Sun. May 22nd, 2022

ကမ္ဘာကျော်မင်းသားကြီး မော်ဂန်ဖရီးမန်းရဲ့မှတ်သားစရာ စကားတွေ

မော်ဂန်ဖရီးမန်းလို့ ပြောလိုက်ရင် လူတွေ အရင်ဆုံး မှတ်မိတတ်ကြတာက သူ့ရဲ့ ဩဇာရှိပြီး ဆွဲဆောင်အားကောင်းတဲ့ အသံဖြစ်ပါလိမ့်မယ်။ တချို့သူတွေအတွက် မော်ဂန်ဖရီးမန်းဆိုတာ Unforgiven ၊ Glory ၊ Million Dollar Baby ၊ The Shawshank Redemption ၊ Invictus ကားတွေမှာ ပြောင်ပြောင်မြောက်မြောက် မှတ်တမ်းတင်လောက်အောင် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးအဖြစ် အမှတ်ရနေပါလိမ့်မယ်။

ဘာပဲပြောပြော ကျွန်တော်တို့ သဘောအကျဆုံး မင်းသားကြီးဆိုတာကိုတော့ အားလုံးက လက်ခံကြရပါလိမ့်မယ်။ မော်ဂန်ဖရီးမန်းလို အင်မတန်တော်တဲ့ သရုပ်ဆောင် ၊ ဒါရိုက်တာ နဲ့ သဘာဝဘေးဒဏ်ခံစားနေရသူတွေကို ကူညီနေတဲ့ Grenada Relief Fund တည်ထောင်သူတစ်ယောက်ရဲ့ စကားတွေကို တစ်ဆင့်ကြားရတာဟာ အားတက်စရာ ၊ မှတ်သားနာယူကျင့်သုံးစရာ ဖြစ်ပါလိမ့်မယ်။

ကဲ ဒီတော့ မင်းသားကြီး ပြောခဲ့တဲ့ မှတ်သားထိုက်စရာ စကားတချို့အကြောင်း ပြန်ဖောက်သည်ချလိုက်ပါတယ်။

“ဘာအလှုပ်အခတ်မှမရှိ တည်ငြိမ်နေတဲ့နည်းလမ်းကို လေ့လာပါ။ တကယ့်တည်ငြိမ်မှုအစစ်ပေါ့။ ဘဝကို သူ့အတိုင်းသား ဖြစ်ပါစေ။ ဘာကြောင့်မှ မလှုပ်ခတ်ဘဲ ငြိမ်နေခြင်းက အလင်းတစ်ခုဖြစ်လာမယ်”။

ဒီအကြောင်းအရာကို ဘယ်နေရာမှာ ပြောခဲ့သလဲဆိုတာ မသိပေမယ့် အရေးကြီးတယ်လို့ ခံစားရပါတယ်။ မုန်တိုင်းထန်တဲ့ဘဝပင်လယ်မှာ တည်ငြိမ်တဲ့သင်္ဘောဟာ ပင်လယ်ပြင်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်မယ်ဆိုတဲ့ စကားရှိပါတယ်။ လောကဓံနဲ့ ရင်ဆိုင်ချိန်မှာ မော်ဂန်ဖရီးမန်းပြောတဲ့ တည်ငြိမ်မှုရှိဖို့ သိပ်လိုတယ်ဆိုတာ တွေ့လာရပါလိမ့်မယ်။

“လူတွေဟာ ရုပ်ရှင်ထဲမှာ သူတို့ထည့်လိုက်တဲ့ မက်ဆေ့ချ်တွေအကြောင်း တွေးဖို့လိုလာပြီ”

ရုပ်ရှင်တစ်ကားကြည့်ပြီး ဘာရလိုက်သလဲဆိုတဲ့ အတွေးမျိုး တွေးဖူးပါသလား။ ရုပ်ရှင်ဆိုတာကလည်း သန်းနဲ့ ချီအကုန်အကျခံထားတဲ့ တန်ကြေးကြီး အနုပညာတစ်မျိုးပါ။ ကြည့်တတ်ရင် အနုပညာက ပေးတဲ့ ရသကို ရနိုင်ပါတယ်။ ဒီရသဟာ ဘဝမှာ အသုံးချနိုင်တဲ့ သတင်းစကားဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရုပ်ရှင်တွေက ပေးတဲ့ မက်ဆေ့ကို ဘယ်လိုဘာသာပြန်မိကြပြီလဲ။

