သူမကို အချစ်ပိုအောင်လုပ်နေတဲ့ Jennifer Aniston ရဲ့ ချစ်စဖွယ်အချက်တွေ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။90s ခုနှစ်များအတွင်းမှာ Jennifer Aniston က ငယ်ရွယ်တဲ့ မိန်းကလေးများစွာအတွက် စံနမူနာပြဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အသွင်အပြင်ကို ကျော်လွန်ပြီး သူမရဲ့ မယုံကြည်နိုင်လောက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေအတွက် သူမကို ချစ်ကြပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ အချစ်ပိုအောင်လုပ်နေတဲ့ Jennifer Aniston ရဲ့ ချစ်စဖွယ်အချက်တွေကို ပြောပြပေးသွားပါမယ်။
(၁)ကလေးတွေကို ပျော်ရွှင်စေပါတယ်
ဆယ်စုနှစ်တစ်ခုကျော်ရှိေနပါပြီ၊ Jennifer Aniston က ကင်ဆာရောဂါခံစားနေရတဲ့ကလေးများကို ကူညီဖို့ စိန့်ယုဒကလေးဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ကလေးတွေက သူမကို နာမည်ကြီးတဲ့အတွက်ကြောင့်မဟုတ်ဘဲ ရက်ရောတဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့အတွက်ကြောင့် သူမကို ချစ်ပြီး စောင့်မျှော်နေတတ်ပါတယ်။
(၂)သူတို့ကိုယ်ပိုင်စွမ်းအားတွေကို သိစေပါတယ်
(၃)အရမ်း supportiveဖြစ်ပါတယ်
St. Jude Children’s Hospital နှင့် တွဲဖက်လုပ်ကိုင်သည့်အပြင်၊ Aniston က မယုံနိုင်လောက်အောင် ပရဟိတလုပ်ငန်းေတွ လုပ်ဆောင်ပြီး အခြားသူေတွရဲ့ ဘဝကို ပိုကောင်းစေပါတယ်။
(၄)ပျော်ရွှင်မှု ဘယ်လိုရှာရမလဲဆိုတာ သင်ပေးခဲ့ပါတယ်
အသက် 51 နှစ်မှာ Jennifer Aniston ပျော်ရွှင်မှုက ဘဝရဲ့ အဓိကသော့ချက်ဖြစ်ပြီး ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ သူမက ဘဝနှင့်ပတ်သက်သည့် ကိုယ်ပိုင်အတွေးအခေါ်ရှိပြီး စိုးရိမ်ပူပန်ဖို့ ဒါမှမဟုတ် ဘဝအတွက် ခံစားေနရမည့်သူမဟုတ်ပါဘူး။
(၅)အမျိုးသမီးလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ပေးခဲ့ပါတယ်
Aniston က လူ့အဖွဲ့အစည်းကို “.ရှင်းပြဖို့ ကြိုးစားတာက မင်းအမေမဟုတ်ရင် မင်းမိန်းမက နည်းတယ်လို့ မဆိုလိုပါဘူး။ မိန်းမတွေအပေါ် လူတွေက ဖိအားပေးတာကို ငါမကြိုက်ဘူး။ ကလေးမမွေးရသေးတဲ့အတွက် အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ပျက်ကွက်တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် တရားမျှတတယ်လို့ မထင်ဘူး။ ပြီးတော့ အသက် 80 မှာ bikini ဝတ်တာနဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုဆိုတာ မရှိဘူး။”ဆိုပြီး အမျိုးသမီးတွေဘကါက ရပ်တည်ပေးခဲ့ပါတယ်။
(၆)Body shaming လုပ်တာကိုလည်း ကန့်ကွက်ခဲ့ပါတယ်
Aniston က “ကျွန်မက ဆံပင်နဲ့ မိတ်ကပ်ပြင်ထားတဲ့ မိန်းကလေးတစ်ယောက်ပါ။ stylistတစ်ဦး။ ဓာတ်ပုံဆရာ။ မီးရောင်စုံအဖွဲ့၊ လေအားလျှပ်စစ်စက်၊ ကိရိယာတန်ဆာပလာနှင့် ကွန်ပြူတာေတွရဲ့ အကူအညီကြောင့်ပါ” လို့ပြောခဲ့ပါတယ် ။နောက်ပြီး သူမက အခြားအမျိုးသမီးေတွနှင့် အတူတူပင်ဖြစ်ပြီး ကိုယ်အလေးချိန်တိုးခြင်းနှင့် အိုမင်းရင့်ရော်ခြင်းတွေကလည်း ပုံမှန်ပဲလို့ ဆိုခဲ့ပါတယ်။
(၇)အမြဲတမ်းအဆင်သင့်ရှိပါတယ်
Jennifer Aniston အတွက် ခင်မင်ရင်းနှီးမှု ပျိုးထောင်ခြင်းက အရေးကြီးပါတယ်။ Aniston က ‘ အကြီးမားဆုံး ဆုလာဘ်က အနှစ် 30 အတွင်း လူအများနှင့် ခင်မင်ရင်းနှီးမှု တိုးလာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
(၈) Relationshipပျက်သွားတောင် အေးဆေးပါပဲ
ဆက်ဆံရေးတစ်ခု ပြီးဆုံးသည့်အခါ နေတတ်ဖို့ အရေးကြီးကြောင်း Aniston က မျှဝေခဲ့ပါတယ်။ “အဆုံးမှာ အမြဲရှင်းလင်းပြတ်သားတဲ့ခံစားချက်ရှိသင့်ပြီး ဘာကြောင့် စတင်သနည်း၊ ဘာကြောင့်အဆုံးသတ်သည်ကို သိသင့်ပါတယ်မင်းရဲ့နောက်ထပ်အဆင့်ကို သန့်ရှင်းသပ်ရပ်စွာ ရွေ့လျားနိုင်ဖို့ မင်းဘဝမှာ အဲဒါကို လုပ်ဖို့ လိုအပ်တယ်။”လို့ ပြောခဲ့ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source
ဒါကြောင့်
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။