Uncategorized

ဓာတ်ပုံဆရာတွေတောင် မနာလိုဖြစ်သွားစေမယ့် ရိုက်ချက်ကောင်းလွန်းလှတဲ့ ဓာတ်ပုံများ

ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေဟာ ရောက်ရာအရပ်မှာ လှပတဲ့ ရှုခင်းတွေကိုအမြဲတမ်း ဓာတ်ပုံရိုက်ကြလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ကံမကောင်းစွာနဲ့ပဲ လှပတဲ့ ဓာတ်ပုံတွေကို မရကြပါဘူး။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ကံကောင်းထောက်မစွာနဲ့ အလှဆုံးဆိုတဲ့ ဓာတ်ပုံတွေကိုမှ ရိုက်ကူးမိခဲ့တာပါ။ ဓာတ်ပုံတွေက လှလွန်းလို့ ဓာတ်ပုံရိုက်ဝါသနာပါသူတွေအချင်းချင်းတောင် မနာလိုဖြစ်သွားရပါလိမ့်မယ်။

(၁)


တရုတ်ပြည်က 3 Gorges Dam ဆည်ကြီးကို ရိုက်ကူးမိထားခဲ့တဲ့ ဓာတ်ပုံ

(၂)


နေဝင်ချိန် ထရက်ကားလမ်းမပေါ်ဖြတ်သွားချိန်မှာ ရိုက်ကူးမိခဲ့တဲ့ အကောင်းဆုံးဓာတ်ပုံ…..

မသိရင် နေလုံးကြီးကိုပဲ ထရက်ကားက သယ်လာသလိုပဲနော်။

(၃)


တိုက်တိုက်ဆိုင်ဆိုင်ပဲ လေယာဉ်ပေါ်ကနေ လှမ်းတွေ့လိုက်ရတဲ့ လေဆင်နှာမောင်း တွေကို ဓာတ်ပုံ လှမ်းရိုက်နိုင်ခဲ့ပါတယ်။

ကြုံတွေ့ဖို့ ခက်တဲ့ မြင်ကွင်းဖြစ်တာကြောင့် ရှားပါးဓာတ်ပုံလို့ပဲဆိုချင်ပါတယ်။

(၄)


ကောင်းကင်ယံမှာ အလှဆုံးဖြစ်ပေါ်နေတဲ့ ခရမ်းရောင် မိုးကုတ်စက်ဝိုင်းကြီးတစ်ခု..

အရမ်းကိုလှတဲ့ ဓာတ်ပုံတစ်ခုဖြစ်ပါတယ်.။

(၅)


မုန်တိုင်း အကြီးအကျယ် တိုက်ခဲ့စဉ်က ရိုက်ကူးထားမိခဲ့တဲ့ ဓာတ်ပုံ..

အသက်ဝင်လွန်းလို့ မုန်တိုင်းဘယ်လောက်ကြီးခဲ့သလဲ ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

(၆)


လင်းလက်တောက်ပတဲ့ ဒီအရာကို ပရိသတ်တွေ ဘာလို့ ခန့်မှန်းမိပါသလဲ..

တကယ်တော့ ဒါဟာ လမ်းမီးတိုင်တစ်ခုကို နှင်းတွေ ဖုံးလွှမ်းနေတာပဲဖြစ်ပါတယ်။

ရလဒ်အနေနဲ့ အရမ်းကို လှပတဲ့ အရာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။

(၇)


နှင်းတောကြီးတစ်ခုထဲမှာ တစ်ပင်တည်းပေါက်ရောက်နေတဲ့ အပင် ..

(၈)


ဒုံးပျံတစ်စင်းကို လွှတ်တင်နေတာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။

ရိုက်ကူးသူ တော်လို့သာ အခုလိုမျိုး ပြီးပြည့်စုံတဲ့ ဓာတ်ပုံတစ်ပုံရရှိလာတာဖြစ်ပါတယ်။

(၉)


ကောင်းကင်မှာ တိမ်လှိုင်းလုံးတွေ ဖြစ်ပေါ်နေတာကို အမိအရ ရိုက်ကူးမိထားတာပဲ ဖြစ်ပါတယ်။

(၁၀)


အရည်ပျော်ပြီး စီးကျလာတဲ့ နှင်းရည်များဟာ တောင်ကုန်းတစ်နေရာမှာပဲ အအေးပိုလာတာကြောင့် ပြန်ခဲသွားခဲ့တာပဲဖြစ်ပါတယ်။

(၁၁)


တကယ်တော့ သူ့ဘာသာ ပိုင်းခြားထားတဲ့ သစ်သားနှစ်ချောင်းကြားမှာ ရိုက်ကူးသူဟာ လက်ရာမြောက်တဲ့ ဓာတ်ပုံကို ရိုက်နိုင်ခဲ့ပါတယ်။

ကောင်းကင်၊ သစ်ပင်နဲ့ စမ်းချောင်းလေးတို့ကို သစ်သားနှစ်ချောင်းက ခွဲခြားထားသလို ရိုက်ကူးနိုင်ခဲ့တာပါ။

(၁၂)


နေဝင်ချိန်ကို မြေပြင်ပေါ်က နေကြည့်ရရင် လှသလောက် ကောင်းကင်ကနေ ပြန်ကြည့်ရင်တော့ ကြောက်စရာကောင်းလွန်းပါတယ်။

(၁၃)


သေချာကြည့်ရင်တောင် မျက်စိမှောက်လွန်းလို့ ဘာမှန်းအတိအကျ မပြောနိင်တဲ့ ဓာတ်ပုံပါ။

ပန်းချီကားတစ်ချပ်နဲ့တောင်ဆင်တူနေတဲ့ ဒီဓာတ်ပုံဟာ ကိုရီးယားနိုင်ငံက အားကစားပွဲတစ်ခုကို ကျင်းပပြုလုပ်နေတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။

(၁၄)


မြင်ရခဲတဲ့ ကမ်းခြေရဲ့ အလှ ..