“ကျွန်တော့်ကလေးတွေကို အမြဲပြောလေ့ရှိတာ တစ်ခု ရှိပါတယ်။ သားတို့သမီးတို့ အရှုံးပေးအညံ့ခံနေမယ်ဆိုရင် လူတွေက မင်းတို့ပေါ် နင်းကျော်သွားလိမ့်မယ်။ ဒါပေမယ့် မင်းတို့သာ ရုန်းကန်ကုတ်ခြစ်တက်နေမယ် ၊ မနားတမ်း ကြိုးစားနေမယ်ဆိုရင် မင်းတို့ကို လက်ကမ်းကူညီမယ့်သူတစ်ယောက်ယောက် အမြဲ ရှိလာမယ်ဆိုတာပါပဲ။ မင်းခြေထောက်တွေကတော့ ဆက်လှုပ်နေရမှာပေါ့”

ဒီစကားဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အသုံးဝင်တဲ့ စကားတစ်ရပ်ပါ။ တကယ်လည်း မှန်ပါတယ်။ အသနားခံနေတဲ့သူတွေကို လူတွေ ဘယ်လို ဆက်ဆံကြသလဲ။ ကိုယ်လိုချင်တဲ့ ဘဝအတွက် ယုံကြည်မှုအပြည့်နဲ့ အရှုံးမပေးတမ်း ကြိုးစားနေတဲ့သူဟာ သူ့အတွက် လမ်းတွေ ပွင့်လာတတ်ပါတယ်။ တံခါးတွေ ဖွင့်ပေးမယ့်သူတွေ ပေါ်လာတတ်ပါတယ်။

“ရှုံးမှာ သေချာချင်ရင် အကောင်းဆုံးနည်းက မကြိုးစားဘဲ လက်လျှော့လိုက်ဖို့ပဲ”

ပြောင်းပြန်ပြောရရင် အောင်မြင်ချင်ရင် ၊ အနိုင်ရချင်ရင် ကြိုးစားတာကို ဘယ်တော့မှ မလျှော့ဖို့ပဲလို့ ဖြစ်ပါလိမ့်မယ်။ ဘဝမှာ ထိပ်တန်းရောက် အောင်မြင်ချင်ရင် ရှုံးမှာကို မကြောက်ဖို့ ၊ ဘယ်တော့မှ လက်မလျှော့ဖို့ လိုပါတယ်။ တစ်ခါတလေမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကြိုဆိုတတ်ဖို့ပါ လိုတတ်ပါတယ်။ အကြောင်းရင်းတစ်ခုက အရှုံး ၊ စိန်ခေါ်မှုနဲ့ အပြောင်းအလဲသစ်တွေက ကျွန်တော်တို့ရဲ့ တန်ဖိုးကို ပိုတက်စေလို့ ဖြစ်ပါတယ်။

“ကျွန်တော်တို့ လူတွေဟာ ဖြစ်ခြင်းသဘောထက် ရှိခြင်းတရားပေါ်မှာ ပိုစိတ်ပူနေကြတယ်”

လူတစ်ယောက်ရဲ့ ဘဝမှာ လိုအပ်တာတွေ အများကြီးပါပဲ။ ပိုက်ဆံချမ်းသာဖို့ လိုတယ်။ ပညာတတ်ဖို့ လိုတယ်။ အလုပ်အကိုင်ကောင်းရဖို့ လိုတယ်။ ဇနီးခင်ပွန်းကောင်း ရဖို့ လိုတယ်။ နာမည်ကောင်းရဖို့ လိုတယ်။ လူတွေ အသိအမှတ်ပြုခံရဖို့ လိုတယ်။ လိုအပ်ချက်တွေ သိပ်များတဲ့ လောကကြီးထဲက လောကသားတွေလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်တို့ မေ့နေတာတစ်ခုက ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုပေါ် ပျော်ရွှင်နိုင်ပြီလားဆိုတာပါပဲ။

 

 

 

Zawgyi

ကမာၻေက်ာ္မင္းသားႀကီး ေမာ္ဂန္ဖရီးမန္းရဲ႕မွတ္သားစရာ စကားေတြ

ေမာ္ဂန္ဖရီးမန္းလို႔ ေျပာလိုက္ရင္ လူေတြ အရင္ဆုံး မွတ္မိတတ္ၾကတာက သူ႔ရဲ႕ ဩဇာရွိၿပီး ဆြဲေဆာင္အားေကာင္းတဲ့ အသံျဖစ္ပါလိမ့္မယ္။ တခ်ိဳ႕သူေတြအတြက္ ေမာ္ဂန္ဖရီးမန္းဆိုတာ Unforgiven ၊ Glory ၊ Million Dollar Baby ၊ The Shawshank Redemption ၊ Invictus ကားေတြမွာ ေျပာင္ေျပာင္ေျမာက္ေျမာက္ မွတ္တမ္းတင္ေလာက္ေအာင္ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသားႀကီးအျဖစ္ အမွတ္ရေနပါလိမ့္မယ္။

