Sun. May 22nd, 2022

မိခင်ဘာသာစကားမဟုတ်တဲ့ ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ဖို့ဆိုတာ ထင်သလောက်လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ လေ့လာမှုပိုင်းမှာ စိတ်အားထက်သန်ဖို့လိုသလို လေ့ကျင်မှုပိုင်းမှာလည်း အားပိုစိုက်ထုတ်ရမှာဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ဘာသာစကားအသစ်တစ်ခုကို အချိန်တော်တော်ကြာလေ့လာနေပေမယ့် Speaking Skill မှာထင်သလောက်မတိုးတက်ဘူးလို့ ခံစားရသူတွေအတွက် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ရဲရဲပြောပါ

Speaking Skill တိုးတက်ဖို့ အဓိကအားဖြင့် များများပြောတဲ့အလေ့အကျင့်ကို မွေးမြူရမှာဖြစ်ပါတယ်။ မှားမှာကြောက်ပြီးမပြောပဲနေတာမျိုး ၊ ပြောမထွက်တာမျိုးမလုပ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရဲရဲတင်းတင်းသာအသံထွက်ပြောကြည့်ပါ။ အကယ်၍ လူတွေရှေ့မှာပြောရတာ မရဲသေးဘူးဆိုရင်တောင် မှန်ရှေ့မှာရပ်ပြီးစကားပြောတာ ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပြောတာ စသည်ဖြင့် လေ့ကျင့်ယူလို့ရပါတယ်။

(၂) လေ့လာသူအချင်းချင်းလေ့ကျင့်ပါ

သူလိုကိုယ်လို လေ့လာနေဆဲသူအချင်းချင်းပြောတာက အပြောစွမ်းရည်တိုးတက်စေဖို့ ကူညီပေးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့လာနေသူချင်းအတူတူဖြစ်တာကြောင့် စိတ်ထဲမှာရှိန်ပြီး ပြောမထွက်တာ မှားမှာကြောက်တာတွေသိပ်မဖြစ်တော့ပဲ များများပို လေ့ကျင့်ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မှားတာလေးတွေကို ထောက်ပြ ပြုပြင်ပေးခြင်းအားဖြင့်လည်း သူရောကိုယ်ပါ Speaking Skill တိုးတက်လာမှာဖြစ်ပါတယ်။

(၃) ရေး ၊ ဖတ် ၊ ပြော ၊ နားထောင်မှု အားလုံးလေ့လာပါ

ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောတက်နိုင်ဖို့ Speaking Skill တစ်ခုတည်းကိုပဲ လေ့လာနေရုံနဲ့ လုံလောက်တယ်လို့ပြောလို့မရပါဘူး။ ဘာသာစကားတစ်ခုမှာရှိတဲ့အခြေခံ Skill ၄ ခုလုံးက တစ်ခုနဲ့တစ်ခုအမြဲဆက်စပ်မှုရှိတဲ့အတွက် ရေး ၊ ဖတ် ၊ ပြော ၊ နားထောင်မှုဆိုတဲ့ 4 Skill ကို အားလုံးခြုံ ငုံလေ့လာသင့်တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လေ့လာနေတဲ့ဘာသာစကားနဲ့ပတ်သတ်ပြီး အပြောလေ့ကျင့်မှုအပြင် စာအုပ်ဖတ်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ ဗီဒီယိုဂိမ်းကစားတာ ၊ သီချင်းနားထောင်တာ ၊ စာအုပ်မှာချရေးတာတွေပါ လုပ်သင့်ပါတယ်။

(၄) စိတ်ရှည်ပါ

ဘာသားစကားအသစ်တစ်ခုကို ရက်ပိုင်းအတွင်းမှာတင် လုံးဝကျွမ်းကျင်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ လေ့လာမှုတွေကို တစိုက်မတ်မတ်လုပ်ဆောင်သွားရမှာဖြစ်သလို လက်တွေ့လေ့ကျင့်မှုပိုင်းမှာလည်း ပျင်းရိနေလို့မရပါဘူး။ အဓိကအားဖြင့် အချိန်ယူပြီး စိတ်ရှည်ရှည်လေ့လာသွားရမှာဖြစ်ပါတယ်။ ဒါမှလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့အဆင့်ကိုရောက်မှာဖြစ်ပြီး Native Speaker တစ်ယောက်လို သွက်သွက်လက်လက် ပြောဆိုနိုင်မှာဖြစ်ပါတယ်။

 

zawgyi

မိခင္ဘာသာစကားမဟုတ္တဲ့ ဘာသာစကားအသစ္တစ္ခုကို ကြၽမ္းကြၽမ္းက်င္က်င္ ေျပာဆိုႏိုင္ဖို႔ဆိုတာ ထင္သေလာက္လြယ္ကူတဲ့ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။ ေလ့လာမႈပိုင္းမွာ စိတ္အားထက္သန္ဖို႔လိုသလို ေလ့က်င္မႈပိုင္းမွာလည္း အားပိုစိုက္ထုတ္ရမွာျဖစ္ပါတယ္။ ဒီေန႔ေဆာင္းပါးေလးမွာေတာ့ ဘာသာစကားအသစ္တစ္ခုကို အခ်ိန္ေတာ္ေတာ္ၾကာေလ့လာေနေပမယ့္ Speaking Skill မွာထင္သေလာက္မတိုးတက္ဘူးလို႔ ခံစားရသူေတြအတြက္ နည္းလမ္းေကာင္းတခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။

