Wed. Oct 27th, 2021

ဉာဏ်ရည်မြင့်မားသူတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်တွေ

ဉာဏ်ရည်ဉာဏ်သွေးဟာ လူမှုဆက်ဆံရေးမှာသာမက၊ လုပ်ငန်းခွင်အတွင်း ပြီးတော့ ဘဝအစိတ်အပိုင်းတွေမှာ အရေးပါတယ်ဆိုတာကို လူတွေလက်ခံထားကြပါတယ်။ ဒါဆိုရင် လူတစ်ယောက် ပုံမှန်ထက် ဉာဏ်ရည်မြင့်မားနေတာကို ဘယ်လိုသိနိုင်သလဲ။ ဒီနေ့ kwee page က ဉာဏ်ရည်မြင့်မားသူတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်တွေအကြောင်း ပြောပြပေးသွားမှာပါ။

စူးစမ်းလေ့လာလိုစိတ်ရှိတယ်

 

သူတို့တွေဟာ အခြားလူတွေထက်ပိုပြီး စူးစမ်းလေ့လာလိုစိတ်ပိုရှိတယ်။ တစ်ခုခုဆိုတာနဲ့ သူတို့နဲ့တိုက်ရိုက်ပတ်သတ်သည်ဖြစ်စေ သွယ်ဝိုက်ပြီး ပတ်သတ်သည်ဖြစ်စေ အသေးစိတ်သိလိုစိတ်ရှိကြတယ်။ သိအောင်လည်း လေ့လာလေ့ရှိကြတယ်။ ဒါ့ကြောင့် သူတို့က ပုံမှန်လူတွေထက် ကွဲပြားနေတာပါ။

ပျော်ပျော်နေတတ်ကြတယ်

 

 

 

သူတို့တွေက ဟာသဉာဏ်ရှိကြတယ်။ တပါးသူတွေကို ရယ်မောပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိသလို သူတို့ကိုယ်တိုင်ကလည်း ပျော်ပျော်နေတတ်ကြပါတယ်။ သူတို့ဟာ ပုံမှန်လူတွေထက် ဟာသဉာဏ်နဲ့ ဖန်တီးနိုင်စွမ်း ပိုသာတာကြောင့် သူတို့နဲ့ စကားပြောလို့ ပျင်းသွားရတယ်ဆိုတာမျိုး မရှိပါဘူး။

စာနာသနားစိတ်ရှိတယ်

 

သူတို့တွေဟာ တပါးသူတွေအပေါ် စာနာစိတ်အပြည့်ရှိတဲ့ သူတွေပါ။ ဒါပေမယ့် တစ်ချို့ ဉာဏ်ရည်မြင့်မားတဲ့လူတွေကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးကြတယ်။ အများစုကတော့ တပါးသူတွေရဲ့ စိတ်ကိုစာနာနားလည်ပေးတတ်ကြပါတယ်။

အကောင်းမြင်စိတ်ရှိတယ်

 

ဉာဏ်ရည်မြင့်မားတဲ့လူတွေဟာ ပြဿနာတခုခုဖြစ်တာနဲ့ သူတို့ရဲ့ အားအင်တွေကို အချိန်တွေကို အဲ့ဒီပြဿနာအပေါ် ပေးလေ့မရှိပါဘူး။ အဲ့ဒီအစား သူတို့တွေဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့် အဖြေကိုရှာဖွေလေ့ရှိပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို အာရုံစိုက်လေ့ရှိကြပါတယ်။

 