ဘာပဲေျပာေျပာ ကြၽန္ေတာ္တို႔ သေဘာအက်ဆုံး မင္းသားႀကီးဆိုတာကိုေတာ့ အားလုံးက လက္ခံၾကရပါလိမ့္မယ္။ ေမာ္ဂန္ဖရီးမန္းလို အင္မတန္ေတာ္တဲ့ သ႐ုပ္ေဆာင္ ၊ ဒါ႐ိုက္တာ နဲ႔ သဘာဝေဘးဒဏ္ခံစားေနရသူေတြကို ကူညီေနတဲ့ Grenada Relief Fund တည္ေထာင္သူတစ္ေယာက္ရဲ႕ စကားေတြကို တစ္ဆင့္ၾကားရတာဟာ အားတက္စရာ ၊ မွတ္သားနာယူက်င့္သုံးစရာ ျဖစ္ပါလိမ့္မယ္။

ကဲ ဒီေတာ့ မင္းသားႀကီး ေျပာခဲ့တဲ့ မွတ္သားထိုက္စရာ စကားတခ်ိဳ႕အေၾကာင္း ျပန္ေဖာက္သည္ခ်လိုက္ပါတယ္။

 

“ဘာအလႈပ္အခတ္မွမရွိ တည္ၿငိမ္ေနတဲ့နည္းလမ္းကို ေလ့လာပါ။ တကယ့္တည္ၿငိမ္မႈအစစ္ေပါ့။ ဘဝကို သူ႔အတိုင္းသား ျဖစ္ပါေစ။ ဘာေၾကာင့္မွ မလႈပ္ခတ္ဘဲ ၿငိမ္ေနျခင္းက အလင္းတစ္ခုျဖစ္လာမယ္”။

ဒီအေၾကာင္းအရာကို ဘယ္ေနရာမွာ ေျပာခဲ့သလဲဆိုတာ မသိေပမယ့္ အေရးႀကီးတယ္လို႔ ခံစားရပါတယ္။ မုန္တိုင္းထန္တဲ့ဘဝပင္လယ္မွာ တည္ၿငိမ္တဲ့သေဘၤာဟာ ပင္လယ္ျပင္ကို ေအာင္ေအာင္ျမင္ျမင္ ျဖတ္သန္းႏိုင္မယ္ဆိုတဲ့ စကားရွိပါတယ္။ ေလာကဓံနဲ႔ ရင္ဆိုင္ခ်ိန္မွာ ေမာ္ဂန္ဖရီးမန္းေျပာတဲ့ တည္ၿငိမ္မႈရွိဖို႔ သိပ္လိုတယ္ဆိုတာ ေတြ႕လာရပါလိမ့္မယ္။

“လူေတြဟာ ႐ုပ္ရွင္ထဲမွာ သူတို႔ထည့္လိုက္တဲ့ မက္ေဆ့ခ်္ေတြအေၾကာင္း ေတြးဖို႔လိုလာၿပီ”

႐ုပ္ရွင္တစ္ကားၾကည့္ၿပီး ဘာရလိုက္သလဲဆိုတဲ့ အေတြးမ်ိဳး ေတြးဖူးပါသလား။ ႐ုပ္ရွင္ဆိုတာကလည္း သန္းနဲ႔ ခ်ီအကုန္အက်ခံထားတဲ့ တန္ေၾကးႀကီး အႏုပညာတစ္မ်ိဳးပါ။ ၾကည့္တတ္ရင္ အႏုပညာက ေပးတဲ့ ရသကို ရႏိုင္ပါတယ္။ ဒီရသဟာ ဘဝမွာ အသုံးခ်ႏိုင္တဲ့ သတင္းစကားျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔႐ုပ္ရွင္ေတြက ေပးတဲ့ မက္ေဆ့ကို ဘယ္လိုဘာသာျပန္မိၾကၿပီလဲ။

