Sun. May 22nd, 2022

စိတ်ပညာရှင်တဦးရဲ့ အဆိုအရ အသက် ၂၀ ဝန်းကျင်အသက်အရွယ်ဟာ နောက်ထပ်ဆယ်စုနှစ်တွေကို သတ်မှတ်ပေးမယ့်အရွယ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဘဝရဲ့အရေးကြီးတဲ့ ကိုယ်ရည်ကိုယ် သွေးတွေနဲ့ သက်မွေးဝမ်းကျောင်းအတွက် တစုံတခုဖြစ်လာမယ့်အရွယ်ဖြစ်လို့ပါပဲ။ အောက်မှာပြောပြထားတဲ့အချက်တွေက သင့်ရဲ့ရှေ့လျောက်ဘဝခရီးလမ်းမှာ ပိုကောင်းတဲ့ဘဝဖြစ်လာဖို့ သင့်ကိုယ်သင်ပြောင်းလဲသင့်တဲ့အချက်တွေပါ။

(၁) ပန်းတိုင်တွေကိုချရေးပါ

 

သင့်ရဲ့အိမ်မက်ပန်းတိုင်တွေကိုချရေးတာက သင့်အတွက်ပိုသေချာစေပါတယ်လို့ ပညာရှင်တဦးကဆိုပါတယ်။ ဒါက သင့်စိတ်ထဲမှာရှိတဲ့ စိတ်ကူးမှန်သမျှကိုတကယ်ဖြစ်လာဖို့ တွန်းအားပေးနိုင်ဖို့ရည်ညွှန်းတဲ့ထင်သာ မြင်သာမှတ်တမ်းတခုဖြစ်စေပါတယ်။

(၂) သင့်ရဲ့ အတ္တကိုလွှတ်ချလိုက်ပါ

 

 

သင့်ရဲ့ အတ္တကိုဘယ်လိုလက်လွှတ်ရမလဲ ဆိုတာလေ့လာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင့်အတ္တက သင့်ရဲ့ဖြစ်နိုင်ခြေနဲ့တိုးတက်မှုတွေကို မျက်စိပိတ်နားပိတ်ဖြစ်စေလို့ပါ။ အကြောင်းအရာတွေက ငါထင်ထားသလိုမဟုတ်ဘူးဆိုရင် ဒါမှမဟုတ် ငါမှန်းတာမှားခဲ့ရင်ရော စသဖြင့် ကိုယ့်ရဲ့ယူဆချက်ကိုပဲအမြဲအမှန်ထင်နေတတ်တဲ့အကျင့်ကိုဖျောက်ဖို့ ဒီလိုရိုးရှင်းတဲ့မေးခွန်းတွေကိုယ့်ကိုယ်ကိုမေးလို့ရပါတယ်။

(၃) စာများများဖတ်ပါ

 

 

သင့်အနေနဲ့ ကျောင်းပြီးသွားရင်တောင် သင်မသိတာတွေအများကြီးရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့တချက်က စာများများဖတ်ပါ။ သင့်ကိုအသိပညာပေးတာပဲဖြစ်ဖြစ် အားကျအတုယူရစေတဲ့စာမျိုးတွေပဲဖြစ်ဖြစ်ဖတ်ပေးလို့ရပါတယ်။ စာဖတ်ခြင်းက ကျောင်းစာသင်ခန်းတွေမှာမသင်ခဲ့ရတဲ့အကြောင်းအရာတွေအများကြီးကို လေ့လာဖို့အကောင်းဆုံးနည်းလမ်းတခုပါ။

(၄) တခြားသူတယောက်ရဲ့ဘဝမှာရှင်သန်ဖို့ မကြိုးစားပါနဲ့

 

 

လူတော်တော်များများက သူတပါးရဲ့ မျှော်လင့်ချက်တွေ တန်ဖိုးထားမှုတွေနဲ့ကိုယ့်ရဲ့အောင်မြင်ကိုတိုင်းတာတတ်ကြပါတယ်။ ဒါပေမယ့် ဒါက သင့်ကို အမှန်တကယ်စိတ်ကျေနပ်မှုမပေးနိုင်ပါဘူး။ သင့်မှာ တခြားသူထက်ပိုကောင်းတဲ့အရာတခုရှိနိုင်သလို အဲ့ဒီအရာကသင့်အတွက်တခြားအရာတွေထက်ပိုအထောက်အကူပြုနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ပိုင်စည်းမျည်းတွေနဲ့ပဲနေပါ။ သင့်ကို လူတယောက်က ဒါမှမဟုတ် လူ့အဖွဲ့အစည်းကမျှော်လင့်ထားတဲ့အတိုင်း မနေပါနဲ့။