(၁) ရဲရဲေျပာပါ

 

Speaking Skill တိုးတက္ဖို႔ အဓိကအားျဖင့္ မ်ားမ်ားေျပာတဲ့အေလ့အက်င့္ကို ေမြးျမဴရမွာျဖစ္ပါတယ္။ မွားမွာေၾကာက္ၿပီးမေျပာပဲေနတာမ်ိဳး ၊ ေျပာမထြက္တာမ်ိဳးမလုပ္ပဲ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္နဲ႔ ရဲရဲတင္းတင္းသာအသံထြက္ေျပာၾကည့္ပါ။ အကယ္၍ လူေတြေရွ႕မွာေျပာရတာ မရဲေသးဘူးဆိုရင္ေတာင္ မွန္ေရွ႕မွာရပ္ၿပီးစကားေျပာတာ ၊ အိမ္ေမြးတိရစာၦန္ေတြနဲ႔ ေျပာတာ စသည္ျဖင့္ ေလ့က်င့္ယူလို႔ရပါတယ္။

(၂) ေလ့လာသူအခ်င္းခ်င္းေလ့က်င့္ပါ

 

သူလိုကိုယ္လို ေလ့လာေနဆဲသူအခ်င္းခ်င္းေျပာတာက အေျပာစြမ္းရည္တိုးတက္ေစဖို႔ ကူညီေပးႏိုင္တဲ့နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ေလ့လာေနသူခ်င္းအတူတူျဖစ္တာေၾကာင့္ စိတ္ထဲမွာရွိန္ၿပီး ေျပာမထြက္တာ မွားမွာေၾကာက္တာေတြသိပ္မျဖစ္ေတာ့ပဲ မ်ားမ်ားပို ေလ့က်င့္ျဖစ္လာပါလိမ့္မယ္။ ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မွားတာေလးေတြကို ေထာက္ျပ ျပဳျပင္ေပးျခင္းအားျဖင့္လည္း သူေရာကိုယ္ပါ Speaking Skill တိုးတက္လာမွာျဖစ္ပါတယ္။

(၃) ေရး ၊ ဖတ္ ၊ ေျပာ ၊ နားေထာင္မႈ အားလုံးေလ့လာပါ

 

ဘာသာစကားတစ္ခုကို ကြၽမ္းကြၽမ္းက်င္က်င္ေျပာတက္ႏိုင္ဖို႔ Speaking Skill တစ္ခုတည္းကိုပဲ ေလ့လာေန႐ုံနဲ႔ လုံေလာက္တယ္လို႔ေျပာလို႔မရပါဘူး။ ဘာသာစကားတစ္ခုမွာရွိတဲ့အေျခခံ Skill ၄ ခုလုံးက တစ္ခုနဲ႔တစ္ခုအၿမဲဆက္စပ္မႈရွိတဲ့အတြက္ ေရး ၊ ဖတ္ ၊ ေျပာ ၊ နားေထာင္မႈဆိုတဲ့ 4 Skill ကို အားလုံးၿခဳံ ငုံေလ့လာသင့္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ေလ့လာေနတဲ့ဘာသာစကားနဲ႔ပတ္သတ္ၿပီး အေျပာေလ့က်င့္မႈအျပင္ စာအုပ္ဖတ္တာ ၊ ႐ုပ္ရွင္ၾကည့္တာ ၊ ဗီဒီယိုဂိမ္းကစားတာ ၊ သီခ်င္းနားေထာင္တာ ၊ စာအုပ္မွာခ်ေရးတာေတြပါ လုပ္သင့္ပါတယ္။

(၄) စိတ္ရွည္ပါ

 

ဘာသားစကားအသစ္တစ္ခုကို ရက္ပိုင္းအတြင္းမွာတင္ လုံးဝကြၽမ္းက်င္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး ။ ေလ့လာမႈေတြကို တစိုက္မတ္မတ္လုပ္ေဆာင္သြားရမွာျဖစ္သလို လက္ေတြ႕ေလ့က်င့္မႈပိုင္းမွာလည္း ပ်င္းရိေနလို႔မရပါဘူး။ အဓိကအားျဖင့္ အခ်ိန္ယူၿပီး စိတ္ရွည္ရွည္ေလ့လာသြားရမွာျဖစ္ပါတယ္။ ဒါမွလည္း ကြၽမ္းက်င္ပိုင္ႏိုင္တဲ့အဆင့္ကိုေရာက္မွာျဖစ္ၿပီး Native Speaker တစ္ေယာက္လို သြက္သြက္လက္လက္ ေျပာဆိုႏိုင္မွာျဖစ္ပါတယ္။

 

 

Leave a Reply

Your email address will not be published.