Fri. May 27th, 2022

သင်နေ့စဉ်ပြုလုပ်မိနေတဲ့ အမှားများ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မှားတယ်လို့ မခံစားရဘဲ လုပ်မိနေတဲ့ အမှားတွေ ရှိပါတယ်။ ဒီအမှားတွေက ကြာလာရင် အနီးအနားမှာရှိတဲ့ ကလေးတွေအတွက် အတုယူမှားသွားစေနိုင်ပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ‌ပြုပြင်သင့်တဲ့ နေ့စဉ်ပြုလုပ်နေတဲ့ အမှားတွေကို ပြောပြပေးသွားပါမယ်။

(၁) စတီယာတိုင် ဘယ်လိုကိုင်ကြမလဲ

ကားမတော်တဆမှုမှာ ထိခိုက်မှုနည်းစေဖို့အတွက် စတီယာတိုင်ကိုင်နည်းကလည်း အရေးကြီးပါတယ်။ သင့်လက် ထားဖို့ အလုံခြုံဆုံးနေရာက အထက်က ပုံမှာ ပြထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ဒီအနေအထားက သင့်လက်‌ေတွအတွင်း လေအိတ်ပွင့်မလာစေဖို့ တားဆီးထားတဲ့အတွက်ကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ရေအိမ်ဆွဲချနည်း

ရေချိုးခန်းနှင့် ရေချိုးခန်းသုံးပစ္စည်း‌ေတွမှာ ပိုးမွှားတွေ ကပ်နေတာ မလိုချင်ဘူးဆိုရင်တော့ အိမ်သာထိုင်ခုံကို အမြဲဆေးကြောသင့်ပါတယ်။ နောက်ပြီး အရေးကြီးဆုံးအချက်ကတော့ အိမ်သာကို ရေဆေးချလိုက်တဲ့ အခါတိုင်းမှာ ထိုင်ခုံမှာ ကပ်နေတဲ့ ပိုးမွှားတွေက အပေါ်ကို လွင့်စင်ကုန်ပါတယ်။ ဒါ့ကြောင့် ရေဆွဲချတဲ့အခါမှာ အဖုံးပိတ်ပြီး ဆွဲချပါ။

(၃) Roll on သုံးဖို့ အကောင်းဆုံးအချိန်

မနက်ခင်း ရေချိုးပြီးပြီချင်းမှာ သင့်ဂျိုင်းကို rollon သုံးခြင်းက ကောင်းပေမယ့် ချွေးနဲ့တွေ့အခါမှာ ချွေးပြွန်ထဲရောက်သွားတဲ့အတွက် ချွေးပေါက်ပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ rollonက ၂၄နာရီ ကြာရှည်ခံတဲ့အတွက် အိပ်ရာမဝင်ခင် လိမ်းထားလိုက်တဲ့အချိန်မှာ သင့်ကို မနက်ခင်းထိ မွှေးပျံ့နေစေမှာပါ။

 

(၄) အံဆွဲတွေက ပိုကောင်းပါတယ်

သင့်အဝတ်စားတွေ သပ်သပ်ရပ်ရပ်ရှိပြီး သန့်ရှင်းစေချင်တယ်ဆိုရင်တော့ အထည်တွေကို လိပ်ပြီး အံဆွဲထဲ ထည့်ထားတာက အကောင်းဆုံးပါပဲ။

…၅) ချောင်းဆိုးတဲ့အခါမှာ

ချောင်းဆိုးနှာချေတဲ့အခါမှာ ပါးစပ်နဲ့နှာခေါင်းကို လက်နဲ့အုပ်ဖို့ အမြဲမှာကြပေမယ့် ဒါဟာ လုံးဝမှားပါတယ်။ နှာချေ ဒါမှ မဟုတ် ချောင်းဆိုးပြီးတဲ့နောက်မှာ တံခါးဖွင့်ဖို့ သင့်လက်ကို အသုံးပြုလိုက်တဲ့အခါမှာ ပိုးတွေက အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။ အဲဒီအစား သင့်တံတောင်ဆစ် ဒါမှမဟုတ် အင်္ကျီနဲ့ အုပ်ဆိုးတာက သင့်တော်ပါတယ် ။

(၆) blenderဘယ်လိုဆေးကြမလဲ

Blenderဆေးဖို့အတွက် အချိန်ကုန်ခံပြီး ပွတ်တိုက်မနေပါနှင့်။ Blenderစက်ထဲကို ဆပ်ပြာရယ် ရေရယ် ရောထည့်ပြီး မွှေလိုက်တာက အကောင်းဆုံးပါပဲ။

(၇) အိပ်တဲ့အနေအထား

သင်က မှောက်အိပ်ရတာကို ကြိုက်တယ်ဆိုပေမယ့် သင့်ရဲ့ကျောနဲ့ ကျောရိုးကို ထိခိုက်စေပါတယ်။ ကျောရိုးပေါ်မှာရှိတဲ့ ဖိအားက ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို နာကျင်စေနိုင်ပါတယ်။ ‌ဒါ့ကြောင့် ပက်လက်လန် အိပ်တာဟာ သင့်ကျောရိုးနဲ့ လည်ပင်းကို ကျန်းမာစေဖို့အတွက် ပြီးပြည့်စုံတဲ့ အနေအထားပါပဲ။

(၈) Keyboard “legs”

စာရိုက်တဲ့အခါမှာ ကီးဘုတ်ရဲ့ အောက်ခြေမှာ ထောက်ငယ်လေးတွေ ထည့်ထားတာက စာလုံးတွေကို ကောင်းကောင်းမြင်ရပါတယ်။ ဒါပေမယ့် ထိတွေ့ရိုက်ပြီးတာနဲ့ သင့်လက်ကောက်ဝတ်တွေကို နာကျင်စေနိုင်တာကြောင့် ထောက်တွေ အသုံးပြုတာကို ရပ်သင့်ပါတယ်။

(၉) ဘောင်းဘီတွေ ဘယ်လိုချိတ်ကြမလဲ

သင်အလုပ်နောက်ကျနေပြီဆိုလျှင် စိုးရိမ်ရမယ့် နောက်ဆုံးအချက်ကတော့ သင့်ဘောင်းဘီပေါ်မှာရှိတဲ့ မျဉ်းကြောင်းတစ်ခုပါပဲ။ ဒီလိုမဖြစ်ရလေအောင် စက္ကူပုဝါပြွန်ကို အလျားလိုက်ဖြတ်ပါ၊ ချိတ်ပတ်ပတ်လည် ပတ်ကာ တိပ်ဖြင့်ပိတ်လိုက်ပါ။

(၁၀) ဖိနပ်ကြိုးချည်နည်း

လှပတဲ့ အရာတစ်ခုကို ဖန်တီးဖို့အတွက် ပုံမှာ ပြထားတဲ့အတိုင်း ကြိုးကို စည်းပါ။ ပြီး နောက် ကြက်ခြေခတ်ဖြတ်ပြီး ဆွဲချပါ။ ဒါက သင့်ဖိနပ်ကြိုးနဲ့ ပြန်ခလုတ်တိုက်မိပြီး လဲခြင်းကို ကာကွယ်နိုင်ပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Sources  Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

 

Zawgyi

k K, [19 Jan BE 2565 13:24:17]:




 

 

Leave a Reply

Your email address will not be published.