(၅) အတိတ်ကိုပြန်တွေးပြီး မကောင်းတာတွေမခံစားပါနဲ့

 

 

သင့်ပတ်ဝန်းကျင်လူတွေကိုကြည့်လိုက်ပါ တချို့က သူတို့ကိုယ်သူတို့ ငါသာ ဘဝကိုနောက်ကြောင်းပြန်လို့ရရင် ငါအဲ့အလုပ်ကိုလုပ်ခဲ့သင့်တယ်၊ ငါသာ ပညာသင်ခဲ့ရင် ရာထူးကောင်းကောင်းရမှာ ဒီမိန်းကလေးကိုသာ လက်ထပ်လို့ရခဲ့ရင် ငါပျော်ရွှင်ရမှာ စသဖြင့်အမြဲတမ်းနောင်တရစရာတွေကိုပဲရှာဖွေနေတယ်ဆိုရင် သူတို့ဘဝအနာဂတ်အခွင့်အလမ်းတိုင်းအတွက် ဆုံးဖြတ်ချက်လဲကောင်းကောင်းချနိုင်တော့မှာမဟုတ်ဘူး။ ဒါ့ကြောင့် သင့်ဘဝကိုအတိတ်မှာပဲနေရင်း မကောင်းတာတွေမခံစားပါနဲ့။

 

Zawgyi

စိတ္ပညာရွင္တဦးရဲ႕ အဆိုအရ အသက္ ၂၀ ဝန္းက်င္အသက္အ႐ြယ္ဟာ ေနာက္ထပ္ဆယ္စုႏွစ္ေတြကို သတ္မွတ္ေပးမယ့္အ႐ြယ္ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္ဘဝရဲ႕အေရးႀကီးတဲ့ ကိုယ္ရည္ကိုယ္ ေသြးေတြနဲ႔ သက္ေမြးဝမ္းေက်ာင္းအတြက္ တစုံတခုျဖစ္လာမယ့္အ႐ြယ္ျဖစ္လို႔ပါပဲ။ ေအာက္မွာေျပာျပထားတဲ့အခ်က္ေတြက သင့္ရဲ႕ေရွ႕ေလ်ာက္ဘဝခရီးလမ္းမွာ ပိုေကာင္းတဲ့ဘဝျဖစ္လာဖို႔ သင့္ကိုယ္သင္ေျပာင္းလဲသင့္တဲ့အခ်က္ေတြပါ။

(၁) ပန္းတိုင္ေတြကိုခ်ေရးပါ

 

 

သင့္ရဲ႕အိမ္မက္ပန္းတိုင္ေတြကိုခ်ေရးတာက သင့္အတြက္ပိုေသခ်ာေစပါတယ္လို႔ ပညာရွင္တဦးကဆိုပါတယ္။ ဒါက သင့္စိတ္ထဲမွာရွိတဲ့ စိတ္ကူးမွန္သမွ်ကိုတကယ္ျဖစ္လာဖို႔ တြန္းအားေပးႏိုင္ဖို႔ရည္ၫႊန္းတဲ့ထင္သာ ျမင္သာမွတ္တမ္းတခုျဖစ္ေစပါတယ္။

(၂) သင့္ရဲ႕ အတၱကိုလႊတ္ခ်လိုက္ပါ

 

