Uncategorized

ဘုရားသခင်ရဲ့ စေခိုင်းချက်ကြောင့်ဟုဆိုကာ ၁၈နှစ်တိုင်အောင်ကျင်းတူးနေသည့်အဖိုးအို

အသက်(69)နှစ်အရွယ် ပင်စင်စားအဖိုးအိုကြီးတစ်ယောက်ဟာ ပြီးခဲ့တဲ့ (18)နှစ်လောက်တုန်းက ဘုရားသခင်ရဲ့ အမိန့်အရဟုဆိုကာ ကျဉ်းအနက်ကြီးတစ်ခု တူးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘိုးတော်၏ စေခိုင်းချက်၊ ဘိုးတော်၏ အမိန့်အရ၊ ရုက္ခစိုးက အိပ်မက်ပေးလို့ဆိုပြီး အပြင်ဘက်မှာ လိုက်လုပ်တာမျိုးနဲ့ ဆင်တူပါလိမ့်မယ်။

သူ့ရဲ့နာမည်ကတော့ Santiago Sanchez ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကျဉ်းကို ဆက်လက်တူးဖော်နေပြီး သူရဲ့
လုပ်အားကို ဘုရားသခင်အတွက် အချိန်ပြည့်ပေးအပ်ထားတယ်လို့ ဆိုပါတယ်။ Sanchez ဟာ El Salvador နိုင်ငံသား
ဖြစ်ပြီး ၎င်းတူးနေတဲ့ ကျဉ်းကြီးဟာ မြို့တော်ဘာလင်ဆီကို ဦးတည်ထားတယ်လို့လည်း သိရပါတယ်။


သူဟာ ကျဉ်းကြီးထဲကနေ ပေါင် 90 ခန့် အလေးချိန်ရှိတဲ့ ကျောက်တုန်းကြီးတွေကို ထမ်းထုတ်ပြီး မြေပြင်မှာ စွန့်ပစ်ခဲ့ပါ
တယ်။ အခုအခါမှာ 18 နှစ် အတိုင်းအတာထိ ကျဉ်းတူးသက်က ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကျဉ်းကြီး ဘယ်လောက်နက်ပြီး
ဘယ်လောက် အရှည်ပေရှိတယ်ဆိုတာကိုလည်း တိတိကျကျ မသိရပါဘူး။ ဘာကြောင့်လဲဆိုတော့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့တဲ့ သတင်းထောက်ဟာ အဆိုပါကျဉ်းထဲကို အတူတူ ဆင်းပြီးလိုက်သွားခဲ့ပေမယ့် အသက်ရှှုရတဲ့ အခက်အခဲ
ကြောင့် အမြန် ပြန်ပြီးတက်ခဲ့ရတယ်လို့ သိရပါတယ်။

Univision သတင်းဂျာနယ်က သတင်းထောက် Ernesto Rivas နဲ့ တွေ့ဆုံတဲ့အခါမှာ Sanchez က ” ကျွန်တော်ကတော့ ဘုရားသခင်ရဲ့ အလိုအတိုင်း လိုက်နာလုပ်ဆောင်ပေးနေတာပါ .. အဆုံးထိ တူးရမှာပါ … ဘာကြောင့်ဆို ကျွန်တော်က ဘုရားသခင်ရဲ့ ဥမင်တူးဖော်ရေးလုပ်သားဖြစ်လို့ပါဘဲ .. ဒီထဲကို ဝင်ဖို့ ခင်ဗျားကလွဲပြီး ဘယ်သူ့ကိုမှ ခွင့်မပြုခဲ့ပါဘူး “လို့ ပြောခဲ့ပါတယ်။


သတင်းထောက် Rivas လည်း ဥမင်ထဲကို အတူတူလိုက်ပါသွားခဲ့ပေမယ့် အသက်ရှုကြပ်လို့ ပြန်တက်ခဲ့ပါတယ်။ Sanchez ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်က ရူးနေပြီလို့ ပြောကြကြောင်း ၎င်းရဲ့ ဇနီးသည် Isabel Ventura က ဆိုခဲ့ပါ
တယ်။ သူမက ” လူတိုင်းက သူ့ကို ရုူးနေပြီလို့ ပြောတဲ့အခါတိုင်း သူက … ဘုရားသခင် သင်တို့ဆီက ဘာအလိုရှိသလဲ ဆိုတာကို သင်တို့ မသိနိုင်ပါဘူး …လို့ တုန့်ပြန်လေ့ရှိပါတယ် “ဟု ပြောခဲ့ပါတယ်။

