အသက်အန္တာရာယ်ကင်းဖို့အတွက် လူတိုင်းသိထားသင့်တဲ့ အချက်(၈)ချက်
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုလိုက်ပါတယ်။ အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။
ဒါကြောင့် အခုကျွန်တော်တို့pageမှအသက်အန္တာရယ်ကင်းဖို့အတွက်ရိုးရှင်းလွယ်ကူသတိထားသင့်တဲ့ ပချက်(၈)ချက်ကို ဖော်ပြပေးပါမယ်။
(၁)ခွေးဆိုးတွေလိုက်တဲ့အခါ
တခါတလေသင့်နောက်ကို ကြောက်မက်ဖွယ်ခွေးကြီးတွေ အကြောင်းအရင်းမရှိပြေးလိုက်လာတာကို ကြုံဖူးလား
ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်သင့်လဲဆိုရင် သင့်မှာဂျာကင်ပါလာပါက သင့်ဂျာကင်ကို ခွေးပေါ်လွှမ်းခြုံပေးလိုက်ပါ။ခွေးက တစ်ကောင်မကဘူးဆိုရင်တော့ နံရံကိုကပ်ပြီး မျက်နှာ၊လည်ချောင်းနဲ့ ရင်ဘက်ကို ကာထားပါ။နံရံမှာကပ်လိုက်ခြင်းအားဖြင့် ခွေးတွေက သင့်ကိုဝိုင်းဖို့ မဖြစ်နိုင်တော့ဘဲ တိုက်ခိုက်ဖို့အခွင့်အရေးနည်းသွားမှာဖြစ်ပါတယ်။
(၂) ဒဏ်ရာရလာပါက
ရိုးရိုးသာမန် ထိမိခိုက်မိရှမိတဲ့ဒဏ်ရာဆိုရင်တော့ အရိုးရှင်းဆုံးနည်းလမ်းက အကောင်းဆုံးပါပဲ။ဒဏ်ရာကို ရေအေးနှင့် အနံမပါတဲ့ ဆပ်ပြာနဲ့ဆေးလိုက်ပါ။ခြောက်သွားတဲ့အခါ ပိုးမဝင်နိုင်အောင်ပတ်တီးလေးနဲ့စည်းထားလိုက်ပါ။
(၃)မီးပျက်သွားတဲ့အခါ
မီးပျက်သွားတဲ့အခါ ဖယောင်းတိုင်မီးထွန်းတာမျိုးထက် လက်နှိပ်ဓာတ်မီးက ပိုအဆင်ပြေပါတယ်။
(၄)အပူလောင်ရင်
အပူလောင်လောင်ချင်း ဘာမှမလုပ်ဘဲ အချိန်အကြာကြီးထားလိုက်တာက အန္တာရယ်အလွန်များပါတယ်။အပူလောင်လောင်ခြင်း ရေအေးလေးနဲ့ဆေးချလိုက်ပြီး လိမ်းဆေးတစ်မျိုးမျိုးလိမ်းပေးပါ။ပြီးရင် ပတ်တီးစည်းပေးပါ။အပူလောင်ဒဏ်ရာကို နေရောင်ခြည်မထိတွေ့စေပါနဲ့။
(၅)သင့်နောက်ကို တစ်စုံတစ်ယောက်လိုက်လာခဲ့ရင်
ဒီလိုအခြေအနေမျိုးမှာတော့ လုပ်သင့်တာကတော့
(၁) ထိုလူဟာ သင့်နောက်ကို တကယ်လိုက်လာတာလားဆိုတာကို သေချာအောင်လုပ်ပါ။လမ်းကူးတာတွေ လမ်းကြားထဲဝင်တာတွေနဲ့ စမ်းသပ်နိုင်ပါတယ်။
(၂)သေချာတယ်ဆိုရင်တော့ ကော်ဖီဆိုင်တို့ စတိုးဆိုင်တို့လိုမျိုး လူများတဲ့နေရာကို သွားပါ။
(၆)ဆောင်းရာသီမှာ ကားတာယာကို ဘယ်လိုထားမလဲ
လေအရမ်းများတာမျိုးလည်းမဟုတ်၊ လေလျော့နေတာမျိုးလည်းမဟုတ်ဘဲ အသင့်အတင့်အနေအထားမှာပဲထားသင့်ပါတယ်။
(၇)အပူလှိုင်းဒဏ်ခံရတဲ့အခါ
အပူမြင့်မားလွန်ကဲတဲ့အခါ၊အပူလှိုင်းဖြတ်နေတုန်းမှာ သင့်ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးပြီး ရေဆာလာပါလိမ့်မယ်။ဒီလိုအချိန်မှာ energy drinkတွေသောက်ခြင်းက သင့်ကိုရေဓာတ်ပိုမိုခမ်းခြောက်စေပါလိမ့်မယ်။ဒါကြောက့် ရေကိုပဲများများ သောက်ပေးပါ
(၈)ကင်းမြီးကောက်ထိုးမိတဲ့အခါ
ကင်းမြီးကောက်ဟာ ဖိနပ်လိုမျိုး မမျှော်လင့်ထားတဲ့နေရာမျိုးမှာရှိနေတတ်တာကြောင့် အလွယ်တကူ ထိုးမိနိုင်ပါတယ်။ကင်းမြီးကောက်ထိုးထိုးမိခြင်း ဆရာဝန်ဆီသွားပါ။ရေခဲကပ်တာမျိုး၊ အဆိတ်စုပ်ထုတ်တာမျိုး လုံးဝမပြုလုပ်ပါနဲ့။ ဆရာဝန်ဆီသွားဖို့ အခက်အခဲရှိနေပါက ရေရယ် အနံ့မပါတဲ့ ဆပ်ပြာရယ်နဲ့ ဆေးချပေးပါ။အနာသက်သာစေဖို့အတွက် အေးတဲ့အဝတ်စလေးနဲ့ နှစ်နာရီခြားတစ်ခါ စည်းပေးနိုင်ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
zawgyi
(၂) ဒဏ်ရာရလာပါက
(၃)မီးပျက်သွားတဲ့အခါ
(၄)အပူလောင်ရင်