သင့္ရဲ႕ အတၱကိုဘယ္လိုလက္လႊတ္ရမလဲ ဆိုတာေလ့လာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္အတၱက သင့္ရဲ႕ျဖစ္ႏိုင္ေျခနဲ႔တိုးတက္မႈေတြကို မ်က္စိပိတ္နားပိတ္ျဖစ္ေစလို႔ပါ။ အေၾကာင္းအရာေတြက ငါထင္ထားသလိုမဟုတ္ဘူးဆိုရင္ ဒါမွမဟုတ္ ငါမွန္းတာမွားခဲ့ရင္ေရာ စသျဖင့္ ကိုယ့္ရဲ႕ယူဆခ်က္ကိုပဲအၿမဲအမွန္ထင္ေနတတ္တဲ့အက်င့္ကိုေဖ်ာက္ဖို႔ ဒီလို႐ိုးရွင္းတဲ့ေမးခြန္းေတြကိုယ့္ကိုယ္ကိုေမးလို႔ရပါတယ္။

(၃) စာမ်ားမ်ားဖတ္ပါ

 

သင့္အေနနဲ႔ ေက်ာင္းၿပီးသြားရင္ေတာင္ သင္မသိတာေတြအမ်ားႀကီးရွိေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အေရးႀကီးတဲ့တခ်က္က စာမ်ားမ်ားဖတ္ပါ။ သင့္ကိုအသိပညာေပးတာပဲျဖစ္ျဖစ္ အားက်အတုယူရေစတဲ့စာမ်ိဳးေတြပဲျဖစ္ျဖစ္ဖတ္ေပးလို႔ရပါတယ္။ စာဖတ္ျခင္းက ေက်ာင္းစာသင္ခန္းေတြမွာမသင္ခဲ့ရတဲ့အေၾကာင္းအရာေတြအမ်ားႀကီးကို ေလ့လာဖို႔အေကာင္းဆုံးနည္းလမ္းတခုပါ။

(၄) တျခားသူတေယာက္ရဲ႕ဘဝမွာရွင္သန္ဖို႔ မႀကိဳးစားပါနဲ႔

 

လူေတာ္ေတာ္မ်ားမ်ားက သူတပါးရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ တန္ဖိုးထားမႈေတြနဲ႔ကိုယ့္ရဲ႕ေအာင္ျမင္ကိုတိုင္းတာတတ္ၾကပါတယ္။ ဒါေပမယ့္ ဒါက သင့္ကို အမွန္တကယ္စိတ္ေက်နပ္မႈမေပးႏိုင္ပါဘူး။ သင့္မွာ တျခားသူထက္ပိုေကာင္းတဲ့အရာတခုရွိႏိုင္သလို အဲ့ဒီအရာကသင့္အတြက္တျခားအရာေတြထက္ပိုအေထာက္အကူျပဳႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ကိုယ္ပိုင္စည္းမ်ည္းေတြနဲ႔ပဲေနပါ။ သင့္ကို လူတေယာက္က ဒါမွမဟုတ္ လူ႔အဖြဲ႕အစည္းကေမွ်ာ္လင့္ထားတဲ့အတိုင္း မေနပါနဲ႔။

(၅) အတိတ္ကိုျပန္ေတြးၿပီး မေကာင္းတာေတြမခံစားပါနဲ႔

 

သင့္ပတ္ဝန္းက်င္လူေတြကိုၾကည့္လိုက္ပါ တခ်ိဳ႕က သူတို႔ကိုယ္သူတို႔ ငါသာ ဘဝကိုေနာက္ေၾကာင္းျပန္လို႔ရရင္ ငါအဲ့အလုပ္ကိုလုပ္ခဲ့သင့္တယ္၊ ငါသာ ပညာသင္ခဲ့ရင္ ရာထူးေကာင္းေကာင္းရမွာ ဒီမိန္းကေလးကိုသာ လက္ထပ္လို႔ရခဲ့ရင္ ငါေပ်ာ္႐ႊင္ရမွာ စသျဖင့္အၿမဲတမ္းေနာင္တရစရာေတြကိုပဲရွာေဖြေနတယ္ဆိုရင္ သူတို႔ဘဝအနာဂတ္အခြင့္အလမ္းတိုင္းအတြက္ ဆုံးျဖတ္ခ်က္လဲေကာင္းေကာင္းခ်ႏိုင္ေတာ့မွာမဟုတ္ဘူး။ ဒါ့ေၾကာင့္ သင့္ဘဝကိုအတိတ္မွာပဲေနရင္း မေကာင္းတာေတြမခံစားပါနဲ႔။

 

Leave a Reply

Your email address will not be published.