ကမ်းခြေမှာ ပုံဖော်ထားတာမျိုးမဟုတ်ဘဲ ဒီအတိုင်းနေရင်းကို လှပနေတာပါ.

(၁၅)


မုန်တိုင်းထန်နေတဲ့ ပင်လယ်ကြီးတစ်ခုလို့ ထင်မှတ်မှားစေမယ့် တိမ်မည်းနေတဲ့ကောင်းကင်ကြီး

(၁၆)


တောအုပ်ကြီးတစ်ခုလို့ဆိုလိုက်ရင် စိမ်းစိုနေတဲ့ သစ်ပင်တွေကို ပြေးမြင်လောက်ကြပေမယ့် ဒီတောအုပ်ကြီးကတော့ အရောင်စုံသစ်ပင်အများကြီးနဲ့ကို လှနေတာနော်။

(၁၇)


တောင်အမြင့်ကြီးရောက်မှ ရိုက်ကူးနိုင်မယ့် အလှဆုံးသောဓာတ်ပုံ..

တော်ရုံရဖို့ ခက်ခဲတဲ့ ဓာတ်ပုံတစ်ပုံတစ်ပုံပဲဖြစ်ပါတယ်။

(၁၈)


ဆပ်ပြာပူဖောင်းကို ဖောက်လိုက်တဲ့ အချိန်မှာ ဘယ်လိုတွေ ဖြစ်ပျက်သွားသလဲဆိုတာကို အမိအရကို ရိုက်ကူးနိုင်ခဲ့တာနော်။

(၁၉)


အဖြူရောင် ဗလီပေါ်မှာ လိုက်ဖက်စွာ သာနေတဲ့ လ

(၂၀)


ရေထဲကငါးကို ဖမ်းဆီးပြီး ကောင်းကင်ပေါ်ပျံတက်ဖို့ ကြိုးစားနေတဲ့ ဌက်တစ်ကောင်…

ပရိသတ်တွေအတွက် အကောင်းဆုံးဓာတ်ပုံတစ်ပုံဖြစ်မယ်ထင်ပါတယ်။

(၂၁)


အချိန်ကိုက်ကို ရိုက်ကူးမိတာပဲနော်..ပုံထဲက လူကတော့ တော်တော်လေး ခံစားလိုက်ရမယ်။

(၂၂)


တကယ်တော့ ဒါဟာ တိမ်စိုင်ကြီးတစ်ခုကို ရိုက်ကူးထားတဲ့ ပုံပါပဲ။

(၂၃)


ကမ်းကို အရှိန်အဟုန်နဲ့ ကပ်လာတဲ့ လှိုင်းလုံးကြီးတစ်ခု..

အဲ့ဒီအချိန် ကမ်းခြေပေါ်မှာ ရပ်နေရဲရဲ့လား

(၂၄)


ခေတ်မှီတိုးတက် နေတဲ့ မြို့ကြီးတစ်မြို့ရဲ့ အဆောက်အဦးတွေကို ကောင်းကင်ယံပေါ် ကနေ ဓာတ်ပုံရိုက်ကူးလိုက်တဲ့ အခါမှာတော့

(၂၅)


မနက်အာရုံဦးနေထွက်ချိန်မှ နေရဲ့ အလင်းက သံလမ်းပေါ်မှာ လာထင်ဟပ်နေခဲ့တာပဲဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ဝါသနာပါတဲ့ ပရိသတ်တွေလည်း မနက်နေထွက်ချိန်မှာ စမ်းရိုက်ကြည့်ကြပါအုံးနော်။

(၂၆)


ရေထဲက နေ ထွက်ပေါ်လာခဲ့တဲ့ ဝေလငါးရဲ့ အမြီး..

ဝေလငါးရဲ့ အမြီး နဲ့ နေလုံးကြီး ပေါင်းစပ်လိုက်တော့ သိပ်ကို လှတဲ့ဓာတ်ပုံတစ်ပုံ ဖြစ်လာခဲ့ပါတယ်။

(၂၇)


မာစ်းဂြိုလ်ကနေ လှမ်းမြင်နေရတဲ့ နေဝင်ချိန်မြင်ကွင်း..

(၂၈)


နွေဦးကို အပြည့်အဝ ခံစားနေတဲ့ ချစ်စရာကြောင်ကလေး

(၂၉)


သင်ရော သင့်ရဲ့ ခရက်ရှ်နဲ့ ဒီလို ပုံမျိုး မရိုက်ချင်ဘူးလား….

ဒီလိုဓာတ်ပုံမျိုး လိုချင်ရင်တော့ စမ်းပြီးရိုက်ကြည့်ကြပေါ့နော်။

စိတ်ဝင်စားစရာကောင်းတဲ့ဓာတ်ပုံလေးတွေဖြစ်တာကြောင့် ပရိသတ်တွေအတွက်လည်း အကောင်းဆုံးဓာတ်ပုံတွေဖြစ်မှာပါ။

ဓာတ်ပုံထဲက အကြံညဏ်လေးတွေကို ယူပြီး ကိုယ်တိုင်ရိုက်ကြည့်ရင်လည်း ဒီလိုမျိုး ကောင်းတဲ့ ဓာတ်ပုံလေးတွေ ရလာနိုင်ပါတယ်။ ပရိသတ်တွေ ရိုက်ကြည့်ပြီးသွားရင်တော့ ပြန်လာပြကြပါအုံးနော်။

Credit-shwenyanshin

Ref:Brightside

Leave a Comment