

မျှော်လင့်ချက်ရှိတဲ့ဘဝက ငြီးငွေ့စရာမရှိတဲ့ ဘဝပါပဲ။ မျှော်လင့်ချက်ဆိုတာ တစ်ခုခုရဖို့ တစ်နေရာရာ ရောက်ဖို့ ဆိုတာအပြင် ပိုကောင်းတဲ့အရာတွေ ရှိသေးတယ်ဆိုတာ သိတာ မျိုးပါ။ ဒီလို သိနေတာ တစ်နည်း မျှော်လင့်ချက် ရှိနေတာဟာ ဘဝကို ပျော်ရွှင်တက်ကြွလာစေမယ့်အချက်တစ်ချက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး စိတ်ခွန်အားဖြစ်ကာ ယုံကြည်မှုတိုးလာစေမယ့် အချက်ပါပဲ။ ဒီတော့ Confidence တိုးလာအောင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကျန်းမာမှု ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ထက်မြက်မှုတွေ ဖြစ်ဖို့ Physical & Mental Workout တွေ လုပ်ပါ။

ပျင်းလာပြီလို့ ခံစားရရင် ကိုယ့်ကို ကြီးပွားစေမယ့်အရာတစ်ခုခု ကိုယ့်အတွက် မျှော်လင့်ချက်တစ်ခုခုရှိတဲ့နေရာကို မော့ကြည့်ပြီး လှုပ်ရှားတတ်ဖို့ တိုက်တွန်းချင်ပါတယ်။

 

Zawgyi

ဘာမွမလုပ္ခ်င္ဘဲ ပ်င္းရိၿငီးေငြ႕တာကို ဒီလိုရွင္းလိုက္ပါ

စိတ္ဝင္စားစရာမေကာင္းဘဲ ၿငီးေငြ႕ေနတယ္လို႔ ခံစားရတဲ့အခ်ိန္ေတြ ႀကဳံလာတဲ့အခါ ဘဝက စိတ္ပ်က္စရာဆိုတာထက္ ပိုလာပါတယ္။ ကြၽန္ေတာ္တို႔တေတြဟာ လူပီပီ ခံစားခ်က္အနိမ့္အျမင့္ရွိတတ္စၿမဲပါ။ ဒါေၾကာင့္ စိတ္ပ်က္ၿငီးေငြ႕တယ္ဆိုတာလည္း ႀကဳံႏိုင္တဲ့ ဓမၼတာပါပဲ။ အေရးႀကီးတာက ၿငီးေငြ႕ပင္ပန္းတယ္လို႔ ခံစားေနရရင္ ကိုယ့္ကိုယ့္ကိုယ္ အေကာင္းဆုံးကုစားႏိုင္ဖို႔ ျဖစ္ပါတယ္။ ဒီအတြက္ ႐ိုးရွင္းလြယ္ကူၿပီး ထိေရာက္တဲ့နည္းေလးေတြ မွ်ေဝေပးခ်င္ပါတယ္။

(၁) စိတ္ဝင္စားစရာေကာင္းတဲ့ အေလ့အက်င့္ေလးေတြ လုပ္ပါ

ေန႔စဥ္ဘဝက ဒါၿပီးရင္း ဒါပဲဆိုရင္ မၿငီးေငြ႕ဘဲ ေနပါေတာ့မလား။ ဘဝကို ၿငီးေငြ႕ခ်ိန္မွာ အရာအားလုံး လႊတ္ခ်ပစ္ခ်င္စိတ္ ျဖစ္တတ္စၿမဲပါ။ အဲ့ဒီစိတ္ကို လက္ခံပါ။ ေနာက္ၿပီး ပ်င္းစရာေကာင္းတဲ့ အလုပ္ေတြ ခဏနားၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဝါသနာသစ္တစ္ခုေလာက္ လုပ္ၾကည့္ဖို႔ ေျပာခ်င္ပါတယ္။ ေန႔စဥ္လႈပ္ရွားမႈေတြမွာ အသစ္အဆန္းလုပ္စရာေလးေတြ ထည့္ထည့္ လုပ္သြားၾကည့္ပါ။ မေရာက္ဖူးေသးတဲ့ ေနရာကို သြားတာတို႔ ၊ မလုပ္ဘူးေသးတဲ့ အလုပ္တစ္ခုခု လုပ္တာတို႔ဟာ သင့္စိတ္ကို ၿငီးေငြ႕မႈ နယ္ကေန လြတ္ေျမာက္ဖို႔ ထိေရာက္တဲ့ ကုစားနည္းေတြပါပဲ။

