success

ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်အောင် ဘယ်လိုလေ့ကျင့်ရမလဲ

မိခင်ဘာသာစကားမဟုတ်တဲ့ ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ဖို့ဆိုတာ ထင်သလောက်လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ လေ့လာမှုပိုင်းမှာ စိတ်အားထက်သန်ဖို့လိုသလို လေ့ကျင်မှုပိုင်းမှာလည်း အားပိုစိုက်ထုတ်ရမှာဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ဘာသာစကားအသစ်တစ်ခုကို အချိန်တော်တော်ကြာလေ့လာနေပေမယ့် Speaking Skill မှာထင်သလောက်မတိုးတက်ဘူးလို့ ခံစားရသူတွေအတွက် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ရဲရဲပြောပါ

Source : iStock

Speaking Skill တိုးတက်ဖို့ အဓိကအားဖြင့် များများပြောတဲ့အလေ့အကျင့်ကို မွေးမြူရမှာဖြစ်ပါတယ်။ မှားမှာကြောက်ပြီးမပြောပဲနေတာမျိုး ၊ ပြောမထွက်တာမျိုးမလုပ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရဲရဲတင်းတင်းသာအသံထွက်ပြောကြည့်ပါ။ အကယ်၍ လူတွေရှေ့မှာပြောရတာ မရဲသေးဘူးဆိုရင်တောင် မှန်ရှေ့မှာရပ်ပြီးစကားပြောတာ ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပြောတာ စသည်ဖြင့် လေ့ကျင့်ယူလို့ရပါတယ်။

(၂) လေ့လာသူအချင်းချင်းလေ့ကျင့်ပါ

Source : 123RF

သူလိုကိုယ်လို လေ့လာနေဆဲသူအချင်းချင်းပြောတာက အပြောစွမ်းရည်တိုးတက်စေဖို့ ကူညီပေးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့လာနေသူချင်းအတူတူဖြစ်တာကြောင့် စိတ်ထဲမှာရှိန်ပြီး ပြောမထွက်တာ မှားမှာကြောက်တာတွေသိပ်မဖြစ်တော့ပဲ များများပို လေ့ကျင့်ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မှားတာလေးတွေကို ထောက်ပြ ပြုပြင်ပေးခြင်းအားဖြင့်လည်း သူရောကိုယ်ပါ Speaking Skill တိုးတက်လာမှာဖြစ်ပါတယ်။

(၃) ရေး ၊ ဖတ် ၊ ပြော ၊ နားထောင်မှု အားလုံးလေ့လာပါ

Source : Westend61

ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောတက်နိုင်ဖို့ Speaking Skill တစ်ခုတည်းကိုပဲ လေ့လာနေရုံနဲ့ လုံလောက်တယ်လို့ပြောလို့မရပါဘူး။ ဘာသာစကားတစ်ခုမှာရှိတဲ့အခြေခံ Skill ၄ ခုလုံးက တစ်ခုနဲ့တစ်ခုအမြဲဆက်စပ်မှုရှိတဲ့အတွက် ရေး ၊ ဖတ် ၊ ပြော ၊ နားထောင်မှုဆိုတဲ့ 4 Skill ကို အားလုံးခြုံ ငုံလေ့လာသင့်တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လေ့လာနေတဲ့ဘာသာစကားနဲ့ပတ်သတ်ပြီး အပြောလေ့ကျင့်မှုအပြင် စာအုပ်ဖတ်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ ဗီဒီယိုဂိမ်းကစားတာ ၊ သီချင်းနားထောင်တာ ၊ စာအုပ်မှာချရေးတာတွေပါ လုပ်သင့်ပါတယ်။

(၄) စိတ်ရှည်ပါ

Source : Forbes

ဘာသားစကားအသစ်တစ်ခုကို ရက်ပိုင်းအတွင်းမှာတင် လုံးဝကျွမ်းကျင်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ လေ့လာမှုတွေကို တစိုက်မတ်မတ်လုပ်ဆောင်သွားရမှာဖြစ်သလို လက်တွေ့လေ့ကျင့်မှုပိုင်းမှာလည်း ပျင်းရိနေလို့မရပါဘူး။ အဓိကအားဖြင့် အချိန်ယူပြီး စိတ်ရှည်ရှည်လေ့လာသွားရမှာဖြစ်ပါတယ်။ ဒါမှလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့အဆင့်ကိုရောက်မှာဖြစ်ပြီး Native Speaker တစ်ယောက်လို သွက်သွက်လက်လက် ပြောဆိုနိုင်မှာဖြစ်ပါတယ်။

Leave a Comment