“ကြၽန္ေတာ့္ကေလးေတြကို အၿမဲေျပာေလ့ရွိတာ တစ္ခု ရွိပါတယ္။ သားတို႔သမီးတို႔ အရႈံးေပးအညံ့ခံေနမယ္ဆိုရင္ လူေတြက မင္းတို႔ေပၚ နင္းေက်ာ္သြားလိမ့္မယ္။ ဒါေပမယ့္ မင္းတို႔သာ ႐ုန္းကန္ကုတ္ျခစ္တက္ေနမယ္ ၊ မနားတမ္း ႀကိဳးစားေနမယ္ဆိုရင္ မင္းတို႔ကို လက္ကမ္းကူညီမယ့္သူတစ္ေယာက္ေယာက္ အၿမဲ ရွိလာမယ္ဆိုတာပါပဲ။ မင္းေျခေထာက္ေတြကေတာ့ ဆက္လႈပ္ေနရမွာေပါ့”

ဒီစကားဟာ ကြၽန္ေတာ္တို႔ ေန႔စဥ္ဘဝမွာ အသုံးဝင္တဲ့ စကားတစ္ရပ္ပါ။ တကယ္လည္း မွန္ပါတယ္။ အသနားခံေနတဲ့သူေတြကို လူေတြ ဘယ္လို ဆက္ဆံၾကသလဲ။ ကိုယ္လိုခ်င္တဲ့ ဘဝအတြက္ ယုံၾကည္မႈအျပည့္နဲ႔ အရႈံးမေပးတမ္း ႀကိဳးစားေနတဲ့သူဟာ သူ႔အတြက္ လမ္းေတြ ပြင့္လာတတ္ပါတယ္။ တံခါးေတြ ဖြင့္ေပးမယ့္သူေတြ ေပၚလာတတ္ပါတယ္။

“ရႈံးမွာ ေသခ်ာခ်င္ရင္ အေကာင္းဆုံးနည္းက မႀကိဳးစားဘဲ လက္ေလွ်ာ့လိုက္ဖို႔ပဲ”

ေျပာင္းျပန္ေျပာရရင္ ေအာင္ျမင္ခ်င္ရင္ ၊ အႏိုင္ရခ်င္ရင္ ႀကိဳးစားတာကို ဘယ္ေတာ့မွ မေလွ်ာ့ဖို႔ပဲလို႔ ျဖစ္ပါလိမ့္မယ္။ ဘဝမွာ ထိပ္တန္းေရာက္ ေအာင္ျမင္ခ်င္ရင္ ရႈံးမွာကို မေၾကာက္ဖို႔ ၊ ဘယ္ေတာ့မွ လက္မေလွ်ာ့ဖို႔ လိုပါတယ္။ တစ္ခါတေလမွာ အခက္အခဲနဲ႔ စိန္ေခၚမႈေတြကို ႀကိဳဆိုတတ္ဖို႔ပါ လိုတတ္ပါတယ္။ အေၾကာင္းရင္းတစ္ခုက အရႈံး ၊ စိန္ေခၚမႈနဲ႔ အေျပာင္းအလဲသစ္ေတြက ကြၽန္ေတာ္တို႔ရဲ႕ တန္ဖိုးကို ပိုတက္ေစလို႔ ျဖစ္ပါတယ္။

 

“ကြၽန္ေတာ္တို႔ လူေတြဟာ ျဖစ္ျခင္းသေဘာထက္ ရွိျခင္းတရားေပၚမွာ ပိုစိတ္ပူေနၾကတယ္”

လူတစ္ေယာက္ရဲ႕ ဘဝမွာ လိုအပ္တာေတြ အမ်ားႀကီးပါပဲ။ ပိုက္ဆံခ်မ္းသာဖို႔ လိုတယ္။ ပညာတတ္ဖို႔ လိုတယ္။ အလုပ္အကိုင္ေကာင္းရဖို႔ လိုတယ္။ ဇနီးခင္ပြန္းေကာင္း ရဖို႔ လိုတယ္။ နာမည္ေကာင္းရဖို႔ လိုတယ္။ လူေတြ အသိအမွတ္ျပဳခံရဖို႔ လိုတယ္။ လိုအပ္ခ်က္ေတြ သိပ္မ်ားတဲ့ ေလာကႀကီးထဲက ေလာကသားေတြလို႔ ဆိုရပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ေမ့ေနတာတစ္ခုက ကြၽန္ေတာ္တို႔ရဲ႕ ျဖစ္တည္မႈေပၚ ေပ်ာ္႐ႊင္ႏိုင္ၿပီလားဆိုတာပါပဲ။

 

 

Leave a Reply

Your email address will not be published.