Zawgyi

ဉာဏ္ရည္ျမင့္မားသူေတြမွာ ေတြ႕ရေလ့ရွိတဲ့ အမူအက်င့္ေတြ

ဉာဏ္ရည္ဉာဏ္ေသြးဟာ လူမႈဆက္ဆံေရးမွာသာမက၊ လုပ္ငန္းခြင္အတြင္း ၿပီးေတာ့ ဘဝအစိတ္အပိုင္းေတြမွာ အေရးပါတယ္ဆိုတာကို လူေတြလက္ခံထားၾကပါတယ္။ ဒါဆိုရင္ လူတစ္ေယာက္ ပုံမွန္ထက္ ဉာဏ္ရည္ျမင့္မားေနတာကို ဘယ္လိုသိႏိုင္သလဲ။ ဒီေန႔ kwee page က ဉာဏ္ရည္ျမင့္မားသူေတြမွာ ေတြ႕ရေလ့ရွိတဲ့ အမူအက်င့္ေတြအေၾကာင္း ေျပာျပေပးသြားမွာပါ။

စူးစမ္းေလ့လာလိုစိတ္ရွိတယ္

 

သူတို႔ေတြဟာ အျခားလူေတြထက္ပိုၿပီး စူးစမ္းေလ့လာလိုစိတ္ပိုရွိတယ္။ တစ္ခုခုဆိုတာနဲ႔ သူတို႔နဲ႔တိုက္႐ိုက္ပတ္သတ္သည္ျဖစ္ေစ သြယ္ဝိုက္ၿပီး ပတ္သတ္သည္ျဖစ္ေစ အေသးစိတ္သိလိုစိတ္ရွိၾကတယ္။ သိေအာင္လည္း ေလ့လာေလ့ရွိၾကတယ္။ ဒါ့ေၾကာင့္ သူတို႔က ပုံမွန္လူေတြထက္ ကြဲျပားေနတာပါ။

ေပ်ာ္ေပ်ာ္ေနတတ္ၾကတယ္

 

သူတို႔ေတြက ဟာသဉာဏ္ရွိၾကတယ္။ တပါးသူေတြကို ရယ္ေမာေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ေပးႏိုင္စြမ္းရွိသလို သူတို႔ကိုယ္တိုင္ကလည္း ေပ်ာ္ေပ်ာ္ေနတတ္ၾကပါတယ္။ သူတို႔ဟာ ပုံမွန္လူေတြထက္ ဟာသဉာဏ္နဲ႔ ဖန္တီးႏိုင္စြမ္း ပိုသာတာေၾကာင့္ သူတို႔နဲ႔ စကားေျပာလို႔ ပ်င္းသြားရတယ္ဆိုတာမ်ိဳး မရွိပါဘူး။

စာနာသနားစိတ္ရွိတယ္

 

သူတို႔ေတြဟာ တပါးသူေတြအေပၚ စာနာစိတ္အျပည့္ရွိတဲ့ သူေတြပါ။ ဒါေပမယ့္ တစ္ခ်ိဳ႕ ဉာဏ္ရည္ျမင့္မားတဲ့လူေတြကေတာ့ တစ္ကိုယ္ေကာင္းဆန္ၿပီး အတၱႀကီးၾကတယ္။ အမ်ားစုကေတာ့ တပါးသူေတြရဲ႕ စိတ္ကိုစာနာနားလည္ေပးတတ္ၾကပါတယ္။

အေကာင္းျမင္စိတ္ရွိတယ္

 

ဉာဏ္ရည္ျမင့္မားတဲ့လူေတြဟာ ျပႆနာတခုခုျဖစ္တာနဲ႔ သူတို႔ရဲ႕ အားအင္ေတြကို အခ်ိန္ေတြကို အဲ့ဒီျပႆနာအေပၚ ေပးေလ့မရွိပါဘူး။ အဲ့ဒီအစား သူတို႔ေတြဟာ ျပႆနာကို ေျဖရွင္းႏိုင္မယ့္ အေျဖကိုရွာေဖြေလ့ရွိၿပီး ဘယ္လိုကိုင္တြယ္ေျဖရွင္းရမလဲဆိုတာကို အာ႐ုံစိုက္ေလ့ရွိၾကပါတယ္။

 

 

Leave a Reply

Your email address will not be published. Required fields are marked *