Zawgyi

အသက္(69)ႏွစ္အ႐ြယ္ ပင္စင္စားအဖိုးအိုႀကီးတစ္ေယာက္ဟာ ၿပီးခဲ့တဲ့ (18)ႏွစ္ေလာက္တုန္းက ဘုရားသခင္ရဲ႕ အမိန႔္အရဟုဆိုကာ က်ဥ္းအနက္ႀကီးတစ္ခု တူးခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဘိုးေတာ္၏ ေစခိုင္းခ်က္၊ ဘိုးေတာ္၏ အမိန႔္အရ၊ ႐ုကၡစိုးက အိပ္မက္ေပးလို႔ဆိုၿပီး အျပင္ဘက္မွာ လိုက္လုပ္တာမ်ိဳးနဲ႔ ဆင္တူပါလိမ့္မယ္။


သူ႔ရဲ႕နာမည္ကေတာ့ Santiago Sanchez ျဖစ္ၿပီး လက္ရွိအခ်ိန္ထိလည္း က်ဥ္းကို ဆက္လက္တူးေဖာ္ေနၿပီး သူရဲ႕
လုပ္အားကို ဘုရားသခင္အတြက္ အခ်ိန္ျပည့္ေပးအပ္ထားတယ္လို႔ ဆိုပါတယ္။ Sanchez ဟာ El Salvador ႏိုင္ငံသား
ျဖစ္ၿပီး ၎တူးေနတဲ့ က်ဥ္းႀကီးဟာ ၿမိဳ႕ေတာ္ဘာလင္ဆီကို ဦးတည္ထားတယ္လို႔လည္း သိရပါတယ္။

သူဟာ က်ဥ္းႀကီးထဲကေန ေပါင္ 90 ခန႔္ အေလးခ်ိန္ရွိတဲ့ ေက်ာက္တုန္းႀကီးေတြကို ထမ္းထုတ္ၿပီး ေျမျပင္မွာ စြန႔္ပစ္ခဲ့ပါ
တယ္။ အခုအခါမွာ 18 ႏွစ္ အတိုင္းအတာထိ က်ဥ္းတူးသက္က ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး ဒီက်ဥ္းႀကီး ဘယ္ေလာက္နက္ၿပီး
ဘယ္ေလာက္ အရွည္ေပရွိတယ္ဆိုတာကိုလည္း တိတိက်က် မသိရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သြားေရာက္ေတြ႕ဆုံ ေမးျမန္းခဲ့တဲ့ သတင္းေထာက္ဟာ အဆိုပါက်ဥ္းထဲကို အတူတူ ဆင္းၿပီးလိုက္သြားခဲ့ေပမယ့္ အသက္ရွႈရတဲ့ အခက္အခဲ
ေၾကာင့္ အျမန္ ျပန္ၿပီးတက္ခဲ့ရတယ္လို႔ သိရပါတယ္။


Univision သတင္းဂ်ာနယ္က သတင္းေထာက္ Ernesto Rivas နဲ႔ ေတြ႕ဆုံတဲ့အခါမွာ Sanchez က ” ကြၽန္ေတာ္ကေတာ့ ဘုရားသခင္ရဲ႕ အလိုအတိုင္း လိုက္နာလုပ္ေဆာင္ေပးေနတာပါ .. အဆုံးထိ တူးရမွာပါ … ဘာေၾကာင့္ဆို ကြၽန္ေတာ္က ဘုရားသခင္ရဲ႕ ဥမင္တူးေဖာ္ေရးလုပ္သားျဖစ္လို႔ပါဘဲ .. ဒီထဲကို ဝင္ဖို႔ ခင္ဗ်ားကလြဲၿပီး ဘယ္သူ႔ကိုမွ ခြင့္မျပဳခဲ့ပါဘူး “လို႔ ေျပာခဲ့ပါတယ္။

သတင္းေထာက္ Rivas လည္း ဥမင္ထဲကို အတူတူလိုက္ပါသြားခဲ့ေပမယ့္ အသက္ရႈၾကပ္လို႔ ျပန္တက္ခဲ့ပါတယ္။ Sanchez ရဲ႕ လုပ္ရပ္နဲ႔ပတ္သက္ၿပီး ပတ္ဝန္းက်င္က ႐ူးေနၿပီလို႔ ေျပာၾကေၾကာင္း ၎ရဲ႕ ဇနီးသည္ Isabel Ventura က ဆိုခဲ့ပါ
တယ္။ သူမက ” လူတိုင္းက သူ႔ကို ႐ုူးေနၿပီလို႔ ေျပာတဲ့အခါတိုင္း သူက … ဘုရားသခင္ သင္တို႔ဆီက ဘာအလိုရွိသလဲ ဆိုတာကို သင္တို႔ မသိႏိုင္ပါဘူး …လို႔ တုန႔္ျပန္ေလ့ရွိပါတယ္ “ဟု ေျပာခဲ့ပါတယ္။

Leave a Comment