(၂) တန္ဖိုးရွိတာေလးေတြနဲ႔ အခ်ိန္ကုန္ပါေစ

 

Social Media ေပၚက ေပါေပါပဲပဲ ပို႔စ္ေတြ ၊ အမနာပေျပာတဲ့ ဗြီဒီယိုနဲ႔ ဘယ္လိုမွ စိတ္ကို မခ်မ္းသာေစတဲ့ သတင္းေတြ Live ေတြ ၾကည့္တာ ရပ္လိုက္ပါ။ ပိုၿပီး အဖိုးတန္တဲ့ အလုပ္ကေလးေတြ လုပ္ၿပီး တစ္ေန႔တာ အခ်ိန္ေတြကို ကုန္ဆုံးၾကည့္ရေအာင္။ ဥပမာ- တစ္ခါလာ မဲျပပုဆိုး ႐ိုးအီေနတဲ့ အေၾကာင္းအရာေတြကို ၾကည့္မယ့္အစား ကိုယ့္အတြက္ ပညာရၿပီး အျမင္သစ္ေတြ ဖြင့္ႏိုင္မယ့္ Documentry ၾကည့္တာ ၊ စာအုပ္သစ္တစ္အုပ္ ဖတ္တာမ်ိဳး လုပ္ပါ။ ဒါမွမဟုတ္ ရပ္ေရး႐ြာေရး ပရဟိတျဖစ္ေစမယ့္အလုပ္ေတြ လုပ္ပါ။ အနည္းဆုံး ကိုယ္တတ္ထားတဲ့ ပညာကို အြန္လိုင္းကေန အခမဲ့ ျပန္သင္ေပးတာမ်ိဳးေပါ့။

(၃) ကိုယ့္ကို Confidence တက္ေစမယ့္ အေလ့အထေတြ ေမြးပါ

 

ေမွ်ာ္လင့္ခ်က္ရွိတဲ့ဘဝက ၿငီးေငြ႕စရာမရွိတဲ့ ဘဝပါပဲ။ ေမွ်ာ္လင့္ခ်က္ဆိုတာ တစ္ခုခုရဖို႔ တစ္ေနရာရာ ေရာက္ဖို႔ ဆိုတာအျပင္ ပိုေကာင္းတဲ့အရာေတြ ရွိေသးတယ္ဆိုတာ သိတာ မ်ိဳးပါ။ ဒီလို သိေနတာ တစ္နည္း ေမွ်ာ္လင့္ခ်က္ ရွိေနတာဟာ ဘဝကို ေပ်ာ္႐ႊင္တက္ႂကြလာေစမယ့္အခ်က္တစ္ခ်က္ပါပဲ။ ကိုယ့္ကိုယ္ကိုယ္ ပိုၿပီး စိတ္ခြန္အားျဖစ္ကာ ယုံၾကည္မႈတိုးလာေစမယ့္ အခ်က္ပါပဲ။ ဒီေတာ့ Confidence တိုးလာေအာင္ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္က်န္းမာမႈ ၊ စိတ္ပိုင္းဆိုင္ရာ တိုးတက္ထက္ျမက္မႈေတြ ျဖစ္ဖို႔ Physical & Mental Workout ေတြ လုပ္ပါ။

ပ်င္းလာၿပီလို႔ ခံစားရရင္ ကိုယ့္ကို ႀကီးပြားေစမယ့္အရာတစ္ခုခု ကိုယ့္အတြက္ ေမွ်ာ္လင့္ခ်က္တစ္ခုခုရွိတဲ့ေနရာကို ေမာ့ၾကည့္ၿပီး လႈပ္ရွားတတ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

 

 

Leave a Reply

Your email address will not be published.