ဒီနှစ်မှာ ကိုယ်ဝန်လွယ်ထားရတဲ့ ဆယ်လီ(9)ဦး
မင်္ဂလာပါ။One Daily Pageမှကြိုဆိုပါတယ်။ကိုယ်သဘောကျနှစ်သက်ရတဲ့ အနုပညာတွေဆီမှာ ကလေးရလာတဲ့အခါ အဲဒီကလေးကိုပါ ချစ်နှစ်သက်ပေးကြတာပဲမဟုတ်လား
ဒီတခါကျွန်တော်တို့pageမှ ဖော်ပြပေးသွားမှာကတော့ ဒီနှစ်ကိုယ်ဝန်လွယ်ထားရတဲ့ ကမ္ဘာကျော်ဆယ်လီ(၉)ဦးကိုပဲဖြစ်ပါတယ်။
Cristiano Ronaldoနှင့် Georgina Rodriguez
ဘောလုံးအကျော်အမော်ရော်နဒိုကတော့ ဒီနှစ်မှာ ဖခင်(၅)ကြိမ်မြှောက်ဖြစ်တော့မှာပဲဖြစ်ပါတယ်။သူရဲ့instagram မှ “ဒီတခါတော့ အမြွှာလေးဖြစ်မယ်ထင်တာပဲ။လောကကြီးရဲ့ ရောက်လာဖို့ မစောင့်နိုင်တော့ဘူး”လို့ တရားဝင်ကြေညာခဲ့ပါတယ်။
Nicolas Cage နှင့် Riko Shibata
Nicolasရဲ့ Fanတွေကတော့ Nicoရဲ့မွေးနေ့မတိုင်ခင် တစ်ရက်အလို January 6ရက်နေ့မှာပဲ supriseအကြီးစားရခဲ့ပါတယ်။သရုပ်ဆောင် Nicolasနှင့် အမျိုးသမီးဖြစ်သူ Rikoတို့မှ သူတို့ရဲ့ ပထမဆုံးကလေးကို ကိုယ်ဝန်လွယ်ထားရကြောင်း ကြေညာခဲ့ပါတယ်။ဒါဟာ Nicolasရဲ့ တတိယကလေးဖြစ်ပြီးတော့ ယခင်လက်တွဲဖော်ဟောင်းနှင့် ကလေးနှစ်ယောက်ရရှိခဲ့တာပဲဖြစ်ပါတယ်။
Travis SCOTTနှင့် Kylie Jenner
ကမ္ဘာကျော် rapper Travis SCOTTနှင့် Kylie Jennerတို့ဟာတော့ သူတို့ရဲ့ ဒုတိယမြှောက်ကလေးကို ဖေဖော်ဝါရီ ၂ရက်နေ့မှာပဲ ဖွားမြင်ခဲ့ပြီ ဖြစ်ပါတယ်။
Chris Pratt နှင့် Katherine Schwarzenegger
(4)ကျော်တယ် ကလေးက ကြီးတောင်ကြီနေပြီကို ထည့်ထားသေးတယ်
Jennifer Lawrenceနှင့် Cooke Maroney
2015နှင့် 2016ခုနှစ်ရဲ့ Highest-Paid မင်းသမီးဖြစ်တဲ့ Jennifer Lawrenceဟာ Cooke Maroneyနှင့် အတူ မိခင်ဘဝကို ခံယူလိုက်ပြီဖြစ်ပါတယ်။သူမရဲ့ ကိုယ်ဝန်သတင်းကိုတော့ The Last Show With Stephen Colbert showတွင် အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။
Rosie Huntington Whiteleyနှင့် Jason Statham
သူမရဲ့ ဒုတိယကိုယ်ဝန်လွယ်ထားရကြောင်းကို Rosieဟာ “It’s time for round #2″ဟူ၍ မျှပေးခဲ့ပါတယ်။
Aaron Paul နှင့် Lauren
Breaking Badရဲ့ ကြယ်ပွင့်တစ်ဦးကတော့ အမျိုးသမီးဖြစ်သူ Laurenနှင့် ဒုတိယကလေးကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ “အခုကတည်းက အရမ်းချစ်နေရပြီ၊ လောကကြီးထဲကို ခေါ်ဖို့ မစောင့်ချင်တော့ဘူး”လို့လည်း ပြောဆိုခဲ့ပါတယ်။
James Rothschildနှင့် Nicky Hilton
စာရေးဆရာမ Nickyဟာလည်း သူမရဲ့ တတိယကလေးကို လွယ်ထားရပြီပဲဖြစ်ပါတယ်။
Rihannaနှင့် A$AP Rocky
ကမ္ဘာကျော်အဆိုတော် Rihannaနှင့် A$AP Rockyတို့ဟာလည်း သူတို့ရဲ့ Pregnancy သတင်းကို မကြာမီသေးခင်ကပဲ ကြေညာပေးခဲ့တာပဲဖြစ်ပါတယ်။သူငယ်ချင်းအဖြစ် နှစ်ပေါင်များစွာအဖြစ်နှင့် လအနည်းငယ်Dateလုပ်ပြီးတဲ့အခါမှာတော့ ဒီလိုဝမ်းသာစရာ ကောင်းချီကိုရရှိခဲ့တာပဲဖြစ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှောလင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followပြုလုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။
zawgyi